Laos လာအိုးစ်

အသံထွက်မှန်အတိုင်း ခေါင်းစဉ်တပ်ပါတယ်။ လာအိုလို့ရေးကြတယ်။ ကျွန်တော်တို့ ပထဝီသင်ခဲ့ရစဉ်က လောနိုင်ငံလို့ ဖြစ်ပါတယ်။ စစ်အေးခေတ်မှာ (ပသက်လော) လို့သုံးခဲ့တယ်။

မြန်မာ့အိမ်နီးချင်းထဲက လူသိအနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။ မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံဆုံရာ ရွှေတရိဂံနယ်မြကိုတော့ ဘိန်းနဲ့ဆက်စပ်ပြီးလူသိများပါတယ်။ ၁၄ ရာစုတုံးကတော့ လာအိုနိုင်ငံဟာ ဆင်ဖြူတော် (ပါရာဆိုးလ်) နဲ့ ဆင်ပေါင်း တသန်း (တစ်သန်း မဟုတ်) ရှိခဲ့တယ်လို့ ရာဇဝင်မှာပါတယ်။

လာအိုသမိုင်းက မြန်မာ့သမိုင်းနဲ့ ဆင်တာတွေရှိတယ်။ ၁၈၉၃ မှာ ပြင်သစ်လက်အောက်ခံနယ် ဖြစ်ခဲ့တယ်။ ၁၉၄၅ မှာ ဂျပန်ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေးရတယ်။ ၁၉၄၉ အထိ ပြင်သစ်အောက်ပြန်ရောက်ပြီး၊ တကယ်လွတ်လပ်တာကတော့ ၁၉၅၃ ရောက်မှပါ။ စည်းမျဉ်းခံဘုရင်စနစ်ကနေ ပြည်တွင်းစစ်ဖြစ်ပြီး ၁၉၇၅ မှာ ကွန်မြူနစ် ပသက်လောက်က အာဏာရလာတယ်။ တပါတီဆိုရှယ်လစ်စနစ်သာရှိတယ်။ မော်စီတုန်းနောက်လိုက်ဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေက ကြီးစိုးထားတယ်။ ကမ္ဘာမှာ ခြစားမှုအဆိုးဆုံးနိုင်ငံဖြစ်တယ်။

၁၉၈ဝ ကျော်အထိ ဗီယက်နမ်လွှမ်းမိုးမှုအောက်မှာနေရတယ်။ ဗီယက်နမ်က တရုပ်နဲ့မတည့်လို့ ဖိအားပေးတယ်။ လာအိုစစ်တပ်က စုစုပေါင်း တသိန်းသုံးသောင်းနဲ့ သေးသေးပဲရှိတယ်။ အရံတပ်ဖွဲ့ တသိန်းရှိတယ်။

လာအိုမှာ (မှုန်း) လူမျိုးရေးပြဿနာရှိတယ်။ အစိုးရကိုယ်တိုင်က လူမျိုးတုံးသုတ်သင်တယ်။ အမေရိကန်က မှုန်းတွေကို ကူညီတယ်။ မှုန်းလူမျိုးစုအပါအဝင် လာအိုဒုက္ခသည် ၂ သိန်းခွဲကို အခြေချနေထိုင်ခွင့်ပေးတယ်။ ကနေ့ ကမ္ဘာမှာ မြောက်ကိုရီးယား၊ တရုပ်၊ ကျူးဘား။ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေသာ ကွန်မြူနစ်အုပ်စိုးတဲ့နိုင်ငံတွေအဖြစ်ကျန်နေတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၆
၂၂-၇-၂ဝ၁၇
ဓါတ်ပုံ = ၁၉၆ဝ ကျော်မှာ စစ်တွင်းက အမေရိကန်ဗုံးကြဲခံရတဲ့ (မောင်း ခုန်) ရုပ်ပွါးတော်

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး