Posts

Showing posts from August, 2017

Delivery ကလေးမွေးတယ်ဆိုတာ လွယ်လည်းလွယ်၏ ခက်လဲခက်၏

Image
ဆရာ ကျမသားဦးလေးမွေးတုန်းကပြနေတဲ့ OG ယခုလက်ရှိ ပါမောက္ခ အပျိုကြီးကို ကျမက မေးကြည့်ပါတယ်၊ ရိုးရိုးမွေးချင်ပါတယ် ရမလားလို့ပါ။ သူကပြောပါတယ် ရိုးရိုးမွေးရင် အနည်းဆုံး ၁ဝ နာရီကြာလို့ မင်းတို့ ငါ့ကို ၁ဝ ဆ ပေးနိုင်သလားတဲ့။ မွေးကလည်း မွေးခါနီး တခြား OG ထပ်ပြောင်းရင်လည်း အဆူခံရမှာကြောက်လို့ ပြောင်းမပြရဲ။ ဘယ်လောက်တောင် အခဲ့လဲ ဆရာရယ်၊့ ဆေးရုံ PR ဆောင်မှာ တာဝန်ကျတဲ့ AS နဲ့ မွေးခဲ့ရတယ်။ ဒါပေမယ့် သူတို့က Master တန်းတက်နေတဲံ Dr တွေပါ။ တပူပေါ်နှစ်ပူဆင့် အချင်းကကပ်နေလို့ မသေတာ ကံကောင်းပါ။ ကလေးက ညှပ်ဆွဲ မွေးခဲ့ရပါတယ။် အဆင်မပြေတာများလို့ ကံမကောင်းဘူးလို့ဘဲ သတ်မှတ်လိုက်ပါတယ်။ ဆောရီး။ အဲလိုတကယ်ဖြစ်တာမျိုးကို သိချင်တယ်။ ယမုန်နာဒုက္ခသည်ဆေးခန်းလေးမှာ ညှပ်ဆွဲမေးရတာ ၄၉ ယောက် ရှိတယ်။  အချင်းကပ်တာလဲ ၅ ယောက်ရှိတယ်။ တယောက်ကို အခုထိမှတ်မိနေတယ်။ ကျွန်တော်က မြို့ထဲမှာ အစည်းအဝေးတခု တက်နေရတုံး ကလေးမွေးတော့ ဆရာမတွေကမွေးပေးတယ်။ အချင်းကကပ်နေလို့ ဖုန်းဆက်တယ်။ ဆရာကတော်က တာဝန်ယူပြီး ဆေးရုံပို့ပေးဘို့စီစဉ်နေတယ်။ ကျွန်တော်က လူနာအခြေအနေကို ဖုန်းဆက်မေးနေတယ်။ သွေးဖိအားလဲကောင်း၊ သွေးဆင်းတာလဲ လိုတာထက်မများ။ လူနာကိုမေးခိုင်းတော

Youtube life-saving videos not reliable

Image
ယူကျုပေါ်မှာ ဒေါင်းလုတ်လုပ်နိုင်တဲ့ အသက်ကယ်တာနဲ့ဆိုင်တဲ့ ဗီဒီယိုတွေရှိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်းကရှိတဲ့ အဲတာတာတွေကို တူရကီ ဆေးသုတေသနပညာရှင်တွေက ဆန်းစစ်တယ်။ အဲလို အသက်ကယ်နည်းတွေထဲမှာ (၁) Cardio-pulmonary Resuscitation (CPR) ခေါ်တဲ့ နှလုံး-အဆုပ် ပြန်လည် အလုပ်လုပ်စေနည်းနဲ့ (၂) Basic Life Support (BLS) အခြေခံအသက်ထောက်ကူနည်းတွေ ပါဝင်ပါတယ်။ စုစုပေါင်း ၂ဝ၉ ခုရှိတယ်။ အားလုံးထဲက ၁၁့၅% ကသာ CPR Guideline လမ်းညွှန်နဲ့ကိုက်ညီတယ်လို့ တွေ့လာရတယ်။ အင်တာနက်ကနေရတဲ့ပုံတွေပြပြီး ကျနော်-ကျမမှာ အဲလိုဖြစ်နေလို့ပါမေးတာတိုင်းကို မဖြေပါ။ ယူကျုက ဗီဒီယိုတိုင်းကို မညွှန်ပါ။ CPR လုပ်နည်းပုံမှာ အမျိုးသမီးတယောက်ကို ရွယ်တူအမျိုးသားတယောက်က အသက်ကယ်အနမ်းနည်းလုပ်ပြနေတယ်။ တကယ့်အဖြစ်အပျက်တွေက အဲလိုမဟုတ်ပါ။ သားဖွါးခန်းမှာ ညစ်ပေနေတဲ့ အသက်မရှူနိုင်တဲ့ ကလေးကို နှာခေါင်းစည်း ကဗျာကယာချွတ်ပြီး အသက်ကယ်ရပါတယ်။ CPR နှလုံး-အဆုတ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း https://doctortintswe.blogspot.com/2015/06/cpr.html CPR for newborn babies မွေးကာစကလေး CPR လုပ်ပေးနည်း https://doctortintswe.blogspot.com/2015/06/cpr-for-newborn-babies-cp

Hitting the wrong target လိုရင်းမရောက်

Image
ကျွန်တော့်ပို့စ်တခု = ကျည်းကန်ရှင်ကြီး တော သူ = အဲလိုဘုရားမဟောဘူး ဘုရားဟောလို့ ဘယ်သူကမှမရေးပါ။ ကြော်ငြာဆေးတင်ရင် ဘယ်မှာဝယ်ရမလဲ မေးကြတယ်။ ဆေးအတုတင်ရင် ဘယ်လိုသောက်ရမလဲ မေးကြတယ်။ သတ်ပုံကိုသိစေချင်လို့တင်ရင် ကဗျာပဲဖတ်ကြတယ်။ စာထဲကအချက်အလက်ကို ငြင်းချင်ကြတယ်။ အခုဟာက စာထဲမပါတာကို လာငြင်းတယ်။ သတ်ပုံလေးမှာ သနားစရာ၊ လိုရင်းမရောက်ပါ။ ဒေါက်တာတင့်ဆွေ ၁-၉-၂ဝ၁၆ ၁-၉-၂ဝ၁၇

Artistic writing အလင်္ကာ

Image
ကျေးဇူးပြု၍ အလင်္ကာရဲ့အဓိပ္ပါယ်လေး ရှင်းပြပါလားဆရာ။ စာရေးသားရာမှာ ဝေါဟာရစကားလုံးတွေနဲ့ ဝါကျ ခေါ် စာကြောင်းတွေရေးရတယ်။ ဝါကျတိုင်းဟာ သဒ္ဒါမှန်ရတယ်။ စကားအသုံးအနှုန်းမှန်ရမယ်။ စာစီစာကုံးရေးနည်းကို ကျောင်းတွေမှာသင်ရသလို နိဒါန်း၊ စာကိုယ်၊ နိဂုံးလို့ခေါ်တဲ့ အပိုင်း သုံးပိုင်းပါစေရတယ်။ စာပိုဒ်တွေခွဲသင့်တာ ခွဲရတယ်။ စာကို ကျစ်လျစ်သိပ်သည်းအောင်ရေးတာ ကောင်းတယ်။ ဆိုလိုချင်တာကို စာဖတ်သူနားလည်စေရမယ်။ တန်းကနည်း နားလည်စေတာနဲ့ အချိန်ဆွဲပြီးသိအောင်ရေးတာလို့ ရှိတယ်။ မှန်ကန်၊ ရှင်းလင်း၊ ကျစ်လျစ်၊ ပြေပြစ်နေရင် ကောင်းတယ်။ စာကိုတန်ဆာဆင်ရေးတာကို အလင်္ကာပါတယ်လို့ခေါ်တယ်။ ငါးနည်းရှိတယ်လို့ ဖတ်မှတ်ထားပါတယ်။ ၁။ ဝင်္ကဝုတ္တိအလင်္ကာ ခေါ် သွယ်ဝိုက်တန်ဆာဆင်ခြင်း = ပြောလိုတဲ့အချက်အလက်တွေကို လှလှပပ အဖွဲ့အနွဲ့ အလှည့်တွေနဲ့ ရေးနည်းဖြစ်တယ်။ ၂။ မြည်သံစွဲအလင်္ကာ ခေါ် မြည်သံကိုစွဲ၍ ပြုဖွဲ့တန်ဆာဆင်ခြင်း = ဇာတ်လမ်းဇာတ်ကွက်ထဲ၊ စာထဲမှာ လိုတဲ့နေရာတွေမှာ စကားပြောဆိုသံ၊ အာမေဋိတ်သံ၊ ပေါက်ကွဲသံ၊ အော်ဟစ်သံ၊ သီချင်းဆိုသံ စတာတွေကိုပါ ထည့်ရေးနည်းဖြစ်တယ်။ ၃။ ဥပမာအလင်္ကာ ခေါ် ခိုင်းနှိုင်း အဆင်တန်ဆာဆင်ခြင်း = ကိုယ်ရေးနေတဲ့ ဇတ်ကြောင်းနဲ့မဆိုင်တဲ့ တခြားဇ

အရီး နှင့် အရည်း

Image
အရီးနဲ့ အရည်းလည်း သတ်ပုံမှားတတ်သလားဆရာ။ ရီး ပရီးပထာ မရီး (အကို၏ဇနီး) ရီးတီးရားတား လမ်းခရီး ဝရီး (ဦးလေး) အရီး (အဒေါ်) ဦးရီး (ဦးလေး) မျှော်ရီးမျှော်ရောင် ရည်း စရည်းပင် စရည်းအိုးခွက် နိဿရည်း ယရည်း = ဆင်ထိန်း ရည်း = ဆုရသည် ရည်းစား ရည်းလေလေ့ ရည်းလေလေ့ (လှေလှော်သားများဆိုသည့်စကား) ရည်ငံချစ်ကြိုက် အရည်းကြီးရဟန်း အိုးစရည်း ရှောင်ခွါသရည်း လျော့ရည်း ဒေါက်တာတင့်ဆွေ ၁-၉-၂ဝ၁၇

Varicose veins သွေးပြန်ကြောထုံးခြင်း

Image
၁။ ဆရာရှင့် ကျွန်မက အသက်၃၅ နှစ်ပါ။ ညာဖက်ခြေသလုံးမှာ အကြောထုံးလေးတွေဖြစ်လာလို့ အခုတဖြည်းဖြည်းနဲ့ ခြေမျက်စိနားမှာပါတွေ့လာရတယ်။ အစကသတိမထားမိပေမယ့် ဒီမနက်အိပ်ယာနိုးတော့ ခြေထောက်ကတင်းတင်းကြီး ဖြစ်နေသလိုလိုမို့နှိပ်ကြည့်တော့ စမ်းမိတာပါ။ ခြေသလုံးကကြောထုံးကတော့ နှစ်အတော်ကြာပါပြီ။ ဘယ်လိုကုသမှုမျိုး ခံယူရမလဲသိချင်ပါတယ်ရှင့်။ ဗမာစကားမှာ အကြောဆိုတာကို အလွယ် သုံးတတ်ကြတယ်။ Nerve အာရုံကြော၊ Muscle ကြွက်သား၊ Tendon အရွတ်၊ အကုန် အကြောချည်းဘဲ ပြောတယ်။ တခါတလေ ဘာပြောတယ်ဆိုတာ မှန်းမရတတ်ဘူး။ ရှက်ကြောပြတ်တာတော့ ဆရာဝန်ရော၊ လူနာပါ အတူတူ သိကြတယ်။ တခြားလူမျိုးတွေက မသိကြရှာဘူး။ သွေးကြောဆိုတာ နှလုံးကနေ တကိုယ်လုံး ရောက်အောင်လွှတ်ပေးတဲ့ Artery သွေးလွှတ်ကြော နဲ့ ခန္ဓာကိုယ်အနှံ့ကနေ နှလုံးဆီကို ပြန်လာတဲ့ Vein သွေးပြန်ကြော ဆိုပြီး နှစ်မျိုးရှိတယ်။ Capillaries သွေးကြောမျှဉ်လေးတွေ ဆိုတာလည်း ရှိပါသေးတယ်။ မျက်စိနဲ့တော့ မမြင်နိုင်ဘူး။ Varicose veins သွေးကြောထုံးရောဂါက သွေးပြန်ကြောမှာ ဖြစ်တာပါ။ သွေးပြန်ကြော အတွင်းမှာ တဖက်သတ်သာ သွေးစီးအောင်လုပ်ပေးတဲ့ Leaflet Valves အဆို့ရှင်တွေ ရှိနေတယ်။ သွေးလွှတ်ကြောကတော့ နှလုံးက ညှစ်ပေး

Hyperthyroidism & Fertility လည်ပင်းကြီးဟော်မုန်းများနှင့် ကိုယ်ဝန်

Image
ဆရာခင်ဗျား ကျွန်တော့အမျိုးသမီးကအသက် ၄၀ပါ။ အိမ်ထောင်သက် ၉နှစ်ရှိပါပြီ။ အိမ်ထောင်ကျခါစက တနှစ်ခွဲလောက် တားဆေးသောက်ပါတယ်။ ကလေးယူမယ်လုပ်တော့ တားဆေးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ရာသီမလာတော့ပါဘူး။ ကလေးလည်းမရပါဘူး။ အစကတော့ပေါ့ပေါ့ပဲနေလိုက်မိပါတယ်။ ကလေးအရမ်းလိုချင်လို့ ဆရာဝန်နဲ့ပြီး FSH နဲ့ LH စစ်ခိုင်းတော့ သွေးတော့မဆုံးသေးဘူးလို့ပြောပါတယ် TSH တော့ များနေတယ်ပြောလို့ Nuclear medicine နဲ့ပြခိုင်းပြီး ဆေးတနှစ်လောက်သောက်ခဲ့ရပါတယ်။ အခုတော့ TSH ကတော့ normal ပြန်ဖြစ်သွားပြီလို့ ပြောပါတယ်။ ရာသီကတော့အခုချိန်ထိပြန်မလာသေးဘဲ ကလေးလဲမရသေးပါဘူးဆရာ။ ဒါနဲ့ မျိုးဥဘယ်လောက်ကျန်လဲ ထပ်စစ်ခိုင်းတော့ အဖြေက 0.2 ဖြစ်နေပါတယ်ဆရာ။ ကလေးရနိုင်ပါသေးသလားနှင့် ရာသီမလာတော့တဲ့အကြောင်းလေး ရှင်းပြပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။ လေးစားစွာဖြင့်။ လည်ပင်းကြီးဟော်မုန်းများရောဂါ Hyperthyroidism ကို Graves' Disease လို့လည်းခေါ်တယ်။ လက်တုန်မယ်။ အိပ်ရေးပျက်မယ်။ စိတ်တိုမယ်။ နှလုံးခုန်မြန်မယ်။ အိုက်တတ်တယ်။ ကိုယ်အလေးချိန်ကျမယ်။ ဆံပင်ခြောက်မယ်။ အမျိုးသမီးမှာဖြစ်ရင် ရာသီမမှန်ဖြစ်မယ်။ ကိုယ်ဝန်ရဘို့လည်းခက်တယ်။ ဆောရီး။

မြန်မာစာမှာ အက္ခရာ

Image
မင်္ဂလာပါဆရာရှင် ဥ ဦ ဦး ဖတ်တဲ့အခါမှာ ဥ အက္ခရာ အု ဦ အက္ခရာ အူ ဦး အက္ခရာ အူး အသံရှည်ဖတ်ရပါတယ်။ သို့ မဟုတ် ဥ အက္ခရာ အု ဦ အက္ခရာ အု လုံးကြီးတင်ဆံခတ် အူ ဦး အက္ခရာ အု လုံးကြီးတင်ဆံခတ်အူဝစ္စနှစ်လုံးပေါက်အူးဆိုပြီးဖတ်နေကြတာတွေ့ ရပါတယ်ရှင်။ ဘယ်လိုဖတ်တာ အမှန်ဆိုတာရှင်းပြပေးစေချင်ပါတယ်ရှင်။ မြန်မာစာမှာ အက္ခရာအမည်ရတာ ၏၊ ၌၊ ၍ သုံးခုရှိတယ်လို့ဆိုပါတယ်။ ဣ၊ ဤ၊ ဧ၊ ၏၊ ၌၊ ၍၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်တို့ကိုလည်း အက္ခရာတွေလို့ ပြောဆိုပါသေးယ်။ အဲတာ ကျွန်တော်သိသလောက်သာဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၈-၂ဝ၁၇

သမိုင်းခေတ်နှင့် လူပုဂ္ဂိုလ်

Image
ကိုလွမ်းဝေ၏ ဇာတ်သိမ်း မြသန်းတင့် ယခုမူ ကြည်လင်မရှိတော့ပြီ။ ကျနော်တို့တသိုက်အတွက် အစ်ကိုတဦး ညီတဦး ဆုံးရှုံးသကဲ့သို့ရှိ၏။ ကျွန်တော့်မှတ်ချက် - ယခုမူ ကြည်လင်သောသတ်ပုံများ မရှိတော့ပြီ။ အစ်ကိုတဦး ညီတဦး ဆုံးရှုံးသကဲ့သို့ရှိ၏။ ဒေါက်တာတင့်ဆွေ ၃၁-၈-၂ဝ၁၇

Castor oil ကြက်ဆူဆီ

Image
ဆီလိုအပေါက်ရှာဆိုတာရှိတယ်။ အပေါက်သေးသေးလေးရှိလည်း ဆီကယိုစိမ့်ထွက်တာကိုပြောတာ။ တင်စားချက်မို့ သူများအပြစ်အနာအဆာကို စစ်စစ်ပေါက်ပေါက်လိုက်ရှာသူမျိုးကို အဲလိုခေါ်ကြတယ်။ အခုတွေ့နေရတာက တမျိုး။ ဆီတိုင်းကိုတော့ မရှာပါ၊ NLD ဆီပဲရှာတယ်။ အပြစ်လည်း ဟုတ်ချင်မှဟုတ်မယ်။ သူထင်တာကိုသာ လိုက်ပြောနေတဲ့လူစား။ ဘုန်းကြီးခေါင်း သန်းရှာ (ကန်တော့ပါ) နေတာနဲ့အတူပဲ။ ကြာတော့ ရီချင်လာတယ်။ သနားလာတယ်။ အဲလိုလူတွေက ပြောတော့ ဒီမိုကရေစီပါပဲ။ ဒါပေမယ့် စစ်အစိုးရလက်ထက်မှာ စီမံကိန်းနဲ့စိုက်ခိုင်းတဲ့ ကြက်ဆူဆီလိုပဲ။ ကြက်ဆူပင်ခြေမှာ နွားချေးချပေးတဲ့သူလည်း အခုထိ အနည်းအပါးတော့တွေ့တယ်။ ဒေါက်တာတင့်ဆွေ ၁၄-၃-၂ဝ၁၆ ၁၄-၃-၂ဝ၁၇

Not Politics ပြင်ရင် မမှားတော့

Image
ရခိုင်အရေးသည် နိုင်ငံရေးမဟုတ်၊ အကြမ်းဖက်မှုဖြစ်သည်လို့ အင်္ဂလိပ်လိုရေးတဲ့ ဗိုင်းနယ်လ် (Vinyl ဗီနိုင်း မဟုတ်) ကို မနေ့က တယောက်ကမေးလို့ အမှား ၂ ခုဖြေလိုက်တယ်။ အခုတနေရာမှာ ဓါတ်ပုံတွေ့တော့ အင်္ဂလိပ်လိုရခိုင်ရေးတာ မှားနေသေးတယ်။ အင်္ဂလိပ်သဒ္ဒါပါ စဉ်းစားရင် တခုလိုသေးတယ်။ နိုး ပေါလစ်တစ်လို့ရေးတာလည်းရတော့ရပါတယ်။ နိုင်ငံရေးအလိုမရှိဖြစ်မယ်။ နော့ ပေါလစ်တစ်ဆိုမှသာ နိုင်ငံရေးမဟုတ်ဖြစ်တယ်။ ကျွန်တော်တို့တတွေ အိန္ဒိယမှာ ဆန္ဒပြပွဲပေါင်းမြောက်မြားစွာလုပ်ခဲ့ကြတယ်။ ပလေကတ်တွေ ဘင်နာတွေမှာ အင်္ဂလိပ်တချို့ မြန်မာလိုတချို့ရေးကြရတယ်။ ဓါတ်ပုံသတင်းထောက်တွေက မှားရေးထားတာမျိုးကို မျက်စိကျတယ်။ ဆန္ဒပြပွဲမစခင် မှားရေးထားတာတွေ အရင်လိုက်စစ်ရတယ်။ အမှားကိုပြင်တော့ နောင်မှာ အမှားနည်းနည်းလာတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၈-၂ဝ၁၇

Siddhārtha Gautama ဗုဒ္ဓဝင်ကို သတ်ပုံမပြင်ပါနှင့်

Image
ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသားသည် ကပိလဝတ်ပြည်ကြီးဝယ် ထီးနန်းစည်းစိမ်ကို ခံစား၍နေရာ၊ အသက်တော် နှစ်ဆဲ့ကိုးနှစ်သို့ရောက်သောအခါ၊ သူအို၊ သူနာ၊ သူသေ၊ ရဟန်း၏အသွင် နိမိတ်ကြီးလေးပါးကိုမြင်သဖြင့်၊ သံဝေဂရ၍ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်လျက်၊ ဖိုးတော် အဉ္စနမင်း မြို့ကြွင်း သက္ကရာဇ်မင်း ဖြိုကြွင်းသက္ကရာဇ် ၉၇ ခု ဝါဆိုလပြည့် တနင်္လာနေ့ သန်ကောင်ယံအချိန်တွင် ဆန္ဒအမတ်ကို နောက်လိုက်ခေါ်၍ ကဏ္ဍကမြင်းကိုစီးနင်းကာ တောထွက်တော်မူသည်။ တညအတွင်းမှာပင် ယူဇနာ သုံးဆယ်မျှ ခရီးကိုလွန်၍၊ ရှစ်ဥသဘမျှကျယ်သော အနောမာမြစ်ကို ကူးပြီးလျှင်၊ မြင်းတော်မှ ဆင်းသက်၍ ဝတ်ဆင်သောတန်ဆာနှင့် မြင်းတော်ကို ဆန္ဒအမတ်အားအပ်နှင်းကာ ကပိလဝတ် နေပြည်တော်သို့ ပြန်လွှတ်လိုက်၏။ ထို့နောက် လက်စွဲတော်သန်လျက်ဖြင့် ဆံတော်ကိုဖြတ်ပြီးလျှင် ငါသည် စင်စစ် ဘုရားဖြစ်မည်မှန်မူ ဆံတော်သည် မြေသို့မကျဘဲ၊ အထက်ကောင်းကင်၌ တည်စေသောဟုအဓိဋ္ဌာန်၍ ကောင်းကင်သို့ လွှင့်မြှောက်လတ်သော် တယူဇနာ မျှလောက်သောအရပ် လေထဲ၌ ပန်းဆွဲသကဲ့သို့တည်လေ၏။့ မှတ်ချက် - တစ်ညအတွင်းမှာပင် မဟုတ်။ တစ်ယူဇနာမျှလောက်သောအရပ် မဟုတ်။ မြန်မာအတိုင်းအတာ Metric Imperial/US ဆံခြည် 79.375 µm 3⅛ thou/mil နှမ်း 0.

Gastric Juice အစာခြေအရည်

Image
အစာအိမ်ကထုတ်တဲ့ အက်စစ်အထွက်နည်းခြင်းကြောင့်ဖြစ်တဲ့ လက္ခဏာက အက်စစ်အထွက်များခြင်းကြောင့် ဖြစ်တဲ့လက္ခဏာနဲ့ တူလားသိချင်ပါတယ်။ ကျွန်တော်က အက်စစ်အထွက်များလို့ထင်ပြီး Omeprazole မနက်တလုံး ညတလုံး သောက်ပါတယ်။ လက္ခဏာက ပိုပိုဆိုးလာသလိုပါပဲ။ အက်စစ် အထွက်နည်းနေရင်ရော ကုလို့ရပါသလား။ သောက်ဆေးတွေက ဘာတွေသောက်လို့ရပါလဲ။ တပတ်လောက် စမ်းသောက်ကြည့်လို့ ရပါသလား။ အမည် (့)၊ အသက် ၂ဝ၊ နေရပ်-ရန်ကုန်။ များလဲမကောင်း၊ နည်းလဲ မကောင်းတာထဲမှာ အစာခြေရည်လဲပါတယ်။ များတာကိုတော့ လူသိများတယ်။ မေးတဲ့သူ ကျေးဇူးတင်ဘို့ကောင်းပါတယ်။ အက်စစ်ဓါတ်များလို့ အစာအိမ်လေနာဖြစ်တာရှိသလို နည်းလို့လဲ ရောဂါရစေနိုင်တယ်။ (အက်စစ်) နည်းတဲ့ရောဂါနဲ့ Achlorhydria (အက်စစ်) မရှိတဲ့ရောဂါဆိုတာတွေ ရှိတယ်။ လူ့အစာအိမ်ထဲက အစာခြေအရည်ကို အစာခြေ-အက်စစ် လို့လဲခေါ်တယ်။ ဓါတုဗေဒမှာ (အက်စစ်) ဓါတ်ကို (ပီအိတ်ခ်ျ) နဲ့ တိုင်းရလို့ သူ့မှာ pH 1.5 ကနေ 3.5 အထိရှိတယ်။ acid (ဟိုက်ဒရိုကလောရစ်-အက်စစ်) အပြင် (ပိုတက်ဆီယမ်-ကလိုရိုက်) နဲ့ (ဆိုဒီယမ်-ကလိုရိုက်) တွေလဲပါတယ်။ စားလိုက်တဲ့အထဲက (ပရိုတင်း) ကို အဓိက ချက်လုပ်ပေးတယ်။ အစာခြေအရည်ကို အစာအိမ်အတွင်းနံရံက (ဆဲလ်) လေးတွေကနေ စစ်ထု

မနက်က

Image
လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ ပူလောင်ကြမ်းတမ်းတဲ့ မြန်မာ့နိုင်ငံရေးကို ပူရီစားပြီး ရေနွေးကြမ်းသောက်တယ်။ မနေ့တနေ့ကထွက်တဲ့သတင်းနောက်မှာ နှစ်ပေါင်းလေးငါးဆယ်နောက်ခံသမိုင်းရှိတာမို့ သွားရည်စာတခါစားလောက်နဲ့မရ။ ဒီဆိုင်မှာစားရင် ဒီဆိုင်ကရောင်းတာသာစားလို့ရတယ်။ ကျွန်တော့်မှာ ကြွားစရာရှိတယ်။ နိုင်ငံစုံက အစားစုံစားဖူးတယ်။ မြန်မာပြည်ကဆိုင်တွေမှာလည်း စားခဲ့ဖူးပါတယ်။ ကောင်းတာတွေလည်းသိ။ တခါသွားပြီး နောက်တခေါက် မသွားတော့တဲ့ဆိုင်လည်းသိတယ်။ ဆိုင်ရွေးစရာမရှိလို့ မှိတ်ကြိတ်စားခဲ့ရတဲ့ဆိုင်မျိုးနဲ့လည်းကြုံခဲ့တယ်။ စားစရာတွေထဲမှာ ဆေးခပ်ထားတာတွေလည်းသိတယ်။ တချို့လည်း ပြန်ကြော်ဆီကိုပဲ စွဲနေကြတယ်။ မြန်မာပြည်သူတွေ တနပ်စားတွေဘေးကဝေးကြပြီးသကာလ အော်ဂဲနစ်စစ်စစ် စားသောက်နိုင်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၃ဝ-၈-၂ဝ၁၇

အလျင် နဲ့ အရင်

Image
၁။ ဆရာ အလျင်နဲ့ အရင် မေးချင်လို့ပါ။ မနေ့က မှတ်စုရေးရင်း အရင်သွားနှင့်နဲ့ အလျင်သွားနှင့်သည်ကို ဇဝေဇဝါ ဖြစ်သွားလို့ပါ တချို့ ဝတ္ထုတွေမှာ အလျင်လို့ ရေးတာ ဖတ်မိလို့ပါ။ ၂။ အရင်လိုတာလား၊ အလျင်လိုတာလားဆရာ။ လျင် ငလျင်တော်လည်း လျင်လျား သံလျင်မြို့ အလျင်စလို အလျင်လို လမ်းအိုလိုက် အလျင်အမြန် အလျင်အဦး အလျင်နှစ် ကောက်လျင် လျှင် တလလျှင် လာလျှင် သွားလျှင် သူလာလျှင်တွေ့မည် စကားအရာမှာတော့ အရင် (ယခင်) ကိုသုံးကြတယ်။ အရင်တုန်းက၊ ဟိုအရင်က၊ ဥပမာ ကိုအံ့ကြီးဆိုတဲ့ အရင့့် ဟိုနှစ်တုန်းကပေါ့ဗျာ အောင်ပွဲတွင့့် ဒေါက်တာတင့်ဆွေ ၂၆-၁၂-၂ဝ၁၆ ၃ဝ-၈-၂ဝ၁၇

Paracetamol and Azithromycin ကလေးဆေးများ

Image
ခြောက်နှစ်ကလေး ရိုးရိုးဖျားတာကို ပါရာစီတီမော ၅၀၀ mg တဝက်နဲ့ ပိုးသတ်ဆေး ရောတိုက်ရင် အဖျားပျောက်လားဆရာ။ မေးခွန်းမှာ အဖျားလို့သာပါတယ်။ အဖျားဆိုတာ ရောဂါမဟုတ်။ ရောဂါလက္ခဏာတခုသာဖြစ်တယ်။ ဘာကြောင့်ဖျားသလဲ ရှိမယ်။ ဆေးတွေအကြောင်းသာ ဖြေနိုင်တယ်။ ဖျားတာ၊ နာတာ၊ ရောင်တာတွေကို ပါရာစီတမောနဲ့ အိုဘူပရိုဖင်ဆေး ၂ မျိုးကို အများဆုံးသုံးပါတယ်။ ပါရာစီတီမောဆေး ၁၂ နှစ်အထက်နှင့်လူကြီး ဘယ်လောက်ပေးမလဲ Paracetamol 325 mg/tab ၁-၂ ပြား၊ တနေ့ ၃-၄ ကြိမ်။ ၂၄ နာရီအတွင်း ၁၂ ပြားထက်မပိုရ။ Paracetamol 500 mg/tab ၁-၂ ပြား၊ တနေ့ ၃-၄ ကြိမ်။ ၂၄ နာရီအတွင်း ၈ ပြားထက်မပိုရ။ Paracetamol 650 mg/tab တခါသောက် ၁-၂ ပြား။ ၂၄ နာရီအတွင်း ၆ ပြားထက်မပိုရ။ Paracetamol ဆေးရည် 500 mg per 15 mL တခါတိုက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ တနေ့ ၃-၄ ကြိမ်။ ၂၄ နာရီအတွင်း 120 ml ထက် မပိုရ။ ပါရာစီတီမောဆေးရည် အသက် ၆ နှစ်မှ ၁၁ နှစ်ကလေး Paracetamol 325 mg တနေ့ ၃-၄ ကြိမ်။ ၂၄ နာရီအတွင်း ၅ ပြားထက်မပိုရ။ Paracetamol 15 mg/kg တနေ့ ၃-၄ ကြိမ်။ Azithromycin အဇစ်သရိုမိုင်စင်ဆေး အဇစ်သရိုမိုင်စင်ဆိုတာ ပဋိဇီဝဆေးဖြစ်တယ်။ နားအလည်ပိုင်းရောင်ခြင်း၊ အာသီးရောင်ခြင

Back pain from a spinal block ခါးထုံဆေးနှင့် ခါးနာနေခြင်း

Image
ဆရာရှင့် သမီးကကလေးမွေးတော့ဗိုက်ခွဲမွေးရပါတယ်ရှင့်။ အဲ့ဒါထုံဆေးထိုးတော့ ခါးကနာပါတယ်ရှင့်။ ခုမှခုနှစ်လပဲ ရှိတော့ရှိပါသေးတယ်။ ဒါပေမဲ့ထုံဆေးကြောင့်လား ဗိုက်ခွဲထားရလို့လား ဘာကြောင့်မှန်းတော့မသိပါဘူး။ များသေားအားဖြင့် မေးလိုက်ရင်လဲနာကြတယ်ပဲပြောပြကြပါတယ်။ ရှေ့စီနီယာမေမေတွေက အလကားမေနေရင်းကို နာနေတာပါ။ အဲ့ခါးရိုးကျောရိုးကြီးကပါ။ နောက်ဂုတ်ထိထိုးထိုးလာတက်ပါတယ်။ အဲ့ဒီဝေဒနာက မပျောက်တတ်ပဲ ကျန်ခဲ့မှာလားဆရာရှင့်။ ဒါမှမဟုတ်အရိုးအကျောဆရာဝန်များနဲ့ကုသရမှာပါလားရှင့်။ ဘာမှ မသိပ်မလုပ်ရသေးဘဲနဲ့ကို ပင်ပန်းညောင်းညာနာကျင်နေတတ်ပါတယ်။ ခြေထောက်တွေလဲလေးပါတယ်ဆရာရှင့်။ မပျောက်တက် နှစ်ခါရေးထားတာကို မပျောက်တတ်လို့ပြင်ပါတယ်။ မေးတဲ့သူတွေ အတော်များပါတယ်။ ခါးနာခြင်းစာကိုသာ ပို့ပေးတယ်။ အခု စာအသစ်ရေးပါမယ်။ ခါးထုံဆေးထိုးပြီးနောက် ခါးနာနေတာ အများအားဖြင့် ခွဲပြီးစ ၂-၆ နာရီအတွင်းမျာသာဖြစ်တယ်။ ထုံဆေး ပျယ်သွားချိန်မှာဖြစ်တယ်။ တကယ်လို့ ခွဲပြီးနောက် ၃-၅ ရက်မှာစနာရင်တော့ အဲတာနဲ့မတူပါ။ ခါးထုံဆေးထိုးရင် တချို့ ယားမယ်။ ခွဲခန်းကထွက်လာပြီး ဆီးမသွားနိုင်ဖြစ်တတ်တယ်။ ဆီးပိုက်ထည့်ထားပေးရတယ်။ တချို့ ပျို့အန်တယ်။ တချို့မှာ ခေါင်းကိုက်တယ

Machupo virus in paracetamol

Image
ပါရာစီတမောမှာ ပိုးပါနေတယ်ဆိုတဲ့ သတင်းအတု Bo Khaing URGENT WARNING! Be careful not to take the paracetamol that comes written P-500. It's new, very white and shiny paracetamol. Doctors prove to contain ''Machupo'' virus, considered one of the most dangerous viruses in the world with high mortality rate....See More အပေါင်းအသင်းတို့ ဒီသတင်းကို အမြန်ဆုံး ရှယ်ပေးကြပါဦး။ ဖော်ပြပါတံဆိပ်နှင့် ပါရာစီတီမောကို မသုံးမိကြစေရန် အလေးအနက်သတိပေးလိုက်ပါသည်။ ဤဆေးတွင် အသက်အန္တရာယ် ဖြစ်စေနိုင်သည့် Machupo အမည်ရှိ ဗိုင်းရပ်(စ်)တစ်မျိုး ပါဝင်နေပါ၍ အထူးရှောင်ရှားရန်နှင့် ဤဖော်ပြပါ သတင်းကိုလည်း အမြန်ဆုံး ရှယ်ပေးကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ နောက်တခါ လာပြန်ပြီဟေ့ လို့ပြောပါရစေ။ အရင်ကလည်း ရေးထားပါတယ်။ ဒီဆေးမှာ ပိုးပါတယ်ဆိုတာ ဟုတ်ပါသလားဆရာ။ ဒီဆေးအကြောင်း အများသိအောင် ရှင်းပြပေးပါဦးဆရာ။ မြန်မာနိုင်ငံမှာ ရောင်းချနေသောဆေးဟု ပြောပါသည်။ ဆရာ ကျန်းမာပါစေ။ ပါရာစီတမော ၅ဝဝ အားထဲမှာ ပိုးပါနေတယ်လို့ရေးတဲ့စာဟာ အတုသာဖြစ်ပါတယ်။ တမင်တကာ လူတွေကို ကြောက်အောင် ခြောက်လှန့်စာသာဖြစ်တယ်။ HOAX –

Ankylosing spondylitis အင်ကိုင်လိုဇင်း စပွန်ဒိုင်လိုက်တစ်

Image
၁။ ဆရာ ကျွန်မမောင်လေးက အသက်၂၈ နှစ်ပါ။ အသက်၂၀ ဝန်းကျင်ကတည်းက ခါးနာဖူးပါတယ်။ ခုတလော ပိုဆိုးလာလို့ ဆေးခန်းပြကြည့်တာ ကျောရိုးခိုင်ရောဂါ Ankylosing Spondylitis ရှိတယ်ပြောပါတယ်။ အဲဒီရောဂါအတွက် ဆောင်ရန် ရှောင်ရန်လေးတွေပြောပြပေးပါရှင့်။ အခုတလော ကျောတပြင်လုံး နာနာနေပါတယ်။ ၂။ ဒေါက်တာခင်များ Ankylosing Spondylitis အကြောင်းသေချာလေးသိချင်လို့ပါ။ ကုသလို့ပျောက်မပျောက်၊ ဘယ်လို ကာကွယ်ရမယ်၊ သက်သာအောင် ဘယ်လိုလုပ်ရမယ် စသဖြင့် အစုံအလင် သိချင်ပါတယ်ခင်များ။ အဆင်ပြေရင် ဖြေကြားပေးပါ။ ၃။ ဆရာ အချိန်ရရင် Ankylosing Spondylitis အကြောင်း ဆောင်ရန်ရှေားင်ရန်နှင့်ဘယ်လိုကုသလို့ရပါသလဲ သိချင်လို့ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပဌမမေးခွန်းထဲက တစ်နှစ်လုံးကိုပြင်ပါတယ်။ ဆောရီး။ နောက်မေးခွန်း ၂ ခုလုံးမှာ ဖြစ်တဲ့သူ ကျား-မ-အသက် မသိပါ။ ဘာတွေခံစားနေရ မသိပါ။ ဆေးစစ်တာတွေ မသိပါ။ ခါးရိုးတွေ ရောထွေးသွာတဲ့ရောဂါဖြစ်ပါတယ်။ အဲလိုဖြစ်လာရင် ခါးရိုးမကြီးဟာ ပုံမှန်လိုလှုပ်ရှားလို့မရတော့ပါ။ လူအနေထားကိုက ပြောင်းလာမယ်။ hunched-forward posture ခေါ်တယ်။ ခါးကုန်းကြီးခေါ်တာမျိုးနဲ့ ပြောင်းပြန်။ အသက်ရှူရတာလဲ ခက်ခဲလာနိုင်တယ်။ ယောက်ျားတွေမှာပိုဖြစ

ဂြိုဟ် သတ်ပုံ

Image
ဆရာ အမြင်မတော်ဆင်တော်နဲ့ခလောက်ဆိုသလို မီဒီယာကြီးကြီးမားမားတခုအနေနဲ့ မှားယွင်းနေတာလေးကို ထောက်ပြပါရစေ။ နောင်လာနောင်သားတွေအနေနဲ့ အမှားကို အမှန်ထင်ကုန်ကြမှာစိုးလို့ပါ။ သမင် ချို /ဂျို / ဂြိုလ် ဘယ်ဟာ အမှန်လဲ။ ပို့ပေးတဲ့ပုံမှာ တန်ခိုးထွန်းလင်း စနေဂြိုလ်မင်းလို့ သတ်ပုံမှားရေးထားတယ်။ ဂြိုဟ်ကို ဟသတ်ရမယ်။ လသတ်မဟုတ်ပါ။ ထောက်ပြတာ မှန်တယ်။ ဂြိုလ်မရှိပါ။ ဂြိုဟ်သာရှိတယ်။ ချိုရှိတယ်။ ဂျို မရှိပါ။ ဂြိုဟ် ကဲ့ရဲ့သဂြိုဟ် မီးသဂြိုဟ် = မွန်စကားကနေလာတယ်။ ဂြိုဟ်စာကျွေး ဂြိုဟ်ဆိုး ဂြိုဟ်တု ဂြိုဟ်နက္ခတ် ဂြိုဟ်ကြီးကိုးလုံး ဂြိုဟ်မင်း ဂြိုဟ်ကောင် ဂြိုဟ်မွှေသည် ရာဇဂြိုဟ် ဝိဂြိုဟ်ကျင်းသည် = ဆန်းစ်ခရစ် ခေါ် သက္ကတဘာသာ သဂြဟကနေလာတယ်။ အနက်ပုဒ်ကို အထူးသဖြင့်ယူခြင်း။ သဂြိုဟ်ကျမ်း သဂြိုဟ်ကျမ်း = ဆန်းစ်ခရစ် ခေါ် သက္ကတဘာသာ သဂြဟကနေလာတယ်။ အကျဉ်းအားဖြင့်ယူခြင်း။ ထောက်ပံ့သဂြိုဟ် = ဆန်းစ်ခရစ် ခေါ် သက္ကတဘာသာ သဂြဟကနေလာတယ်။ ထောက်ပံ့ခြင်း၊ ချီးမြှင့်ခြင်း။ ချို ချိုကုပ် ချိုကျိုးနားရွက်ပဲ့ ချိုချဉ် ချိုဆိမ့် ချိုတည်လူး ချိုပျပျ ချိုပြုံး ချိုမြိန် ချိုမြက် ချိုမြမြ ချိုကြွ ချိုသာ ချိုအီ ချိုစောင်း ချိုေ

ယသော်ဓရာအား ပူဇော်ခြင်း

Image
ချစ်သခင်သည် လောကီငြိုငြင်၊ တောဝင်မွေ့ပျော် လျော်တေညစ်ညမ်း၊ ဖန်ရည်စွန်းသော ဆင်မြန်းဝတ်ရုံ၊ ဆိုတုံကြားရ သည်ခဏမှာ၊ နုလှချောညက် အိစက်ညံ့ထွေး၊ သိုးမွေးကတ္တီပါ ဆင်မြဲစွတ်လွှတ်၊ ဖန်ရည်ဝတ်ခဲ့။ ချစ်သခင်သည် မြင်းပြတ်ညောင်စောင်း၊ မလျောင်းမစက် ပြေထက်မွေ့လျော်၊ ရှိသော်ကြားရ သည်ခဏမှာ၊ ပန်းမွေ့ယာကျင်း ကော်ဇောခင်းဖြန့်၊ ညံ့သက်နုလွ ခြူးကြွကြာရံ၊ သဉ္စာစွန့်လျက် မြေ၌စက်ခဲ့။ ချစ်သခင်သည် တနေ့တာမှ၊ တခါမျှသာ အစာမှီဝဲ၊ ခြိုးခြံမြဲတဲ့ ကြားခဲ့သည်က၊ ချိုမြခဲဖွယ် ပွဲတော်ထူးထူး၊ ဆီဦးထောပတ် တပ်မက်စွန့်ပစ်၊ သစ်သီးသစ်ရွက် တရက်တခါ၊ မှီဝဲလာခဲ့ ဘယ်မှာနှိုင်းဆ၊ တုမရသော ယသော်ဓရာ၊ မေတ္တာဘုရား။ ကိုယ့်ဘုရားကို ဝပ်တွားပူဇော်လိုက်ပါ၏။ (လူထုစိန်ဝင်း) မှတ်ချက် = တအမှန်ကို တစ်အကြံအဖန်လုပ်မထားတဲ့စာအား ဝပ်တွားပူဇော်လိုက်ပါ၏။ ဒေါက်တာတင့်ဆွေ ၃ဝ-၉-၂ဝ၁၆ ၃ဝ-၉-၂ဝ၁၇ Photo from Nay Thukha

Health tourism နိုင်ငံခြားကို ဆေးကုသွားတဲ့ ခေါင်းဆောင်များ

Image
၂၉-၈-၂ဝ၁၇ နေ့ကထွက်တဲ့သတင်းမှာ အာဖရိကတိုက်ကနိုင်ငံရေးခေါင်းဆောင်တွေ နိုင်ငံခြားသွားသွားပြီး ဆေးကုနေကြတာကို ပြစ်တင်ဝေဘန်လိုက်ပါတယ်။ အာဖရိကတိုက်နိုင်ငံများကျန်းမာရေးဝန်ကြီးများအစည်းအဝေးမှာ တောင်အာဖရိက ကျန်းမာရေးဝန်ကြီး ဒေါက်တာ အာရွန် မော့ဆိုလီဒီက ပြောလိုက်တာဖြစ်ပါတယ်။ သူပြောနေချိန်မှာ အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ဇင်ဘာဗွေသမတ ရောဘတ်မူဂါဘေဟာ စင်္ကာပူကိုဆေးစစ်ဘို့ ထွက်သွားပါတယ်။ မူဂါဘီရဲ့ပြောရေးဆိုခွင့်ရှိသူက မူဂါဘီကိုဆေးကုပေးတဲ့ဆရာဝန်ကလည်း အမည်း၊ အလွန်မည်း၊ တကယ်မည်းပါတယ်လို့ ခုခံကာကွယ်ပါတယ်။ နိုက်ဂျီးရီးယားသမတ မော်ဟာမဒူ ဘူဟာရီကတော့ ယူကေကိုဆေးသွားကုလေ့ရှိပါတယ်။ အင်ဂိုလာသမတ ဂျိုဆေး ဒူရာဒို ဆန်တို့စ်ကလည်း နိုင်ငံခြားပဲဆေးသွားကုတယ်။ ဘီနင်သမတ ပက်ထရစ် တာလုံလည်းအတူတူပဲ။ တောင်အာဖရိကကျန်းမာရေးဝန်ကြီးပြောတာတခု မှားတယ်။ သူက အဲလိုနိုင်ငံခြားဆေးသွားကုတဲ့တိုက်ဟာ အာဖရိကတိုက်တခုတည်းရှိတယ်တဲ့။ အာရှတိုက်ထဲကနိုင်ငံတခုအမည်နဲ့ စင်္ကာပူကို ဆေးသွားကုတဲ့လူကြီးတွေ အမည်တွေကိုတော့ ကျွန်တော့ထက် ပြည်တွင်းမှာနေသူတွေကပိုသိကြပါတယ်။ No Smile! ဒေါက်တာတင့်ဆွေ ၃ဝ-၈-၂ဝ၁၇

ပြည်ထောင်စုဘွဲ့ရ မြန်မာစာ

Image
၃ဝ-၈-၂ဝ၁၆ နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၂၁ မှာ ပြည်ထောင်စုမြန်မာစာခေါင်းစဉ်နဲ့ ầ စောလူကနေ ရေးတာပါတယ်။ စာရေးသူကိုယ်တိုင်က တပုဒ်လုံးမှာ တစ်တွေနဲ့ချည်းသာရေးထားပါတယ်။ စာလုံးပေါင်းနဲ့ပတ်သက်လို့ဖြစ်ဖြစ် အဓိပ္ပါယ်ဖွင့်ဆိုတာနဲ့ပတ်သက်လို့ဖြစ်ဖြစ် ဟိုလိုလည်းဖြစ်နိုင် သည်လိုလည်းဖြစ်နိုင် ကြုံရတဲ့အခါ တစ်ခုတည်းကိုသာ ငှက်ရိုက်တုတ်စိုက် အသေလက်ခံတာ ဆရာအားမပေ့း့ လို့ ဖတ်ရပါတယ်။ အဲတာ ကိုးကားချက်ပါ။ စာရေးသူအရေးအသားအရ ကျေးဇူးရှင်ဆရာကြီး ဦးဆန်းထွန်းတဲ့။ ဆန်းထွန်း (မန်းတက္ကသိုလ်) ဟာ အဲဒီတုန်းက မြန်မာစာအဖွဲ့မှာပါတယ်။ ဦးဆန်းထွန်းဟောပြောတာတွေ နားထောင်ခဲ့ဘူးတယ်။ အဟောအပြော ကောင်းတယ်။ မြန်မာစာဌာနကထိကမဖြစ်ခင်မှာ ရဟန်းဝတ်နဲ့ ဓမ္မာစရိယအောင်ခဲ့တယ်။ သူကပဲ တတွေကို တစ်လုပ်ဘို့အကြံပေးခဲ့တယ်လို့ နားလည်ရပါတယ်။ ဆောင်းပါးရေးသူက တနဲ့ တစ်မှာ အမိန့်အာဏာနဲ့ခိုင်းစေတာကို စာရေးသူက ဝန်ခံထားတယ်။ အရင်က အဲလို သတ်ပုံကို မှားနေလို့မဟုတ်ဘဲ တမင်တကာပြောင်းလာတာကို ပေါ်လစီသတ်ပုံ၊ ကုထားထိုင်ရသတ်ပုံ စသဖြင့်အမည်ပေးခဲ့ပါတယ်။ အခုတော့ ပြည်ထောင်စုဘွဲ့ပေးလိုက်ပါပြီကောလို့ မှတ်သားရပါကြောင်း။ ကျွန်တော်သာ မြန်မာစာအကြောင်းရေးရင် ဘယ်သတင်းစာ၊

Safe Sleep ကလေးငယ်အတွက် စိတ်ချရတဲ့အိပ်စက်ခြင်း

Image
ဆရာရှင့် မွေးကင်းစကလေးငယ်ကို ခေါင်းအုံးနဲ့မသိပ်သင့်ဘူးလို့ သိထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်က လူတော်တော်များများက ကလေးငယ်များကို ခေါင်းအုံးအပါးလေးတွေနဲ့သိပ်တာတွေ့တွေ့နေရပါတယ်။ အဲ့ဒီလို ခေါင်းအုံးအပါးနဲ့သိပ်တာရော အန္တရာယ်ရှိနိုင်ပါသလားရှင့်။ ကျေးဇူးပြုပြီး အဲ့ဒီအကြောင်းလေး ရေးပေးစေချင်ပါတယ်။ အမေရိကန် Consumer Product Safety Commission စားသုံးသူ ထုတ်ကုန်စိတ်ချရမှုကော်မရှင်ရဲ့ လေ့လာမှုအရ ၁၉၉၂ ကနေ ၂ဝ၁ဝ ခုနှစ်အတွင်းမှာ ကလေးငယ်လေးတွေ (၁၂ လနဲ့အောက်) ၇ဝဝ ယောက်နီးပါးဟာ အိပ်စက်ခြင်းနဲ့ ဆက်စပ်ပြီး သေဆုံးခဲ့ကြရတယ်။ ခေါင်းအုံး၊ ကူရှင်၊ စတာတွေနဲ့ ဆက်စပ်လို့ ဖြစ်ပါတယ်။ ကလေး ပုခက်ထဲသေဆုံးမှု တဝက်နဲ့ ရေချိုး ကန်ထဲသေဆုံးမှု ၃ ပုံ ၂ ပုံတို့ဟာ အသက်ရှူလမ်း ပိတ်ဆို့လို့ သေဆုံးကြရတာ ဖြစ်တယ်။ ကလေးအိပ်စက်ရာနေရာဝန်ကျင်မှာ အပိုထားပေးတဲ့ ခေါင်းအုံး၊ ဂွမ်းကပ်၊ စောင် စတာတွေကနေ အဲလိုဖြစ်စေတယ်။ အကောင်းဆုံး၊ စိတ်အချရဆုံး ကလေးသိပ်နည်းက ကလေးအနားမှာ ဘာတခုမှ မထားပါနဲ့။ ခေါင်းအုံး မပါ၊ ဂွမ်းကပ်မပါ။ စောင်ပိုမပါ၊ အခုအခံမပါ၊ ကလေးကစားစရာမပါ၊ ကလေးချီပိုးစရာမပါ၊ တခြားဘာမှမပါ။ ပုံထဲပါကလေးပုခက်မှာသိပ်တာ စိတ်အချရဆုံးဖြစ်တယ်။ ကေ

Wrapping babies မွေးကာစကလေးကို အနှီးဝတ်နဲ့ပတ်ခြင်း

Image
ကလေးကို အနှီးဝတ်နဲ့ထုပ်ထားတာကို အယူအဆ နှစ်မျိုးရှိတယ်။ ထုပ်ပတ်ပေးထားရင် ကလေးကောင်းကောင်း အိပ်စေမယ်ဆိုတာတခု။ တချို့ကအဲတာကို သဘောမတူကြပါ။ ကိုယ်သဘောကျတာကိုယူနိုင်ပါတယ်။ ကလေး ၄-၆ လ ဆိုရင်တော့ ထုပ်ပေးမထားသင့်ပါ။ အနှီးဝတ်နဲ့ထုပ်ပေးတာမှာ အကျိုးကျေးဇူးတွေရှိတယ်။ ကလေးအိပ်စက်ချိန်ကို သတ်မှတ်ပေးရာကျတယ်။ ကလေးလက်ခြေတွေမ လိုအပ်ပဲလှုပ်တာကို တားဆီးပေးတယ်။ တကယ်လို့ ကလေးဗိုက်ထဲမှာ လေကြောင့်အောင့်မှာကိုလည်း တားဆီးပေးရာကျတယ်။ ကလေးကိုအနှီးဝတ်ပတ်ရာမှာ စိတ်ချရတဲ့နည်းကိုသုံးရမယ်။ ကလေးအသက်ကောင်းကောင်းရှူနိုင်စေရမယ်။ ကလေးခြေ (ဒူးဆစ် + ပေါင်ခြံ) တွေကွေးရာမှာ သက်တောင့်သက်သာရှိစေရမယ်။ ပုံမှာဖွံ့ထွားမှုကို အားပေးတဲ့အနေအထားဆိုတာ ပေါင်ခြံက ကွေးနေရမယ်။ ဒူးတွေက တဖက်နဲ့ တဖက် ကွာဝေးနေရမယ်။ ခြေထောက်လေးတွေ လှုပ်သာရှားသာ ဖြစ်ရမယ်။ ကလေးအနှီးစဟာ ချည်ထည်အပါးဖြစ်သင့်တယ်။ ခါသာပိတ်ပါးကိုလည်းသုံးနိုင်တယ်။ ကလေးစောင်တွေက လိုတာထက်ပိုပြီး အနွေးဓါတ်ရစေနိုင်တယ်။ ကလေးအဝတ်အစားကိုလည်း လိုတာထက်မပိုရပါ။ ရာသီဥတုနဲ့ ကိုက်ညီရမယ်။ ဖြစ်နိုင်ရင် တထပ်တည်းသာသင့်တယ်။ ကလေးအနှီးပတ်နည်းတွေရှိတယ်။ ကလေးလက်လေးတွေကို ကိုယ်နဲ့ကပ်နေစေရမယ်။ တချို့က လက်က

RSO နောက်ခံသမိုင်း

Image
လတ်တလော ရခိုင်ဒေသမြောက်ပိုင်းကသတင်းတွေဟာ တိုင်းပြည်လုံခြုံရေးအတွက်ပါ စိုးရိမ်စရာကောင်းပါတယ်လို့ ကျွန်တော် ၁၂-၁ဝ-၂ဝ၁၆ နေ့ကရေးခဲ့ပါတယ်။ RSO နောက်ခံသမိုင်း Rohingya Solidarity Organisation (RSO) ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ကို ၁၉၈၂ မှာဖွဲ့ခဲ့တယ်။ ၁၁-၇-၂ဝ၁၃ နေ့က ဂျကာတာပို့စ်သတင်းစာမှာ ရိုဟင်ဂျာ ၂ ယောက် အင်ဒိုနီးရှား ဈေးဝယ်ရောက်လို့ပါတယ်။ တိုက်ခိုက်မဲ့သူတွေ၊ လက်နက်တွေ၊ ငွေကြေးနဲ့ ဗုံးလုပ်နည်း ဆရာတွေ လာရှာတာဖြစ်တယ်။ ဘာသာရေးဆရာ Abu Arif အဘူ အာရစ်ဖ်နဲ့ စစ်သွေးကြွကွန်မင်ဒါ အဘူ ရှက်ဖီယာတို့ ဖြစ်တယ်။ RSO ရိုဟင်ဂျာသွေးစီးညီညွတ်ရေးအဖွဲ့ကဖြစ်ကြတယ်။ သူတို့အဆိုအရ ရခိုင်ပြည်နယ်မှာ စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာ ၃ဝဝ ရှိနေ။ ဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်ဘို့ ဖြစ်တယ်။ ဒီခရီးစဉ်ကို အစွန်းရောက် Ar Rahmah Media Network ဝက်ဘ်ဆိုက်ကနေ ဖေါ်ပြထားတယ်။ ဒါဟာ မြန်မာ့ပြဿနာ နယ်နိမိတ်ကျော်ထွက်လာတာကို ပြသနေတယ်။ မနေ့က JI ဂျေအိုင် ထောင်ထားတဲ့ Ar Rahmah အာရ် ရာမာ ဝက်ဘ်တိုက်မှာ ရခိုင်မှာ စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာတွေရဲ့ ဓါတ်ပုံ ၂၈ ပုံတင်ထားတယ်။ Ramadan gift ရမ်ဒမ်လက်ဆောင် လို့ ခေါင်းစဉ်ပေးထားပြီး ကမ္ဘာကြီးကနေ ရခိုင်မှာ

ကိုက် ကိုဋ်

Image
ကျတော် တို့ ငြင်းနေလို့ပါ ဆရာ။ ကိုတ်ကို အသံထွက်လို့ရပါသလားဆရာ။ ရှေ့ကတခုခုပါရင်တော့ အနီးစပ်ဆုံး ဆွဲထွက်ကြရင်း ငြင်းနေကြတာပါ ဆရာ။ ကိုက်ကို ငြင်းတာပါဆရာ။ မကိုဋ်တကိုက်လို့ပါဆရာ။ ကတ်ကြေးကိုက်မုံ့ ကိုက်ညီသည် ကိုက်တံ ကိုခဲသည် ချိန်မကိုက် တကိုက် = နှစ်တောင် = ၃ ပေ တွက်ခြေကိုက် အံကိုက် အံမကိုက် အံသကိုက်သင်္ကန်း အကိုက် အညှောက် မကိုဋ် (မကုဋ) = အထွဋ်အဖျား၊ သရဖူ၊ ဥသျှောင် အံသကိုဋ် (ဝိနည်း) ဂိဇ္ဈကုဋ်တောင်၊ ဒုကုဋ်သင်္ကန်း ဒေါက်တာတင့်ဆွေ ၂၉-၈-၂ဝ၁၇

A War for a Piece of Land နယ်မြေတခုအတွက် စစ်ပွဲ

Image
၂၉-၈-၂ဝ၁၇ သတင်း = ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်နေတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရည်မှန်းချက်ဟာ နယ်မြေပိုင်ဆိုင်မှုဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြော ကျွန်တော် ၁၈-၇-၂ဝ၁၃ နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ဟောပြောပွဲတခုမှာ နိဂုံးအဖြစ်ပြောခဲ့ရှိပါတယ်။ အိန္ဒိယနိုင်ငံသား မြန်မာ့အရေးသုံးသပ်သူ ကာနယ် ဘီ ဟာရီရာမန်ကနေ ရိုဟင်ဂျာအရေးဟာ ဘင်္ဂလားဒက်ရှ်နဲ့ အရှေ့တောင်အာရှမှာ နောက်ဆုံးခြေကုပ်ယူဘို့ ကြိုးစားနေကြတဲ့ အစ္စလာမ်းမစ် အစွန်းရောက်တွေအဖို့ မြန်မာနိုင်ငံမှာ ခြေကုပ်သစ်တခု ရကောင်းရလာနိုင်တယ်လို့ ရေးပါတယ်။ သူ့သုံးသပ်ချက်သာ မှန်ရင် ကျွန်တော်ထင်ပါတယ်၊ နောက်တိုက်ပွဲဟာ မြေနေရာကွက်အတွက်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် မှားပါစေလို့ ဆုတောင်းပါတယ်။ Rakhine (Myanmar) to Bodh Gaya (India) - Understanding Buddhist-Muslim Conflict ရခိုင် (မြန်မာ) မှသည် ဗုဒ္ဓဂယာ (အိန္ဒိယ) သို့ - ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ပဋိက္ခ နားလည်ရအောင် အိန္ဒိယနိုင်ငံတကာ စင်တာ၊ နယူးဒေလီ၊ ၁၈-၇-၂ဝ၁၃ A War for a Name နာမည်တလုံးအတွက်စစ်ပွဲ ဒီအရေးကြီးတဲ့ဆွေးနွေးပွဲမှာ စကားပြောဘို့ ဖိတ်ကြားတဲ့အတွက် India Foundation ကို အများကြီ