H1N1 ရောဂါ ကာကွယ်နိုင်ဖို့

VOA အမေး-အဖြေ

(၁) အကြမ်းဖျင်း ပထမဦးဆုံးပြောရလို့ရှိရင်၊ ဒီလို ကပ်ရောဂါလို ဖြစ်နေတဲ့ အချိန်မျိုးမှာ ကိုယ့်ဆီကို အသက်ရှု လမ်းကြောင်းကနေ ၀င်မလာအောင် နှာခေါင်းစည်း တပ်ခြင်းဖြစ်ပါတယ်။ နှာခေါင်းစည်းမှာလည်း အခုပြောနေတဲ့ ဈေးကြီးတဲ့နှာခေါင်းစည်းနဲ့ သာမန်နှာခေါင်းစည်း ၂ မျိုးရှိတယ်။ ကျနော်တို့ လေ့လာမှုတွေလုပ်တဲ့အခါမှာ အဲဒီ နှာခေါင်းစည်း ၂ မျိုးစလုံးကနေ ကာကွယ်မှုပေးနိုင်စွမ်းအားဟာ သိပ်မကွာခြားပါဘူး။ ဒါကြောင့် လူတိုင်းဟာ သာမန် ဆေးရုံသုံး ဆရာဝန်တွေ ဆရာမတွေသုံးတဲ့ နှာခေါင်းစည်းနဲ့လည်း ရနိုင်တယ်လို့ ပထမအချက် ကျနော်ပြောလိုပါတယ်။

(၂) အချက်ကတော့ လက်ကို မကြာမကြာဆေးဖို့ လိုတယ်။ ချောင်းဆိုးတာနဲ့ နှာချေတာထဲကထွက်တဲ့ အမှုန်အမွှားဟာ ကျနော်တို့ အိမ်မျက်နှာပြင်တွေ ရုံးမျက်နှာပြင်တွေ အားလုံးမှာ ကျနေနိုင်ပါတယ်။ အဲဒါကို ကျနော်တို့လက်တွေနဲ့ ထိကြရတယ်။ ဒါကြောင့် လက်ကို မကြာမကြာဆေးခြင်းဟာ ဒုတိယ အရေးကြီးပါတယ်။

(၃) အချက်ကတော့ လူအုပ်ထဲကို လူနာကိုယ်တိုင်လည်း မသွားဖို့ နေမကောင်း မဖြစ်သေးတဲ့လူတွေလည်း ရှောင်ရှားလို့ ရှိရင် ကာကွယ်မှုရနိုင်ပါတယ်။ နောက် -

(၄) ကတော့ ကာကွယ်ဆေး။ ကာကွယ်ဆေးမှာလည်း အခု အမျိုးမျိုးပြောနေကြတယ်။ အမှန်က ဒီ ဗိုင်းရပ်စ်တွေဟာ၊ နှစ်စဉ်နှစ်စဉ်ပြော်ငးနေတယ်။ တုတ်ကွေးကာကွယ်ဆေးဆိုတာ တနှစ်တခါထိုးရတယ်။ အဲဒါ ၂၀၀၉ ခုနှစ် H1N1 ဖြစ်တုံးက ကာကွယ်ဆေးတမျိုးထဲသာ ပေါ်သေးတယ်။ ကာကွယ်ဆေးတမျိုးကနေပြီးတော့ ၂မျိုး ၃ မျိုး ကာကွယ်နိုင်တယ်ဆိုပြီးတော့ ပြောနေကြတယ်။ ကာကွယ်ဆေးတွေကလည်း ကျနော့ အမြင်ပြောရရင် အတိအကျမမှန်ဘူးလို့ ယူဆပါတယ်။ သူဟာ H1N1 monovalent လို့ခေါ်တဲ့ ကာကွယ်ဆေးဟာ တရားဝင် FDA အမေရိကန် FDA ကကော WHO ကကော အသိအမှတ်ပြုထားပါတယ်။ တနည်းအားဖြင့်တော့ ဗိုင်းရပ်စ်တမျိုးတည်းကိုသာ ကာကွယ်တဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ အဲဒီမှာလည်း ၂ မျိုးရှိသေးတယ်။ ထိုးဆေးနဲ့ နှာခေါင်းထဲ ထည့်တဲ့ဆေးပါ။ အဲဒီလေးချက်စလုံးဂရုစိုက်မှ့

ကာကွယ်ဆေးကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ချက်နဲ့သာ ထိုးသင့်တယ်ဆိုတာကိုသာ လိုက်နာပါ။ ကျန်တာတွေကိုတော့ နားမယောင်သင့်ဘူးလို့ အကြံပေးချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၇
ည ၁၂ နာရီတိတိ။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ