H1N1 တုပ်ကွေး သတ်ပုံ

၁။ H1 N1 ဖြစ်ပြီဆို ကုသလို့ရပါသလား။ စိုးရိမ်ရပါသလားခင်ဗျာ။ ကျေးဇူးပြုပြီးဖြေကြားပေးပါခက်ဗျာ။

မနေ့ကတည်းက ၂ ပုဒ်ရေးတင်ထားပြီး။

- Tint Swe added 3 new photos.
Yesterday at 2:02pm ·
Swine flu ဆွိုင်းဖလူးခေါ် ခေါ် H1N1 တုပ်ကွေး ကာကွယ်ရေး
- Tint Swe
Yesterday at 1:35pm · Indianapolis ·
Swine flu ဆွိုင်းဖလူး ခေါ် တုပ်ကွေးတမျိုး

၂။ မင်္ဂလာပါ ဆရာ။ ကျွန်တော့့် သတင်းစာက့ ပါ။ H1N1 နဲ့ပတ်သက်ပြီး ဆရာတင်ထားတဲ့ အချက်အလက်ကို သတင်းစာပရိသတ်အတွက် ဖော်ပြပေးချင်လို့ပါ။ ဆရာဆီက ခွင့်ပြုချက်တောင်းတာပါ။

ဟုတ်။ ဒါပေမယ့် သတ်ပုံတော့ မပြင်စေလိုပါ။ ဆောရီး။

၃။ ဆရာရှင့် H1N1 ဖြစ်လို့ ရန်ကုန်ဆေးရုံကြီးမှာ ၁၆ယောက်သေသွားပီကြားမိပါတရ်ရှင့် ဆောင်ရန် ရှောင်ရန်တွေ ပညာပေးပေးပါဦးရှင့် လွန်ခဲ့တဲ့ ၁၁နာရီက ဆရာစာကို မတွေ့မိလို့ ရေးလိုက်မိတာပါ ခုဆရာစာဖတ်ပီးသွားပါပီ ကျေးဇူးတင်ပါတရ် ဆရာ

သတင်းမထွက်ခင် ၂ ယောက်ကမေးလို့ စာ ၂ ပုဒ်ရေးတင်လိုက်။ ၂၄ နာရီကျော်ပြီ။ ရေဒီယိုတခုကမေးလို့လည်း ဖြေထား။ ကျွန်တော်သိသလောက် တယောက်မှ မသေပါ။ သတ်ပုံတွေ ပီ မှားတယ်။ ပီး မှားတယ်။ တရ် မှားတယ်။

- တယ် တရ် ဘာ https://doctortintswe.blogspot.com/2016/12/blog-post_91.html
- တရ် (သို့) ကုလားသံ (သို့) ပုတ်တဲကပဲ https://doctortintswe.blogspot.com/2017/05/blog-post_17.html
- တယ် နှင့် တရ်  https://doctortintswe.blogspot.com/2017/02/blog-post_11.html

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး