ဤကြာကန်

ကန်တဖက်ဆီက
ဥာဏ်သက်ကာ ဘဝင်ကြည်ခဲ့ပေါ့
လွင်နီနီ ကြာပွင့်ဖူးငယ်တို့
ကန်အနေ ရေသင်ဖြူးမှာလ
နူးညံ့စွာ အိနြေ္ဒဆင်၍
ရွှင်လေသည် ရေကသိုဏ်းရယ်နဲ့
ကိုင်းညွတ်၍နေကြရှာ။

ကန်ပေါင်ရိုး
ပင်မျိုး ညိုတိုတိုမှ
ပင်ကုက္ကို ဆိုတဲ့ပန်းတွေက
ရေနန်းစံ ကြာတဖော်သို့
တော်ပေသည် ငါ့ရှင်များပါတဲ့
စကား လေပမာက
ရေနံ့သာ မြတခဲဆီသို့
ဝဲပျံကျကာ။

အရိပ်စိမ်းငယ်တို့
ညိတ်ယိမ်း ရောင်ပြန်နဲ့
သည်ကြာကန် သည်စခန်းမှာလ
သည်ပန်း နီလွင်လွင်တို့
တထည်ဆင် တင်ခြယ်သကာပါ့
သည်လောက စကားထာ
ဖော်ရှာကြလေသလား။

သူတို့နဲ့သာပါ့
ဇော်လဲ သည်ကန်ပေါင်က
ဖေါ်နိုင်အောင် ဥာဏ်ဝင်စားချင်လို့
မာန်အားကို တမျှော်မျှော်နဲ့
တရော်ရော် ရော်တရမ်းကာပ
တနွမ်း တခွေခွေနဲ့
အထွေထွေ တွေလို့စောမိရဲ့
ကြာတော နီပြေပြေက
သည်လေပြေ သုန်လို့ညှင်းကာမှ
ဖေဂျီမှာ မှုန်မလင်းသော်လည်း
သင်းခဲ့သည်တကား။

ဆရာဇောဂျီကဗျာကို မူရင်းသတ်ပုံအတိုင်း ရိုက်ထားပါတယ်။ ကန်တစ်ဖက်ဆီက မဟုတ်။ တစ်ထည်ဆင် တင်ခြယ်သကာပါ့ မဟုတ်။ တစ်ရော်ရော် ရော်တစ်ရမ်းကာပ မဟုတ်။ တစ်နွမ်း တစ်ခွေခွေနဲ့ မဟုတ်။ သင်းခဲ့သည်တစ်ကား မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၇
ည ၉ နာရီ၊ ၄၆ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ