ဇိုးကနဲ ဇတ်ကနဲ

လက်ရှိထုတ်ဝေထားတဲ့ မြန်မာအဘိဓာန်ကသာ အမှန်လို့ တယောက်ပြီးတယောက် ကူးတင်နေကြတယ်။ မှားလေ့ရှိသော မြန်မာစကားလုံးများ (၁) မှာ ဇိုးကနဲ ဇက်ကနဲ ကို ဆိုးကနဲ ဆတ်ကနဲ လို့ ရေးတာကအမှန်လို့တွေ့ရတယ်။ အဲတာ မမှန်ဘူး ထင်ပါတယ်။

ဇိုးကနဲ ဇက်ကနဲ လို့ဘယ်သူမှမသုံးပါ။ ဇိုးကနဲ ဇတ်ကနဲလို့ တသတ်နဲ့သာသုံးပါတယ်။ ဆတ်ကနဲလို့ ရေးတာကတော့ အဓိပ္ပါယ်မမှားပါ။ ဆိုးကနဲက အဓိပ္ပါယ်တက်တက်စင်လွဲပါတယ်။

ဇိုးကနဲ ဇတ်ကနဲဟာ လှုပ်ရှားမှုမြန်ဆန်တာကို ထိထိမိမိဖေါ်ပြရာမှာသုံးပါတယ်။ ဇိုးဇိုးဇတ်ဇတ်လို့လည်း သုံးပါတယ်။ ဇွတ်၊ ဇွတ်ဒရွတ်လို့သုံးသလိုဖြစ်တယ်။ ဗန်းစကားသဘောနဲ့ ဇွတ်ကြီးပဲ၊ ဇွတ်သမားလို့ ကနေ့အထိသုံးတယ်။ ဆွတ်သမားလို့ ရေးရင် ပန်းခူးတဲ့သူလို့ပဲ ထင်လိမ့်မယ်။

အဆိုတော် မေဆွိဆိုထားတဲ့ ဇွတ်ချစ်မယ်သီချင်းရှိတယ်။ တွယ်တာ ဆိုတာလည်းရှိတယ်။ သီချင်းရေးဆရာ သုခမိန်လှိုင်က ဆွတ်ချစ်မယ်လို့ မရေးပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၆
၂၆-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး