ဝေါဟာရနိုင်ငံရေး

မင်္ဂလာပါဆရာ။ စာရေးတာမှားနေသလား ကျွန်မ နားလည်မှုပဲလွဲနေတာလား။ ၁၉ ဇူလိုင်သည် နယ်ချဲ့လုပ်ကြံခံရသောနေ့ ဆိုတော့ ဗိုလ်ချုပ်တို့လုပ်ကြံခံရတာမဟုတ်ပဲ နယ်ချဲ့ဆိုတာက လုပ်ကြံခံရသလိုဖြစ်နေတာလားလို့ပါ။

မေးစရာကောင်းတဲ့မေးခွန်းဖြစ်ပါတယ်။ သတင်းစာတွေ စာရေးသူတွေက သူတို့အမြင်သူတို့ ရေးကြပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းက နယ်ချဲ့စနစ်၊ ကိုလိုနီစနစ်ကို ဆန့်ကျင်ရေးတွေလုပ်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတာ နယ်ချဲ့စနစ်လို့ ပြောဆိုရေးသားတာတွေရှိတယ်။ အင်္ဂလိပ်အစိုးရလို့ ပြောဆို ရေးသားတာတွေလည်းရှိတယ်။ အများအားဖြင့် သီအိုရီတွေဖြစ်တယ်။ တရားစီရင်ရေးစနစ်အရတော့ တရားခံတွေကို ဖေါ်ထုတ်အပြစ်ပေးခဲ့တယ်။ နိုင်ငံရေးအဖြစ်အပျက်တွေမှာ အဲလိုပါပဲ ထင်မြင်ချက်အမျိုးမျိုးရှိတတ်တယ်။

နယ်ချဲ့ကိုအပြစ်ဖို့တာ ပြောစရာမရှိပါ။ တချို့က အဲလိုစကားလုံး သုံးလိုက်ရတာနဲ့ပဲ ကျေနပ်အားရနေတတ်တယ်။ မနှစ်သက်တာကို တားဆီးအန်တုတာထက် အဲလိုပါးစပ်ကမထွက်သူ၊ လက်ကမရေးသူတွေကို ရန်လုပ်နေတာများကြတာ တွေ့မိတယ်။

ဝေါဟာရနိုင်ငံရေးကြောင့် အောင်မြင်တာတွေရှိခဲ့တယ်။ ဒီခေတ်မှာလည်း ဝေါဟာရနဲ့ ဟီးရိုးလုပ်နေကြသူတွေရှိလာတယ်။ စကားလုံးတွေကလည်း တလုံးပြီးတလုံး ထွက်ထွက်လာတယ်။ တိုင်းပြည်နာမည်၊ လူမျိုးတွေအမည်၊ အသင်းအဖွဲ့အမည်၊ ကင့်ပိန်းအမည်တွေ။ ပညတ်လို့ ခေါ်တယ်။ ပြစ်ညံ့သူတွေလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး