ဇကောဇက

ဇကောဇက နဲ့ စကောစက ဘယ်ဟာအမှန်လဲဆရာ။

ဇကောဇကကို စကားပြောဆိုရာမှာ အတော်သုံးကြပါတယ်။ ဒါပေမယ့် ခေတ်ဟောင်းသတ်ပုံစာအုပ်တွေမှာရော နောက်ထုတ်တွေမှာပါ မပါ။ ဆန်ခါကို ဇကာလို့ပါ သတ်ပုံစာအုပ်ဟောင်းတခုမှာ တွေ့တယ်။ ဆန်ကောကို ဇကောလို့ပြောပေမယ့် ဇကောဇကအသုံးမှာ မဆိုင်ပါ။

ဇကောဇက က ဇက ကနေလာတယ်လို့ ထင်တယ်။ ဇကလည်း သတ်ပုံစာအုပ်အားလုံးမှာ မတွေ့ပါ။ ဇကဆိုတာ အကြီးစားလည်းမဟုတ်၊ အငယ်စားလည်းမဟုတ်၊ ကြားဖြစ်နေတာမှာ သုံးတယ်။ အရွယ်အစားမှာ လူဖြစ်ဖြစ် သုံးစွဲစရာပစ္စည်းဖြစ်ဖြစ် သုံးတယ်။ အချိန်ကိုလည်း သုံးတယ်။ အင်္ကျီလက်စကလို့ရှိတယ်။ ဟိုမရောက် သည်မရောက် သဘောမှာလည်း သုံးကြတယ်။ ကျွန်တော်လည်း သိပ်သိတာတော့ မဟုတ်ပါ။

ကွန်မင့်ကနေ အကိုးအကားတခု ပို့ပေးတာရတယ်။ ကျေးဇူး။ အဲတာမှာ စကောစကလို့ရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၇
Photo from Aung Tin

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး