Min မင်းသတ်ပုံ

တိုက်ဆိုင်လို့ ပြန်ပြောပါရစေ။ ကျွန်တော့်အဖြစ်က မင်းစာလုံးတွေနဲ့ဆက်စပ်နေတာ။ ကျွန်တော်က အဖေ့ရွာ မင်းရွာမှာ မွေးတယ်။ အမေ့ရွာက မင်းတိုင်ပင်။ အမေ့ဘကြီး ကင်းဝန်မင်းကြီးဦးကောင်းလည်း မင်းတိုင်ပင်မှာ မွေးပါတယ်။ ကျွန်တော်ကတော့ မင်းဘေးသင့်ခဲ့တဲ့ မင်းပြေး။ မင်းချင်းခေါ်ရမယ့် ထောက်လှမ်းရေးဘေးက ပြေးခဲ့ရတာ။ မင်းတိုင်းကျေလုပ်သူတွေနဲ့ မင်းမြှောင်စိုးကပ်တွေကိုတော့ အဝေးကမြင်ရတယ်။ ကျွန်တော် ဘယ်တော့မှလည်း မင်းဖြစ်မှာမဟုတ်ပါ။ မင်းလောင်းမင်းလျာရွေးတာတောင်မှ မဲမပေးရပါ။ မင်းခမ်းမင်းနားတွေကျင်းပရာ နေပြည်တော်ကို မရောက်ဘူးပါ။ မင်းပြစ်စိုးဒဏ်မခံနိုင်လို့ တိုင်းပြည်ကထွက်ပြေးရပေမယ့် ရွာ့ပြင်ထုတ်ခံရသူမဟုတ်ပါ။ အခုတော့ မင်းတုပ်တံခါး ဖွင့်ထားပုံရပါပြီ။

အဲတာကို မနှစ်က ဒီနေ့မှာတင်တော့ သူငယ်ချင်းတယောက်က ရေးတယ်။ မင်းပေါက်စိုးပေါက် ဖြစ်ဘိငြားလည်း မင်းခယောကျား ကမ်းနားသစ်ပင်တဲ့၊ မင်းပျိုမင်းလွင်တလှေကြီးပေမင့် မင်းစင်ပေါ်နေရာရလျှင်ဖြင့် မင်းမဟော် ယှဉ်ကာဝင့်လာလို့ မင်းမနိုင်တင့် ဖြစ်ရော့လဟယ်။

မင်းကို ကျွန်တော်က မနိုင်။ ကျွန်တော့်ကိုလည်း မင်း (သူငယ်ချင်း) က မနိုင်။ Smile!

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆
၂၈-၇-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး