Respected monks and nuns လှူလည်းလှူ ယူလည်းယူ

ကျွန်တော် ဆရာဝန်ဖြစ်ကလည်းက ဘုန်းကြီးနဲ့ သီလရှင်တွေကို ကိုယ်ပိုင်အချိန်မှာ ဆေးကုပေးရရင် အခကြေးငွေမယူပါ။

စစ်ကိုင်းဆေးရုံမှာတာဝန်ကျစဉ်က ဘုန်းကြီးနဲ့ သီလရှင်တွေကိုဆေးကုရတော့ ပိုက်ဆံမယူပါ။ မယူတော့ ပိုရတယ်။ ထမင်း ကောင်းကောင်းစားရတယ်။ လှူဖွယ်ထဲက စွန့်ကြဲတာတွေလည်းရတယ်။ Smile!

ညနေဆေးခန်းချိန်ပြီးတာနဲ့ စစ်ကိုင်းတောင်ရိုး ဒိုးတော့တာပဲ။ တခါတလေကားမောင်း၊ တခါတလေမြင်းလှည်းနဲ့ဂျောင်း။

အဲဒီကာလမှာ ကိုးကွယ်ဖို့ရာ ရွေးနေစရာမလိုပါ။ ရွှေကျင်နဲ့ သုဓမ္မာ ကြည်ညိုဖွယ်ရာချည်းပါ။ မြန်မာပြည်မှာ အခုတော့ မသိပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅
၂၆-၇-၂ဝ၁၇

Comments