ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်

၂၄-၅-၁၉၉၂ အိန္ဒိယနိုင်ငံ၊ ဘုံဘေ (ယခု မွန်ဘိုင်း) မြို့မှာကျင်းပတဲ့ Janata Dal ပါတီကွန်ဖရင့်ကို တက်ရစဉ်က ဘုံဘေ ပင်လယ်ကမ်းစပ်မှာလဲ မြင်းစီးခဲ့ပါတယ်။ ကျွန်တော့်ကိုဖိတ်ကြားခဲ့တဲ့ Janata Dal ပါတီခေါင်းဆောင် ဂျော့ခ်ျ ဖာနန်ဒက်စ်ဟာ အဲဒီအချိန်က အမတ်သာဖြစ်သေးတယ်။ နောင်မှာ အိန္ဒိယကာကွယ်ရေးဝန်ကြီး ဖြစ်လာပါတယ်။

ကျွန်တော် ၁၉၉ဝ ဒီဇင်္ဘာလမှာ မြန်မာပြည်ကနေထွက်ပြေးရစဉ်က ချင်းတောင်ပေါ်မှာ လမ်းမလျှောက်နိုင်လို့ မြင်းငှားစီးခဲ့ရတယ်။ ၂ ကောင်သာငှားရလို့ မြင်းတကောင်ပေါ်မှာ ဝန်စည်စလှယ်တွေတင်တယ်။ ကျန်တဲ့သူတွေကတော့ လမ်းပဲလျှောက်ရလို့ ခုထိအားနာမိတယ်။ တောင်းပန်ပါတယ်။

အိန္ဒိယနိုင်ငံကို ၂၁-၁၂-၁၉၉ဝ မှာရောက်တယ်။ မီဇိုရမ်ပြနည်နယ်မှာ တနှစ်တိတိနေပြီး ဒေလီမြို့ကိုရွေ့နေပါတယ်။ ဒေလီရောက်ပြီး မကြာခင် ၂၃-၂-၁၉၉၂ နေ့မှာ မြန်မာပြည်ပြန် အိန္ဒိယနွယ်ဖွါးတွေကနေ ကြိုဆိုမှုလေးတခု လုပ်ပါတယ်။ ဦးဆောင်လုပ်ပေးခဲ့တဲ့ မစ္စတာဗားရ်မား ကွယ်လွန်သွားပါပြီ။ ကျွန်တော်နဲ့အတူ ကိုထွန်းရီ (ကလေးမြို့)။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၅
၂၃-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး