The New Bronze Age ကြေးခေတ်သစ်

ကမ်းစပ်မှာညောင်ပင် မြစ်ရေပြင်ဒဏ် ကြံ့ကြံ့ခံ
ဝမ်ပေါင်ကို အံမတုနိုင်ရှာ လက်ပတောင်းတောင်ခမြာ
နေ့မှာမြင် ညရောက်ပျောက်ရတာ ကြေးခေတ်ပါ
ဧရာဝတီဟာ သလွန်ညောင်စောင်းမှာ ခေါင်းအုန်းနဲ့ဖိခံနေရတာ
နောင်တော်သာလွန်ရင် သြရသပုတ္တဖြစ်မယ့် ချင်းတွင်းမှာ မျက်ရည်သွန်းဖြိုးလာ
ခမည်းတော်ကို သတ်ရဲတာ ပီတုဃာတကခေတ်ပါ

သြရသပုတ္တ = ရင်၌ဖြစ်သောသား
ပီတုဃာတက = အဖကိုသတ်သောသူ

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆
၂၅-၇-၂ဝ၁၇
Photo from Ye Khaing

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး