ပြည်ပြေးတယောက် ဟိုရောက်သည်ရောက်

၂ဝ-၁၂-၁၉၉ဝ နေ့ကဓါတ်ပုံ။ မြန်မာပြည်ကနေ အိန္ဒိယနိုင်ငံကို ထွက်ပြေးရစဉ်က ချင်းပြည်နယ် Tluangram လွှာရမ်းရွာနဲ့ နယ်စပ် Chhinthipui River ချင်သူ့ပွေမြစ်ကြားတနေရာမှာ မြင်းစီးပြီး ခရီးဆက်ရပါတယ်။

၂ဝဝ၁ ခုနှစ်တုံးက နယူးဒေလီ၊ ရှစ်လေးလုံးဘုန်းကြီးကျောင်းမှာ၊ ဦးမောသီရိ (ကွယ်လွန်)၊ ပန်းချီစစ်ငြိမ်းအေးတို့နှင့်အတူ၊

ဦးမောသီရိ ခေါ် စီ၊ ပီ၊ ပရာဘာကားက ဘာသာပြန်စာရေးဆရာတဦးဖြစ်ပြီး၊ မြန်မာပြည်မှာရှိစဉ်က အမျိုးသားစာပေဆုရ ရှိဘူးတယ်။ ဗခက နေဝင်း လက်ထက် နိုင်ငံခြားသားတွေနှင်ထုတ်တဲ့အခါ အိန္ဒိယကို ထွက်သွားကြရသူတွေထဲမှာပါတယ်။ နယူးဒေလီ၊ အောက်စဖို့အထက်တန်းကျောင်းပိုင်ဖြစ်တယ်။ ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံကနေ ထွက်လာကြသူတွေကို အများဆုံးကူညီခဲ့သူဖြစ်ပါတယ်။ ကျွန်တော် ၁၉၉၂ မှာ နယ်စပ်ကနေ ဒေလီကိုပြောင်းလာတော့ ဦးမောသီရိနဲ့ ဒေါ်သန်းသန်းနု (ဝန်ကြီးချုပ် ဦးနုသမီး) တို့က ကြိုဆိုကြလို့ အများကြီးကျေးဇူးတင်ပါတယ်။

နောက်မှာရပ်ထားတဲ့ ဆိုင်ကယ်အနီလေးက ကျွန်တော်စီးလာတာ။ ၁-၁-၂ဝဝ၂ နေ့မှာ သမီးကို DVB ရုံးပို့ပြီး အပြန်မှာ မတော်တဆဖြစ်လို့ ဘယ်ဘက်ဒူးအောက်ရိုးကျိုးခဲ့ရတယ်။ ခြေကျိုးတော့ ကျွန်တော့်မိသားစုက ဆိုင်ကယ် မစီးစေချင်ကြတာနဲ့ မကြာခင် ရောင်းလိုက်တာ ဆိုင်ကယ်ပွဲစားတယောက်က လာဝယ်ပြီး မြန်မာပြည်ထဲကိုပို့တယ်။ အခု ဘယ်သူ စီးနေသလဲမသိ။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၆
၂၄-၇-၂ဝ၁၇

၁၉-၁၂-၁၉၉ဝ နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကနေ အိန္ဒိယဖက်ကိုထွက်ပြေးကြတဲ့ ကျွန်တော်တို့အုပ်စု ချင်းတောင်တန်းကြီးတနေရာမှာ နေ့စာစားနေကြတယ်။ ဖွယ်ဖွယ်ရာရာ ဘယ်ပါမလဲ။ နောက်မှာက ဂျီသရီး။ ရှေ့ခရီးဆက်ကြရမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၆
၂၄-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ