Thursday, July 27, 2017

ကြာပုဏ္ဏရိက်

မင်္ဂလာပါဆရာ။ ကြာမျိုးငါးပါးမှာပါတဲ့ ကြာပုဏ္ဍရိက်ကို ပုံနှိပ်စာအုပ်မှာ ဒီလိုရေးထားတာတွေ့မိလို့ ရိတ်ကိုပဲ အမြဲကြားဖူးနေတော့ ရိက်ကထူခြားနေသလိုဖြစ်နေလို့ ရှင်းပြပေးစေချင်ပါတယ်ဆရာ။ ကျေးဇူးတယ်ပါတယ်ဆရာ။

ကြာပုဏ္ဍရိက်မဟုတ်ပါ။ ကြာပုဏ္ဍရိတ်လည်း မဟုတ်ပါ။ ကြာပုဏ္ဏရိက်လို့ရေးတာက မှန်မယ်ထင်ပါတယ်။

နောက်ထုတ်စာအုပ်မှာ ပုဏ္ဍရိက်ပင်၊ ပုဏ္ဍရိက်ကြာလို့တွေ့တယ်။

အရင်ထုတ်သတ်ပုံစာအုပ်
တိစိဝရိက်သင်္ကန်း
ပရိက္ခရာ
ပုဏ္ဏရိက်ပန်း
ကြာပုဏ္ဏရိက်
ဗျတိရိက်
ရိက္ခာတော်

ရိတ်
စပါးရိတ်
စရိတ်စက
ဒုစရိတ်
ပရိတ်ကြီး
ပရိတ်ရွတ်
မြက်ရိတ်
ရိတ်ဖြတ်သည်
ရိတ်ရိတ်လှီး
ရိတ်လှီးသည်
ရိတ်သိမ်းသည်
သုစရိတ်
ခေါင်းရိတ်
ငွေကြေးစရိတ်

ရိပ်
မျက်ရိပ် မျက်ကဲ
ရိက်ကာသီကာ
ရိပ်ကနဲ
ရိပ်ကာသီကာပြောဆိုသည်
ရိပ်ခနဲမြင်လိုက်သည်
ရိပ်စားမိသည်
ရိပ်တိပ်တိပ် သဘောပေါက်သည်
ရိပ်ဖမ်းသံဖမ်းသိသည်
ရိပ်ငြိမ် (နေထိုင်စရာ)
ရိပ်မြုံ (နေထိုင်စရာ)
ရိပ်မိသည်
ရိပ်ရိပ်လှီးသည်
ရိပ်သာ
ရိုးတိုးရိပ်တိတ်
သစ်ရိပ်ဝါးရိပ်
အရိပ်ခိုသည်
အရိပ်နိမိတ်
အရိပ်ပြ အကောင်ထင်
အရိပ်အကဲ
အရိပ်အခြည်
အရိပ်အမြွက်
အရိပ်အာဝါသ
စောင်းပါးရိပ်ခြည်ပြောဆိုသည်

သီတင်းကျွတ်လရဲ့ရာသီပန်းဟာ ကြာမျိုးငါးပါးဖြစ်တယ်။ ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ် (ကြာပုဏ္ဏရိက်) နဲ့ ကြာခေါင်းလောင်း (ကြာပဒုမ္မာ)။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၇
ည ၁၁ နာရီ၊ ၃၂ မိနစ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...