သတိသတိ လိုတယ်မရှိ

ဘယ်အရာမဆို စောင့်ကြည့်နေကြတယ်။ ရေကြီး၊ တုပ်ကွေး၊ ဟိုအရေး သည်အရေး၊့

သဲ့သဲ့ကြားတာနဲ့ ရွဲ့ရွဲ့ကားကားရေးတင်မယ်။
အနံ့လေးရတာနဲ့ အမြီးနံ့ပြီး အနှံ့လျှောက်ဝေမယ်။
သိုးသိုးသန့်သန့်ရတာနဲ့ ဇိုးဇိုးဇတ်ဇတ် မပြတ်တင်မယ်။
တစွန်းတစရတာနဲ့ အစွန်းနှစ်ခွ မလွတ်တာတင်မယ်။
နည်းနည်းလေးသိတာနဲ့ မည်းမည်းကြီးလာသလိုတင်မယ်။
တချက်တလေသိတာနဲ့ ချက်ဗွေမှာ ရတက်ပွေစရာတင်တယ်။

မြန်မာပြည်တလွှား မသိတာမရှိ။ သိတာလည်းမရှိ။ နိုးကြားတက်ကြွကြကုန်သော ဖေ့စ်ဘွတ်သုံးစွဲသူများ ဖြစ်တော့သတည်း။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၇
ည (မနက်) ၁ နာရီ၊ ၄၅ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး