Poison အဆိပ် သို့ ပြည်ပနိုင်ငံရေးသင်ခန်းစာ

ပြည်ပမှာနိုင်ငံရေး အနှစ် ၂ဝ ခရီးကနေ ကိုယ်ပိုင်သင်္ခန်းစာတွေရစေခဲ့ပါတယ်။ တမျိုးက သေတပန်သက်တဆုံးစကားလုံးနဲ့ နိုင်ငံရေးမှာ ချစ်ရသူ၊ လေးစားရသူမျိုး။ နောက်တမျိုးက ယုံကြည်ကိုးစားထားသူတွေထဲကနေ အတွင်းလှိုက်စားသူ ဖြစ်လာတာမျိုး။ ရန်သူလို့ ခေါ်ရမဲ့ အာဏာရှင်စနစ်ကိုသာ သဲသဲမဲမဲရင်ဆိုင်အန်တုနေချိန်မှာ အချင်ချင်းကိုရန်လုပ်ဘို့သာ အချိန်တွေ၊ ငွေတွေ၊ အကြံအစီတွေ ရှိနေသူတွေဆိုတာ ကိုယ့်အထဲ၊ ကိုယ့်အနားမှာရှိတတ်တယ်။

အဲလိုနေရာမှာ ယာယီမဟာမိတ်ပြုဘို့ မခဲယဉ်းကြတာပါ သိလာရတယ်။ သူခိုးနဲ့ဓါးပြဆိုတာ ယေဘုယျအားဖြင့် အချင်းချင်း ရန်မပြုတတ်ဘူး။ ရိုင်းပင်းကြတယ်။ ဝေစုမတည်းရင်တော့ အချင်ချင်းအသေသတ်ကြတယ်။ ခိုးနည်း၊ သတ်နည်းကို လူတိုင်းသိပေမဲ့ လူတိုင်းက သူခိုး၊ လူသတ်သမားမဖြစ်ပါ။

အဆိပ်ရှိတဲ့အကောင်မျိုးဟာ အဆိပ်မရှိတဲ့အကောင် ဖြစ်မလာတော့ပါ။ တောထဲနေရရင် တောကောင်အမျိုးမျိုးဆိုတာ အမြဲရင်ဆိုင်နေရမယ်။ နိုင်ငံရေးမှာ ပေါ်လူးရှင်းရှိတာဘဲ။ အဆိပ်သင့်ခြင်းကို ပေါ်လူးရှင်းလို့ပါ အဓိပ္ပါယ်ထွက်တယ်။ ပေါ်လူးရှင်းကို အမှိုက်လို့လည်းယူလို့ရတယ်။ ကွန်တန်မီနေးရှင်းဆိုတာ မသန့်တဲ့နေရာ။ ကျွန်တော်တို့တတွေ မသန့်တဲ့နေရာမှာ နေခဲ့ရပါတယ်။

အနီးကပ်ရန်သူစကားလုံးက ကြီးကျယ်တယ်။ မြွေပွေးခါးပိုက်မိသလိုလို့ မှတ်ယူတယ်။ မြွေဆိပ်နဲ့ မသေခဲ့ပေမဲ့ အဆိပ်ဒဏ်ကို အကြာကြီးခံရတယ်။ အဲဒီသင်္ခန်းစာဟာ အခုစာရေးနေတဲ့ချိန်အထိ မှန်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၄
၂၂-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး