American အမေရိကန်

အမေရိကန်တွေဟာ လူမျိုးစွဲမရှိဘူးထင်ပါတယ်။ သူတို့ဟာ နိုင်ငံသားဖြစ်မှုကိုသာ အလေးထားကြတာ မဟုတ်ပါလား။

အမေရိကန် ဒါမှမဟုတ် အမေရိကန်လူမျိုးဆိုတာ အမေရိကန်ပြည်ထောင်စုနိုင်ငံသားတွေကိုခေါ်တယ်။ မူလလူမျိုးစုအစုံက လူတွေ လာနေကြတယ်။ နိုင်ငံသားအဖြစ်ခံယူလိုက်တာနဲ့ အမေရိကန်ဖြစ်လာတယ်။ ဌာနေအမေရိကန်တွေက ချွင်းချက် ဖြစ်တယ်။ ၅ ရာစုကတည်းက နေလာကြသူတွေဖြစ်တယ်။ သူတို့လည်း တခြားကနေရောက်လာကြသူတွေဖြစ်တယ်။

၁၈ဝဝ ကျော်မှာ အမေရိကကနေ နယ်မြေချဲ့ထွင်တဲ့အခါ ပါလာတဲ့နေရာဒေသကလူတွေက အလိုလို အမေရိကန်တွေ ဖြစ်လာကြတယ်။ သူတို့ဟာ ဟာဝိုင်ယီ၊ ပွါတိုရီကို၊ ဂူအမ်နဲ့ ဖိလစ်ပိုင်ကျွန်းတွေက ဖြစ်တယ်။ မူရင်းလူမျိုးနွယ်စုတွေ မတူကြပေမဲ့ အမေရိကန်ယဉ်ကျေးမှုဆိုတာရှိတယ်။ အနောက်တိုင်းယဉ်ကျေးမှုဆိုတာမှာလဲ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဥရောပကနေ အချေချနေထိုင်သူတွေကြားမှာ ကွဲပြားခြားနားတယ်။ အာဖရိကကနေလာသူတွေကလဲ ယဉ်ကျေးမှုတမျိုး၊ အာရှကလာသူတွေကတမျိုးရှိတယ်။ အနောက်ဖက်ချဲ့ခြင်းခေါ်တဲ့ လူဝီဆီယားနားနဲ့ အနောက်တောင်က ဟစ်ပီနိုတွေ ပါလာတဲ့အခါ မက်ဆီကန်ယဉ်ကျေးမှုပါ ရောလာပြန်တယ်။

၁၉ ရာစုနောက်ပိုင်းနဲ့ ၂ဝရာစုထဲမှာ ဥရောပ၊ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကကလူတွေအစုလိုက်အပြုံလိုက် ရောက်လာတဲ့အခါ၊ ယဉ်ကျေးမှုတွေရောထွေးလာတယ်။ ယဉ်ကျေးမှုတွေ စုပေါင်းပျော်ဝင်နေတဲ့အိုး နဲ့တင်စားတယ်။ တခုချင်းသီးခြားစီမဟုတ်ဘဲ ပေင်းစပ်ပျော်ဝင်ပြီး တခုတည်းလိုဖြစ်နေတာလို့ဆိုလိုချင်တာဖြစ်တယ်။ အမျိုးစုံဆလဒ် လို့လဲခေါ်သေးတယ်။

အမေရိကန်ဖြစ်ပြီး အမေရိကားမှာ မနေကြသူပေါင်းက ၃ သန်းကနေ ၇ သန်းရှိနေပြီ။ အဲလိုမတူတာတွေ အားလုံး ပေါင်းတာကို အမေရိကန်ဒိုင်ယာစပိုရာလို့ခေါ်တယ်။ မြန်မာလိုစာလုံး ကောင်းကောင်းမတွေ့မိသေးဘူး။ မြန်မာလူမျိုးတွေ ပြည်တွင်းနဲ့ ကမ္ဘာ္ဘ့နိုင်ငံအနှံ့ ရောက်နေသူတွေပါ စုပေါင်းတာကိုလလည်း အဲလိုပဲခေါ်တယ်။ မြန်မာ ဒိုင်ယာစပိုရာ လေးသန်း ကျော်တယ်။ ကျွန်တော်တို့က ၁၄ မျိုးဟင်းချို။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၄
၂၈-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ