ပစ်တိုင်းထောင် (အောင်လင်း)

ကျနော်စီးလာသော လော်ရီကားသည် တရိပ်ရိပ်ပြေးလျက်ရှိသည်။ သို့သော် ကျနော်၏စိတ်များက ကား၏အဟုန်ထက် လျှင်မြန်နေသည်ဟု ထင်မိသည်။

ခရီးသည်မိန်းမကြီးတဦးက အပြင်သို့လှမ်းကြည့်လိုက်ရင်း မင်္ဂလာဒုံတောင် ရောက်နေပါလားဟု ဝမ်းသာအားရ ပြောလိုက်သည်။ ကျန်တယောက်ကလည်း ခဏနေ ရန်ကုန်ရောက်တော့မယ်ဟု ထောက်ခံလိုက်ပြန်သည်။့

အောင်လင်းဟာ အလွန်နာမည်ရပြီး တော်တဲ့စာရေးဆရာဖြစ်ပါတယ်။ အနုပညာသရုပ်ဖေါ် အရိုင်းစပယ်ကို ရေးပြီး ရုပ်ရှင်ရိုက်တော့ သူကိုယ်တိုင် သရုပ်ဆောင်ပါတယ်။ ခရီးသည်မိန်းမကြီးတစ်ဦးလို့၊ ကျန်တစ်ယောက်ကလည်းလို့ ရေးမသွားတတ်ပါ။ ခုခေတ်စာရေးဆရာတွေ ကဗျာဆရာတွေ အယ်ဒီတာတွေက အောင်လင်းထက်တော်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၆
၂၁-၇-၂ဝ၁၇

မပန်ပါနဲ့ ကြွေချင်တယ် (သိန်းသန်းထွန်း)

တခါတလေတော့ မကြည်မလင် ငိုမလိုမျက်နှာမွဲနဲ့ ငွေနှင်းထုတွေ အလွှာလွှာဆင်တဲ့ ကောင်းကင်ပြင်ကြီးတခုလုံးကို မြင်ရတာကိုကလဲ ရင်ထဲမှာ အပူစွဲသူတို့အဖို့ အင်မတန်လဲ ကြေကွဲစရာကောင်းလှပါသေးတယ်။ မောင်အခုထိုင်နေတဲ့ (၂၁) မိုင်စခမ်းဆိုတာ မန္တလေးက မေမြို့ကိုတက်တဲ့ လမ်းပေါ်က ခရီးသွားတွေ နားစရာစခမ်း ဖြစ်တယ်။ အဲဒီစခမ်းလေးရဲ့ ရှုခင်းသာတဲ့ဘက် တောင်ကမ်းပါးဦးမှာ စေတီကလေးတဆူရှိတယ်။ စေတီရဲ့အမည်ကတော့ ရှုခင်းသာစေတီတဲ့ကွယ်။့

တစ်ခါတစ်လေတော့ မဟုတ်ပါ။ စေတီကလေးတစ်ဆူ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၆
၂၁-၇-၂ဝ၁၇

၁၅-၈-၁၉၄၇ မြန်မာ့အလင်း

ဗိုလ်ချုပ်ရံပုံငွေအတွက် တသောင်းငါးထောင်

တစ်သောင်းငါးထောင် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၆
၂၁-၇-၂ဝ၁၇

ဦးသောဘိတ၏ ကျောင်းသားတဦး

ဗိုလ်ချုပ်အောင်ဆန်းဟာ ဦးသောဘိတရဲ့ ကျောင်းသားတစ်ဦး မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၆
၂၁-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး