Septrin ဆက်ပ်ထွန်ဆေးနဲ့ HIV

ဆရာရှင့် CD4 ဘယ်လောက်ဆို HIV လူနာတွေကို Septrin တိုက်ပါသလည်းရှင့်။ ကျေးဇူးပြု၍ပြောပြပေးပါရှင့်။ မနက်ဖြန် ဆရာကိုပြန်ပြောရမှာမို့လို့ပါရှင့်။ သမီးရှာမရလို့ပါရှင့်။ Septrin prophylaxis in HIV အကြောင်းသိချင်လို့ပါရှင့်။

Septrin ဆက်ပ်ထွန်ဆေးဟာ Cotrimoxazole ဖြစ်တယ်။ Trimethoprim နဲ့ Sulphamethoxazole 80 mg/400 mg ဆေးတွေ ရောထားတာဖြစ်တယ်။ ဆေး၂ မျိုးလုံးကနေ ဗက်တီးရီးယားတွေကနေ ဖေါလစ်အက်စစ် ခေါ် ဗီတာမင် ဘီ-၉ ထုတ်လုပ်မှာကို တားဆီးပေးတယ်။

HIV ပိုးရှိနေသူတွေကို Pneumocystis pneumonia (PCP) ခေါ် နူမိုးနီးယားဖြစ်မလာစေအောင် ကာကွယ်ဘို့သုံးပါတယ်။ WHO သတ်မှတ်ချက်က CD4 cell counts 500 cells/mm3 အောက်သာရှိသူတွေကိုပေးစေတယ်။ ၂ဝဝ၆ တုန်းကတော့ CD4 cell counts 200cells/mm3 လို့သတ်မှတ်ခဲ့တယ်။ ကလေးတွေကိုတော့ CD4 ကြည့်မနေတော့ဘဲ ပေးတယ်။ ဆေးဘေးထွက်သက်ရောက်မှုတွေဆိုးရင်တော့ ဆေးပေးတာရပ်မယ်။ G6PD ကလေးတွေကို Dapson ဆေးနဲ့ အစားထိုးတယ်။ HIV-positive ကိုယ်ဝန်ဝန်ဆောင်တွေကိုလည်း Cotrimoxazole ပေးတယ်။

Cotrimoxazole ဆေးက Toxoplasmosis ရောဂါနဲ့ တခြားဗက်တီးရီးယားတွေကနေလည်း ကာကွယ်ပေးနိုင်တယ်။ Shigella ပိုး၊ Salmonella ပိုး၊ ဆီးလမ်းပိုး၊ isosporiasis ရောဂါနဲ့ bronchitis ခေါ် လေပြွန်ရောင်တာတွေကို ကုသရာမှာလည်း သုံးတယ်။ နာပိုးဝင်ခြင်း၊ ခရီးသွားဝမ်းပျက်ခြင်း၊ ဆီးအောင့်ခြင်းအတွက်လည်း ပေးတယ်။

ကလေးတွေအတွက်လည်း သုံးတယ်။ အများအားဖြင့် မချမ်းသာသေးတဲ့တိုင်းပြည်တွေမှာ အသုံးများတယ်။ နူမိုးနီးယားနဲ့ တချို့ တီဘီ နဲ့ ငှက်ဖျားအတွက်ပါ သုံးနိုင်တယ်။

ဘေးထွက်သက်ရောက်မှုများ = ကိုယ်ပူ၊ အရေပြားအနီပြင်ထွက်၊ ပျို့၊ သွေးဖြူဥနည်း၊ ချမ်း၊ ဝမ်းလျှော။ ရေများများသောက်ရန်လို။ ကျောက်ကပ်မကောင်းသူ မသင့်။ ကိုယ်ဝန်တားဆေးတွေ ထိရောက်မှုနည်းစေနိုင်။

ဆေးပြားမှာ Single-strength (SS) = (80 mg + 400 mg) အမျိုးအစားနဲ့ Double-strength (DS) = (160 mg + 800 mg) အမျိုးအစားလို့ ရှိတယ်။ ဆေးရည်မှာ 80 mg/10 mL + 400 mg/10 mL ရှိတယ်။ ထိုးဆေးမှာ 80 mg/5 mL + 400 mg/5 mL ရှိတယ်။ အများအားဖြင့် 1 DS တပြား တနေ့ ၂ ကြိမ် သို့ SS ၂ ပြား တနေ့ ၂ ကြိမ်ပေးတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး