အရပ်သုံးနဲ့ စာသုံး

စောင်းလျားသီး၊ ရုံပတီသီး စတဲ့ စာလေးတွေအောက်မှာ တခြားအခေါ်အဝေါ်တွေဆိုပြီး ကွန်မင့်တွေလာပါတယ်။ ကျေးဇူး။  တိုင်းရင်းသားဒေသတွေမှာ ခေါ်တာကိုပြောပြတာက ဗဟုသုတတိုးစေတယ်။ မြန်မာလိုအခေါ်မှန်ကို သတ်ပုံစာအုပ်ပုံပါ တင်ပြထားတယ်။ နောက်ထုတ်သတ်ပုံစာအုပ်မှာပါတာလည်း စာထဲမှာထည့်ထားပါတယ်။

အဲတာနှစ်မျိုးနဲ့ ကွဲလွဲတာတွေဟာ အရပ်ပြောအသုံးတွေသာဖြစ်ပါတယ်။ အဲတာမျိုးက ဒေသအလိုက် မတူပါ။ မြို့တမြို့တည်းမှာကို ရပ်ကွက်တခုနဲ့တခု မတူတတ်ပါ။ ကြယ်လိုဖြစ်လို့ ကြယ်ထည့်ခေါ်တာတို့ စောင်းငါးခုပါလို့ ငါးထည့်ခေါ်တာတို့စုံတယ်။ မဟုတ်ပါ။ ပဲမြစ်ပင်ကသီးတဲ့ ပဲစောင်းလျားမှာ ဒေါင့်လေးခုသာပါတယ်။

အဲလိုပဲ စကားလုံးတိုင်းကို အဓိပ္ပါယ်ဖွင့်လို့မရနိုင်တာတွေ အင်္ဂလိပ်စကားလုံးတွေမှာလည်း ရှိပါတယ်။ ခရမ်းသီးကို တိုက်ရိုက်ဘာသာပြန်ရင် (ကြက်) ဥပင်တဲ့။ ဘယ်လိုမှ တွေးမရတာ။ အသေမှတ်ရတယ်။

ကျွန်တော်တင်ပြတာတွေက စာသတ်ပုံဖြစ်ပါတယ်။ အရပ်ပြောတွေ လိုက်မမီပါ။ သုတေသနပြုနိုင်သူတွေက စုစည်းရင် ကောင်းပါမယ်။ အရပ်သုံးစကားနဲ့ စာသတ်ပုံမတူတော့ သတိပြုကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး