ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်

၁၉၉၃ ခုနှစ် ဒိုင်ယာရီ

၁၉၉၃ ခုနှစ် ဇွန်လထဲမှာ နေမကောင်းဖြစ်တယ်။ နယူးဒေလီမှာနေတယ်။ အိန္ဒိယအရှေ့မြောက်ဒေသကနေပြန်လာပြီး နေမကောင်းပါ။

အစတော့ (ကန်တော့ပါ) နှာစေးတယ်။ ရိုင်နိုက်တစ်ရောဂါရတာလို့ ကိုယ့်ကိုယ်ကို ရောဂါအမည်တပ်တယ်။ ချောင်းဆိုးပြီး ချွဲထွက်လာတယ်။ အဖျားကတော့ ငွေ့ငွေ့သာ၊ အနေရခက်တယ်။ အားမရှိဖြစ်နေတယ်။ ထမင်းမစားချင်ပါ။ နို့မှုံ့တဗူး ဝယ်သောက်တယ်။ တခါတခါ သံပရာရည် သောက်တယ်။ ဗိုက်နာရောဂါ ပြန်ပေါ်လာတယ်။

၁၆၊ ၁၇၊ ၁၈ ရက်တွေမှာ ဒိုင်ယာရီမရေးနိုင်ပါ။ ၁၅ ရက်နေ့မှာ ကိုစိုးမင်းအိမ်လခ ရူးပီး ၁၁ဝဝ နဲ့ ပန်ကာဖိုး ၅ဝဝ သွားပေးရတာသာ မှတ်ထားနိုင်တယ်။ ၁၉-၆-၁၉၉၃ နေ့ကျမှသာ ပြန်ရေးနိုင်တယ်။

ပေါင်ထိပ်အရိုးစွန်းတွေပါ ပွန်းနာဖြစ်လာတယ်။ လူလည်း အတော်ပိန်သွားတယ်။ အာသန်ပြည်နယ် ဂါဝါဟာတီမြို့ကို ရောက်တော့ ခါးပတ်ချိတ်တာ တပေါက်စာကျဉ်းပေးရတာ သတိထားမိခဲ့တယ်။

၂၇-၈-၁၉၉၄ ဒိုင်ယာရီ

အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ အင်ဖါးမြို့အနီးရှိသည့် ကျောင်းသားများ၏ လေခွန်းစခန်းမှာရောက်နေသည်။

ကျောင်းသား ကင့်ထဲမှာ စိုးစိုး (မြင်းခြံ) ၏ ညာဖက်ပေါင်ခြံအူကျခြင်းကို ရှိသည့်ပစ္စည်းများဖြင့် ထုံဆေးထိုးပြီး၊ ခွဲစိတ်ကုသပေးသည်။ ခွဲတာစိတ်တာ တခါမှဝင်မကူသေးသော ကိုလေးကို လက်ထောက်လုပ်ခိုင်းသည်။ ရောဂါမှာ အိုမင်တိုဆီးလ်ခေါ် အူအမှေးကျနေခြင်းဖြစ်သည်။

မုံရွာမှာ အောင်စိမ်းဦး၏ဇနီး ဇင်မာဝင်း ကိုယ်ဝန် ၈ လကိုလည်း ကြည့်ပေးခဲ့သည်။

မောင်မောင်ဦးအားလည်း ဆေးထိုးပေးခဲ့သည်။

ကျောင်းသား ကင့်ရုံးက ဓနမဂ္ဂဇင်း ဖတ်ဖြစ်သည်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ