Vitamin D and Flu ဗီတာမင်ဒီ နဲ့ တုပ်ကွေး

ဆရာရေ ကျမက အမေရိကမှာ pharmacist (ဆေးဝါးကျွမ်းကျင်သူ) ပါ အခု Vitamin D (ဗီတာမင်ဒီ) သောက်ရင် H1N1 ကိုကာကွယ်နိုင်တယ်ဆိုပြီး to be better health facebook page https://www.facebook.com/knwcontribution/ ကိုရေးတဲ့ အမကြီးကရေးထားလို့ လူတွေ အရမ်း လိုက်ဝယ်နေကြတာ out of stock (ရောင်းမလောက်) ဖြစ်တဲ့အထိပါပဲ။ 4 years (၄ နှစ်) သောက်ရတာကိုလည်း ၁ နှစ်ရတယ်ဆိုပြီး ပြောထားပါတယ် ဒါပေမယ့်v itamin D က fat soluble vitamin (အဆီမှာပျော်ဝင်တဲ့ ဗီတာမင်) မို့လိုတာထက်ပို မသောက်သင့်ပါဘူး မသိပဲလိုက်သောက်နေရင် ကလေးတွေပဲ overdose ဖြစ်ကြမှာပါ မတော်တရား စီပွားရှာတဲ့သူတွေကလည်း လိုက်ရောင်းနေကြပါတယ်။ အဲဒါ ဆရာ့အနေနဲ့ ရေးပေးစေလိုပါတယ်။ ကျမလည်း ရေးပြီးပါပြီ ဒါပေမယ့် louder voice heard (ကျယ်တဲ့အသံ ပိုကြားရ) ဆိုတဲ့အတိုင်း ဆရာလည်း ကူညီပြီးရေးပေးပါဦး။ ကျေးဇူး အထူးတင်ရှိပါတယ်။

ရမ်းမရေးသင့်တာမို့ အင်တာနက်မှာ ရီဆာ့ခ်ျလုပ်ကြည့်ပါတယ်။

၁။ ဗီတာမင်ဒီဟာ ခုခံအားစနစ်မှာ အရေးပါတာမှန်ပါတယ်။ ဗီတာမင်ဒီနည်းနေသူတွေက တုပ်ကွေးပိုဖြစ်တယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။

၂။ တုပ်ကွေးရာသီဟာ ယူအက်စ်လိုနိုင်ငံမှာတော့ ဆောင်းရာသီဖြစ်တယ်။ အဲဒီကာလတွေမှာ လူတွေသွေးထဲမှာ ဗီတာမင်ဒီ နည်းနေတာတွေ့ရတယ်လို့ ၂ဝဝ၆ ခုနှစ်ကသုတေသနတခုကဆိုတယ်။ သုတေသနလေ့လာမှုထဲက ကိန်းဂဏန်းတွေကို ထည့်မရေးတော့ပါ။

၃။ အရိုးအားနည်းနေတဲ့လူနာတွေကို ဗီတာမင်ဒီများများပေးကြည့်တော့ ခြေထောက်အလုပ်ပိုလုပ်နိုင်တာ မတွေ့ရပါ။ လိမ့်ကျတာလည်း ပိုနည်းတာမတွေ့ရပါ။

ကျွန်တော့်သုံးသပ်ချက်

၁။ တုပ်ကွေးရာသီဖြစ်တဲ့ ဆောင်းရာသီမှာ လူတွေက အပြင်မထွက်ကြလို့ နေရာင်နဲ့ ထိတွေ့မှုနည်းလို့ ဗီတာမင်ဒီ နည်းနေတာ ဖြစ်ပါမယ်။ နည်းတာဖြည့်ပေးရင် ကောင်းပါတယ်။

၂။ H1 N1 အပါအဝင် တုပ်ကွေးကာကွယ်ရေးလမ်းညွှန်ထဲမှာ ဗီတာမင်ဒီသောက်ပေးပါလို့ တခုထဲမှာမှ မပါရှိပါ။

၃။ ဆေးကုမ္ပဏီတွေက ဆေးရောင်းကောင်းအောင် ဆေးသုတေသနသတင်းတွေ အမြဲလုပ်လေ့ရှိပါတယ်။ ပိုက်ဆံပါပဲ။

ကျွန်တော့်အသံလည်း ဆေးကုမ္ပဏီတွေထက်တော့ မကျယ်လောက်ပါ။ Smile!

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၇
ညနေ ၇ နာရီ၊ ၅၇ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး