My two cents လောကသာရပျို့

နေမျိုး နွယ် = ဆရာ အထောက်ထားတွေက ခိုင်လုံတယ်၊ စုံလဲစုံတယ်။ ရှေးခေတ် ပိုက်ဆံ တကျပ်၊ တရာကျပ်၊ ပိဋကတ်တော်မြန်မာပြန်၊ မိုးကုတ်စာအုပ် အတော်စုံတယ်။

ဟုတ့့် ခုထိတော့ ကျွဲလို့ပဲဖတ်ကြတုန်းပဲဗျ။ တပုဒ်ရေး တမဲ၊ ဇွဲမလျှော့ပါ။

ယမုန်နာဆေးခန်းသို့ နှုတ်ဆက်ခြင်းစာလေးကို ယူအက်စ်ကိုထွက်မလာခင် (၅) ရက်အလို ၁၃-၉-၂ဝ၁၄ နေ့မှာ ရေးခဲ့ပါတယ်။ အိန္ဒိယမှာ ပြည်ပနိုင်ငံရေးလုပ်ခဲ့တာက (၂၄) နှစ်ကြာတော့ ဒေသခံအသိမိတ်ဆွေတွေလည်း များပါတယ်။ သူတို့က မြန်မာစာမဖတ်တတ်ကြလို့ နှုတ်ဆက်စကားကို အင်္ဂလိပ်လိုပါရေးခဲ့ပါတယ်။ ခေါင်းစဉ်က My two cents လို့ ဖြစ်ပါတယ်။ ကိုယ်ပြုတဲ့အမှု သေးငယ်နည်းပါးတာကိုပြောချင်ရင် ကိုယ့်ကိုယ်ကို နှိမ်ချပြီး (၂) ဆင့်လို့ပြောတယ်။ (၂) ပဲနိ ကနေဆက်သုံးလာတာပါ။ ဒီတင်စားချက် မြန်မာအသုံးအစစ်ကို လောကသာရပျို့မှာတွေ့ရပါတယ်။

စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းလော့၊ စရည်းအိုးခွက်၊ ကြီးစွာလျက်လျှင်၊ စဉ်ဆက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့ ဖို့သည့်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းထွေ၊ တတ်လှစေလော့၊ ကြွက်သေတခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်ကို။ သူ့ထက်လွန်ကဲ ကြိုးစေမင်း။

လောကသာရပျို့မူရင်းကိုဖတ်ရင် တစက်ကို တစ်စက်လို့ မရေးတာကို တွေ့ရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၆
၂၆-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ