Thursday, August 31, 2017

Hyperthyroidism & Fertility လည်ပင်းကြီးဟော်မုန်းများနှင့် ကိုယ်ဝန်

ဆရာခင်ဗျား ကျွန်တော့အမျိုးသမီးကအသက် ၄၀ပါ။ အိမ်ထောင်သက် ၉နှစ်ရှိပါပြီ။ အိမ်ထောင်ကျခါစက တနှစ်ခွဲလောက် တားဆေးသောက်ပါတယ်။ ကလေးယူမယ်လုပ်တော့ တားဆေးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ရာသီမလာတော့ပါဘူး။ ကလေးလည်းမရပါဘူး။ အစကတော့ပေါ့ပေါ့ပဲနေလိုက်မိပါတယ်။ ကလေးအရမ်းလိုချင်လို့ ဆရာဝန်နဲ့ပြီး FSH နဲ့ LH စစ်ခိုင်းတော့ သွေးတော့မဆုံးသေးဘူးလို့ပြောပါတယ် TSH တော့ များနေတယ်ပြောလို့ Nuclear medicine နဲ့ပြခိုင်းပြီး ဆေးတနှစ်လောက်သောက်ခဲ့ရပါတယ်။ အခုတော့ TSH ကတော့ normal ပြန်ဖြစ်သွားပြီလို့ ပြောပါတယ်။ ရာသီကတော့အခုချိန်ထိပြန်မလာသေးဘဲ ကလေးလဲမရသေးပါဘူးဆရာ။ ဒါနဲ့ မျိုးဥဘယ်လောက်ကျန်လဲ ထပ်စစ်ခိုင်းတော့ အဖြေက 0.2 ဖြစ်နေပါတယ်ဆရာ။ ကလေးရနိုင်ပါသေးသလားနှင့် ရာသီမလာတော့တဲ့အကြောင်းလေး ရှင်းပြပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။ လေးစားစွာဖြင့်။

လည်ပင်းကြီးဟော်မုန်းများရောဂါ Hyperthyroidism ကို Graves' Disease လို့လည်းခေါ်တယ်။ လက်တုန်မယ်။ အိပ်ရေးပျက်မယ်။ စိတ်တိုမယ်။ နှလုံးခုန်မြန်မယ်။ အိုက်တတ်တယ်။ ကိုယ်အလေးချိန်ကျမယ်။ ဆံပင်ခြောက်မယ်။ အမျိုးသမီးမှာဖြစ်ရင် ရာသီမမှန်ဖြစ်မယ်။ ကိုယ်ဝန်ရဘို့လည်းခက်တယ်။ ဆောရီး။ ရောဂါသိပြီး ဆေးစနစ်တကျကုသရင် ကိုယ်ဝန်ရနိုင်ပါတယ်။ ဆေးကုသနည်းမှာ စာဆေးတွေပေးတယ်။ တချို့ကို ခွဲစိတ်ပေးတယ်။ တချို့ကိုတော့ Radioactive iodine အနုမြူဆေးပေးတယ်။ Radioactive iodine ဆေးပေးထားသူတွေကို နောက်ထပ် ခြောက်လစောင့်စေပြီးမှာ ကိုယ်ဝန်ရဘို့ အကြံပေးပါတယ်။

လည်ပင်းကြီးဟော်မုန်းများရောဂါရှိသူတွေ ကိုယ်ဝန်အတွက် အထူးကုဆရာဝန်တွေကို တိုင်ပင်ရပါမယ်။ ကိုယ်ဝန်ပျက်တတ်တယ်။ ကိုယ်ဝန်သွေးဆပ်တက်တတ်တယ်။ စောမွေးတတ်တယ်။ ကိုယ်ဝန်ရှိလာရင် ခုခံအားစနစ်ကို နှိမ်လို့ ရောဂါလက္ခဏာတွေထင်ရှားလာတတ်တယ်။ ဆေးဖြတ်ထားသူကို ဆေးအဆနည်းနည်းပေးရတယ်။ Propylthiouracil ဆေးက စိတ်ချရပါတယ်။ Methimazole (Tapazole) ဆေးလည်းပေးနိုင်တယ်။ ကလေးမွေးပြီးရင် ဆေးအဆပြန်ချိန်မယ်။ ဆေးအများစုက ကလေးနို့တိုက်နိုင်ပါတယ်။

ရောဂါလက္ခဏာမပြဘဲ လည်ပင်းကြီးဟော်မုန်းများနေသူတွေမှာလည်း ကလေးရဘို့ခက်နိုင်တယ်။ ကိုယ်ဝန်ပျက်နိုင်တယ်။ လိင်စိတ်နည်းတတ်တယ်။ ယောက်ျားမှာဖြစ်ရင် သုက်ပိုးအရေအတွက်နည်းတတ်တယ်။

Thyroid-stimulating hormone (TSH) ဟော်မုန်းဟာ ကိုယ်ဝန်ရှိစဉ် နည်းတတ်တယ်။ ပဌမသုံးလမှာ 0.1 ကနေ2.5 အထိနဲ့ ဒုတိယသုံးလမှာ 0.2 ကနေ 3.0 သာရှိမယ်။ ပုံမှန် TSH 0.4 ကနေ 4.0 (0.5 to 3.0) milli-international units per liter ရှိသင့်တယ်။ အဲလို Gestational thyrotoxicosis ကိုယ်ဝန်ဆောင်နေချိန်မြှ ဟော်မုန်းယားယီနည်းတာ စိုးရိမ်စရာမရှိပါ။

Hypothyroidism ခေါ် လည်ပင်းကြီးဟော်မုန်းနည်းရင် ကလေးမွေးရာပါချို့ယွင်းချက်ရှိနိုင်တယ်။ ဟော်မုန်းနည်းသူတွေကို Levothyroxine ဆေးပေးတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...