ဘက်ဆဲလားတဦးရေးတဲ့ ဗုဒ္ဓ စာအုပ်

တမြန်နေ့က မြေးအကြီးဆုံးအိမ်ကနေ ယူလာခဲ့တယ်။ သူ နယူးဒေလီကနေ ယူအက်စ်ကိုလာစဉ်က လေယာဉ်စီးရင်း ဖတ်ဘို့ ဝယ်ခဲ့တာတဲ့။

အခုမှ စဖတ်မိတာ။ အဖွင့်မှာ သုဒ္ဓေါဒနမင်းကြီးဟာ နီပေါနယ်စပ်က ရာဗီဆန်သမ်နမ်ဘုရင်နယ်မြေကို ကိုယ်တိုင် ချီတက်ပြီး စစ်ခင်းတာနဲ့ စထားတယ်။ မြင်းတွေကတဲ့ စစ်သုံးရထားနဲ့။ ဒါးကိုင်ထားတယ်။ အောင်ပွဲခံ အိမ်ပြန်မယ်လို့ အမိန့်ပေးတယ်။

နောက်အခန်းမှာ ကိုယ်ဝန်ရင့်မာကြီးနဲ့ မိဖုရားကြီး မာယာဒေဝီကနေ သူ့နေရပ်တိုင်းပြည်ကို အလည်ပြန်လိုခွင့် နန်းရင်ပြင်မှာ တောင်းခံနေတယ်။

စာရေးသူအမည်ကို မြေးမကိုမေးတော့ ပန်ချာဘီဖြစ်မယ်တဲ့။ အားတဲ့ချိန်တိုင်းမှာ ဆက်ဖတ်ပါဦးမယ်။ ကျွန်တော် ငယ်ငယ်ကဖတ်ခဲ့တာက ကျီးသဲလေးထပ်ဆရာတော်ရေးသားတဲ့ ဇိနတ္ထပကာသနီ။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး