ကျား ၂ မ ၇

(ကန်တော့ပါ)

1. မင်္ဂလာပါဆရာရှင့် ကျွန်မက အိမ်ထောင်ကျတာ ၃နှစ်ရှိပြီ ကလေးတယောက်ရပါပြီရှင့် အသက်က ၂၆ နှစ်ပါရှင့်။ အဖြူဆင်း အရမ်းများတယ် ပြီတော့ အရည်မဟုတ်ဘဲ အဖတ်တွေချည်းဖြစ်နေလို့ပါအနံတော့မရှိဘူး ဘာဆေးသောက်ရမလဲ သိချင်ပါတယ်ရှင့်။ ဆရာ့အကြံပေးချက်ကို မျှော်လင့်ပါသည်။

Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://doctortintswe.blogspot.com/2014/11/vaginal-infections.html

2. ဆရာရှင့် ကျွန်မအသက် ၂၆ နှစ်ပါ မနေ့ညကထိ ဘာမှမဖြစ်ပဲ မနက်နိုးလာတော့ ဘယ်ဘက်နားရွက်နဲ့ အံသွားရှိတဲ့နား တ၀ိုက်ရောင်နေပါတယ် လူကြီးတွေကတော့ပါးချိတ်ရောင်တယ် ပြောကြတာပါပဲ နာပြီး ညောင်းနေပါတယ် ဘာလို့ပါးချိတ်ရောင်တာလဲ ဆိုတာနဲ့ ဘာဆေးသောက်သင့်လဲ ဖြေပေးပါရှင့်ကျေးဇူးတင်ပါတယ်ရှင့်

Parotitis တံတွေးထွက်အိတ်ရောင်ခြင်း http://doctortintsweblogspotcom/2017/03/parotitishtml

3. ဆရာ ခင်ဗျား ကျွန်တော့အမျိုးသမီးမှာ ကိုယ်ဝန် ၄လရှိနေပါပြီ ၁ လကျော်ထဲက အန်တာများလို့ ဆေးရုံတက်ထာ ၃ခါရှိပါပြီ တော်၂လည်းပိန်ကျသွားပါတယ် ယခုအအေးမိပြီ နှာဆေး ချောင်းဆိုးနေလို့ ဆေးခန်းပြထားပါတယ် သတင်းတွေမှာတဲ့ H1N1 ဖြစ်မှာကြောက်ပြီး အားငယ်နေလို့ပါဆရာ သူ့မှာ ပန်းနာရင်ကြပ်လည်းရှိတော့ စိုးရိမ်မိပါတယ် ဘာလုပ်သင့်တယ်ဆိုတာ အကြံလေးပေးပါဆရာရယ်

Pregnancy and vomiting ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း http://doctortintsweblogspotcom/2014/11/pregnancy-and-vomitinghtml
Pregnancy and Antihistamines ကိုယ်ဝန်နှင့် အအေးမိပျောက်ဆေး http://doctortintsweblogspotcom/2014/11/pregnancy-and-antihistamineshtml

4. ဆရာ့ရှင် ကျွန်မရဲ့ အသက်က 31နှစ်ပါ အိမ်ထောင်ကျတာ ၆ နှစ်ရှိပါပြီ ၄ နှစ်အရွယ်သမီးလေး ၁ ယောက်ရှိပါတယ် လွန် ခဲ့တယ် ၄ လကတယ့်က ကျွန်မ ရာသီ၁ ခါ လာရင် ပထမ ၂ ရက်ကတော့သိပ်မများပေမယ့် ၃ ရက်မြောက်ကတယ့်က ၁ ရက်ထည် ၁ ရက်သွေးတွေက ပိုပြီ ဆင်းပါတယ် ၁ ရက်ကို pad အနည်းဆုံ ၆ ခု ၇ ခု လောက်လည်းရပါတယ် ရက် ၂၀ ကျော်ထိသွေးမသိပ်ပါ og က Azeptil 500 mg ၁နေ့သောက်ခဲ့သော်လည်း ဒီလက ၂၇ထိတောင်သွေးမသိပ်လို့ og က T V S ရိုက်ခိုင်ပါတယ် TVS အဖြေမာကတော့ ရေအိတ်လည်း ရှိပါတယ် နောက်ကြတော့ သားအိမ်နံရံက အရမ်းထူးပါထယ် ကျွန်မ က နောက်ကလေးလည်းအရမ်းအမ်းလိုချင်ပါတယ့်ရှင် အခုလို့သာအိမ်နံရံထူးရင်ကလေးရနိုင်လား ဆရာရအောင်ဘယ်လိုကုရမာလည်းရှင်း

Ovarian cyst မျိုးဥအိမ်အလုံး http://doctortintsweblogspotcom/2015/02/ovarian-cysthtml
Endometrial hyperplasia သားအိမ်ထူခြင်း http://doctortintsweblogspotcom/2014/12/endometrial-hyperplasiahtml

5. ဆရာရှင့် သမီးက မလိုချင်တဲ့ကိုယ်ဝန်ကို cytotec ၁၂လုံးသုံးပြီးနှစ်ခါဖြတ်ချဖူးပါတယ်ရှင့် d and c လည်း လုပ်ထားပါတယ်ဆရာ

PID အမျိုးသမီးတင်ပါးဆုံတွင်းရောင်ခြင်း http://doctortintsweblogspotcom/2014/11/pid-3html

6. ဆရာကြီးရှင့် ကျွန်မအသက် ၃ဝပါ ကိုယ်ဝန် ၂ရ ပတ်ပါရှင့် အလုပ်ထဲမှာက ထိုင်နေရတာများပါတယ် အလုပ်မရှုပ်တဲ့အချိန်တော့ ထပြီး ခဏခဏ လမ်းလျှောက်ဖြစ်ပါတယ် အလုပ်များတဲ့အချိနိတော့ မေ့ပြီးထမလျှောက်ဖြစ်ဘူး အဲလို အချိန်ကျရင် ခါးတွေ တော်တော်နာပါတယ် အလုပ်ထဲမှာကလည်း pressure များပါတယ်ရှင့် အဲဒါ ကလေးကို ထိခိုက်နိုင်လား ဆိုးကျိုးတွေဖြစ်နိုင်သလားရှင့် ပင်ပန်းတဲ့နေ့မျိုးဆို ကလေးကအလှုပ်နည်းပါတယ်ရှင် ကျေးဇူးပြုပြီး ဆောင်ရန် ရှောင်ရန်လေးများ ဖြေကြားပေးပါရှင့်

http://doctortintsweblogspotcom/2014/11/pregnancy-painshtml

7. ဆရာခင်ဗျား ယခုပို့ထားတဲ့ဆေးအကြောင်း(အလားတူဆေးများအကြောင်း) ဆရာ့အမြင်လေးပဲဖြစ်ဖြစ် ဆိုးကျိုး ကောင်းကျိုးကို ယနေ့ခေတ် လူငယ်များအတွက်ရည်ရွယ်ပြီး post တခုလောက်ရေးပေးစေချင်ပါတယ်။ လေးစားစွာဖြင့်

ကြော်ငြာဆေးသာဖြစ်။

8. ဆရာ မင်္ဂလာပါ သမီးတခုလောက်မေးချင်လို့ပါ သမီးအသက်က၂၇နှစ်ပါ လူလွတ်ပါ ရာသီလာတိုင်းလဲမခံစားနိုင်အောင်အောင့်ပါတယ်ဆရာနောက် ( ၇ )ရက်အကြာမှာလဲ အမြဲတမ်း လိုလိုအောင့်နေလို့ဆရာဝန်သွားပြဖြစ်တယ်ဆရာ ဓာတ်မှန်ရိုက်ကြည့်တယ်အခါကျ သားအိမ်မှာအသားပိုရှိနေတယ်လို့သိရပါတယ်ဆရာ ကွမ်းသီးအလုံးလောက်လိုတော့ပြောပါတယ် အဲ့တာစိုးရိမ်ရပါသလားဆရာ ခုလက်ရှိတော့ Primolut Nကို ၃လ သောက်ခိုင်းထားပါတယ် ခုသမီးသောက်နေတာတော့ ၄ရက်ရှိပါပြီ ဆေးသောက်ရုံနဲ့ပျောက်နိုင်ပါသလားဆရာ သမီးရာသီလာမှာကိုတောင်ကြောက်နေပါပြီဆရာ အမှားပါရင်ခွင့်လွှတ်ပေးပါဆရာ ကျေးဇူးပြု၍ ပြန်လည်ဖြေကြားပေးစေချင်ပါသည် ဆရာ သမီးကြောက်လို့ပါ ကျေးဇူးတင်ပါတယ်

Uterine Fibroid (1) သားအိမ်အလုံး (၁) http://doctortintsweblogspotcom/2014/11/uterine-fibroidhtml

9. မကွေးတိုင်း မြိုင်မြို့နယ်ကပါဆရာ အသက် ၃၅ နှစ်ရှိပါပြီ ဖြစ်တဲ့နေရာကတော့ ခြေဖမိုးမှာပါ ဖြစ်တာကတော့ တနှစ်ကျော် ရှိပါပြီ ကျနော်ကျောင်းဆရာတဦးပါခင်ဗျာ ဖြစ်တာကတော့ မများသေးပါဘူးခင်ဗျာ

Dermatitis ပျောက်နိုင်ခဲတဲ့ အရေပြားအနာ http://doctortintsweblogspotcom/2016/08/dermatitishtml

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး