ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်

၁။ စင်ပြိုင်အစိုးရဖွဲ့ရေးမှာ ကျွန်တော်နဲ့ အရင်းနှီးဆုံး တွဲလုပ်ခဲ့ရသူ ရေဦး NLD လွှတ်တော်ကိုယ်စားလှယ်၊ ဦးဝင်းကို နဝတ လက်ထက်က တရုပ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း (ကွေ့မင်) မြို့က ဒီဟော်တယ်မှာ ၁၉၉၂ ခုနှစ်ထဲမှာ လုပ်ကြံ သတ်ဖြတ်တာ ခံခဲ့ရတယ်။ နှစ်တွေကြပြီးနောက် ကျွန်တော်ရောက်ချိန်မှာ အဲဒီနေရာကို တကူးတကရောက်အောင် သွားခဲ့ပါတယ်။ တိုင်းနဲ့ ပြည်နယ် တခုစီမှာ ၂ ယောက်ကျ တာဝန်ယူရတာမှာ ဦးဝင်းကိုနဲ့ ကျွန်တော်က စစ်ကိုင်းတိုင်းမှာ အတူတာဝန်ယူခဲ့ကြပါတယ်။

၂။ ၁၉၉၆ ခုနှစ်က အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်ဖက်ကနေ နယ်စပ်ချောင်းတဖက်မှာရှိတဲ့ အမိမြန်မာပြည်ကို လှမ်းမျှော်ခဲ့ပါတယ်။ နယ်နိမိတ်ကိုတော့ ခြေတလှမ်းကျော်လို့မရပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး