Insecurity အစိုးရပြောင်းပေမယ့် အစိုးမရတွေကမပြောင်း

ကျွန်တော့်နာမည် အဖြူစာရင်းမှာ နာမည်သွင်းခံရပြီပို့စ်အောက်မှာ မန္တလေးဆေးကျောင်းတုန်းက စာအတူသင်ခဲ့တဲ့ သူငယ်ချင်းတွေက ကွန်မင့်ပေးကြပါတယ်။

သူငယ်ချင်းတယောက်ကရေးတယ်။ မြန်မာပြည်သူတွေက ကျီးလန့်စာစားဘဝနဲ့ မတရားလူလိမ်လူညာ လူယုတ်မာတွေကြား အနေကြာလာတော့ ပြည်တွင်းပြန်ဝင်လာရင် သတိအနေအထားလေးပိုပိုသာသာ ကိုယ်နဲ့မကွာ ဆောင်ထားပါနော်။ ကိုယ့်စိတ်နဲ့နှိုင်းမိလို့ နစ်နာသွားတာတွေရှိတတ်လို့ပါ။

နောက်သူငယ်ချင်းတယောက်ကရေးတယ်။ ကျမတို့တော့ သတိနဲ့စိုးရိမ်စိတ်ကတော့ သေရာပါအကျင့်ဖြစ်သွားပြီ။

တတိယသူငယ်ချင်းကရေးတယ်။ ထောက်လှမ်းရေးကိုတော့ ဂရုစိုက်ရမယ်။ ကောက်ရိုးပုံထဲကအပ်တောင် ရအောင် ရှာနိုင်တယ်လို့ ကြွားလေ့ရှိကြတယ်။ ဖိနောင့်အပ်စူးလို့ရယ်၊ ပါလေရာငပိချက်တွေ အာချောင်တာရယ်၊ သူမတူအောင် စစ်တာမေးတာတွေကြ ထည့်မပြောကြဘူး။

သူငယ်ချင်းတွေရေ့ ငါလာရင် မင်းတို့တတွေက လက်ဖက်ရည်တောင်ခေါ်တိုက်ရဲကြပါ့မလား။

လုံခြုံမှုကင်းမဲ့ခြင်းသည် အလှတရားကို ရုပ်ဆိုးစေသည်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆
၂၈-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး