Politeness သူများတွေတော့ ယဉ်ကျေးအောင်ကြိုးစားနေကြတယ်

(ကန်တော့ပါ)

ကျွန်တော် ဘလော့ထားတဲ့စာရင်းပြုစုပြီး တင်ထားတယ်။ အရင်ဆုံးဘလော့ရသူတွေဟာ ရိုင်းစိုင်းလို့၊ ဆဲရေးကြလို့ ဖြစ်တယ်။ နောက်မှာ အစွန်းရောက်တွေရေးကြလို့။ နောက် အိုင်ဒီအမျိုးမျိုးနဲ့ နိုင်ငံထိုးနှက်သူတွေ။ နောက် စည်းကမ်းကို တကြိမ်မက မလိုက်နာလို့ဖြစ်ပါတယ်။

အိန္ဒိယမှာပြနေတဲ့ တီဗွီထဲကရုပ်ရှင်ထဲမှာ ဆေးလိပ်သောက်တာပါလာရင် ကျန်းမာရေးသတိပေးစာတမ်းကို အမြဲတန်း ထိုးပေးတယ်။ အမေရိကန်တွေ အင်္ဂလိပ်စကား Shit ဆိုတဲ့ အညစ်အကြေးနဲ့ဆိုင်တဲ့ ဆဲဆိုတာကိုလည်း ဖျောက်ပေးထားတယ်။ Fuck ဆိုတဲ့ လိင်ပိုင်းဆိုင်ရာဆဲတာကိုလဲ အသံထွက်ကို အသံတိတ်လုပ်ပေးထားလိုက်ပြီ။

စနစ်ထားပြီးဖြစ်တဲ့ ညစ်ညမ်းဝေါဟာရ (၇) ခုကို အစားထိုးစကားလုံးတွေရှိတယ်။
1. Shit အညစ်အကြေး ကို Swut နဲ့ အစားထိုးထားတယ်။
2. Cunt မိန်းမအင်္ဂါ ကို Cruk နဲ့ အစားထိုးထားတယ်။
3. Cock ယောက်ျားအင်္ဂါ ကို Cump နဲ့ အစားထိုးထားတယ်။
4. Piss ဆီးသွားတာ ကို Pix နဲ့ အစားထိုးထားတယ်။
5. Tits နို့ ကို Toms နဲ့ အစားထိုးထားတယ်။
6. Fart လေလည်တာ ကို Funt နဲ့ အစားထိုးထားတယ်။
7. Bitch မကောင်းတဲ့မိန်းမ ကို Bock နဲ့ အစားထိုးထားတယ်။

ဒီစာရေးထားတာ သုံးနှစ်ရှိပြီ။ မယဉ်ကျေးတာတွေကို စင်ပေါ်ကဟောပြောတာတွေအထိ တိုးတက်လာတဲ့ တိုင်းပြည်တခု ရှိလေရဲ့။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၄
၂၇-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ