ARSA အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်

Arakan Rohingya Salvation Army (ARSA) အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဆိုတာ နောက်မှပေါ်လာတဲ့ ဘာသာရေးအစွန်းရောက် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တခုဖြစ်တယ်။ အရင်က Harakah al-Yaqin လို့ခေါ်ခဲ့ပါတယ်။ အင်္ဂလိပ်လို Faith Movement ယုံကြည်သူလှုပ်ရှားမှုလို့ဆိုပါတယ်။ Rohingya Solidarity Organisation (RSO) ကို ၁၉၈၂ မှာဖွဲ့ထားတယ်။ လော်ဘီအုပ်စုတွေပါ အများကြီးရှိတယ်။ မီဒီယာလည်း တကမ္ဘာလုံးကပါတယ်။

ARSA အဖွဲ့ဟာ ၂ဝ၁၂ နောက်မှာပေါ်လာပြီး၊ ရခိုင်ပြည်နယ်မှာ လှုပ်ရှားတယ်။ Ata Ullah အာတာအူလာဆိုသူက ခေါင်းဆောင်တယ်။ သူက ပါကစ္ဂတန်နိုင်ငံ ကရာချိမြို့မှာ မွေးခဲ့ပြီး၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမှာ ကြီးပြင်းခဲ့တယ်။ သူ့ကို Ameer Abu Amar လို့လည်းခေါ်တယ်။ Madrassa education ဘာသာရေးပညာ သင်ယူခဲ့တယ်။ သူဟာ ၂ဝ၁၂ နောက်ပိုင်းမှာ ဆော်ဒီနိုင်ငံကနေ ပျောက်သွားခဲ့တယ်။ ပြောက်ကျား ၆ လသင်တန်း တက်ခဲ့တယ်လို့ သတင်းတွေအရ သိရတယ်။

စစ်တွေမှာ ဖမ်းဆီးရမိခဲ့တဲ့ ARSA အဖွဲ့ဝင်တယောက်ကိုစစ်ဆေးလို့သိလာရတာက ဒီအဖွဲ့ဟာ ဒီမိုကရက်တစ် ရိုဟင်ဂျာ စတိတ်ကို ထူထောင်ချင်တယ်။ State စတိတ်ဆိုတာ ပြည်နယ်လည်းဖြစ်တယ်။ တိုင်းပြည်တခုလည်း ဖြစ်တယ်။

ဒီအဖွဲ့နဲ့ တခြားနိုင်ငံတွေမှာအခြေစိုက်တဲ့ အစ္စလမ်းမစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်မှုကို ဖေါ်ထုတ်လို့ မရသေးပါ။ အပြင်ကနေ ငွေကြေးလက်နက်ထောက်ပံ့မှုမရဘဲ အဲလိုလှုပ်ရှားဘို့ မဖြစ်နိုင်ပါ။ ဆက်ကြေးကောက်တာ၊ မှောခိုရောင်းဝယ်တာ၊ ဓါးပြတိုက်တာ၊ ပြန်ပေးဆွဲတာ၊ ငွေစက္ကူအတုလုပ်တာနဲ့ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ ကူးသန်းရောင်းဝယ်တာတွေကနေသာ လက်နက်ကိုင်အဖွဲ့တွေက ရှင်သန်ရပ်တည်နိုင်ကြတယ်။

အရင်ကစစ်ဆေးချက်တွေအရ အဲဒီအဖွဲ့ဟာ အရပ်သား ၃၄ ယောက်ကနေ ၄၄ ယောက်အထိ သတ်ခဲ့တယ်။ လူ ၂၂ ယောက်ကိုပြန်ပေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ဒေသမှာ စိတ်ကြွးဆေးပြားတွေ မကြာခဏဖမ်းဆီးရမိတဲ့သတင်းတွေ ထွက်ပါတယ်။ ၂၂-၆-၂ဝ၁၆ နေ့က မြန်မာအစိုးရထုတ်ပြန်ချက်မှာ ARSA အဖွဲ့ဝင် ၃ ယောက်ကို အသေရမိတယ်။ ယမ်းမှုန့်တွေ၊ လုပ်သေနတ်တွေလည်း မေယုတောင်တန်းတနေရာကနေ သိမ်းဆီးရမိခဲ့တယ်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလ တိုက်ခိုက်မှုကို Harakah al-Yaqin ခေါ်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ မြန်မာနယ်စပ်လုံခြုံရေးတာဝန်ရှိသူ ၉ ဦးနဲ့ စစ်သား ၄ ဦးတို့ကျဆုံးခဲ့တယ်။ အကြမ်းဖက်မှုကို တန်ပြန် နှိမ်နင်းအပြီး သူပုန် ၆၉ ယောက်ကို သေဆုံးခဲ့တယ်လို့ ၁၅-၁၁-၂ဝ၁၆ နေ့မှာ တပ်မတော်က ထုတ်ပြန်ခဲ့တယ်။

International Crisis Group (ICG) ခေါ် နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့က ၁၄-၁၂-၂ဝ၁၆ နေ့ကထုတ်ပြန်ရာမှာ အဲဒီလက်နက်ကိုင်အကြမ်းဖက်သူတွေဟာ ဆော်ဒီအာရေးဗီးယားနဲ့ ပါကစ္စတန်မှာရှိတဲ့အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာဖကန်နစ္စတန်နဲ့ ပါကစ္စတန်မှာ စစ်သင်တန်းတွေ လျို့ဝှက်တက်ခဲ့ကြတယ်လို့ပါရှိတယ်။ Harakah al-Yaqin အဖွဲ့ဝင်တွေဟာ လစ်ဗျားနိုင်ငံမှာလည်း သင်တန်းတက်ခဲ့တယ်။

ရခိုင်ဒေသမှာရှိတဲ့ ရဲတပ်ဖွဲလုံခြုံရေးစခန်းတွေကို အစီအစဉ်ကျကျတိုက်ခိုက်မှုတွေဖြစ်ပွါးအပြီး ၂၅-၈-၂ဝ၁၇ နေ့မှာ မြန်မာနိုင်ငံ အကြမ်းဖက်နှိမ်နင်းရေးဗဟိုကော်မတီကနေ အဲဒီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြောညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲကလည်း တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါသေးတယ်။ သူတို့ဟာ ဘင်္ဂလားဒက်ရှ်နိုင်ငံထဲမှာ သင်တန်းတက်ခဲ့ကြတယ်လို့ ယုံကြည်ရတယ်။

၂၄-၈-၂ဝ၁၇ နေ့က နယူးဒေလီမြို့အနောက်ပိုင်း အူသမ်နဂါးရပ်မှာ ရိုဟင်ဂျာလူရွယ်တယောက် ပစ်သတ်ခံရတယ်လို့ ဒေလီကလာတဲ့သတင်းက ဆိုပါတယ်။

ဘာသာရေးအစွန်းရောက် အကြမ်းဖက်မှုတွေနဲ့အတူ သဘာဝဓါတ်ငွေပိုက်လိုင်းလုံခြုံရေးဆိုတဲ့အချက်ကို ဆက်စပ်ပြီး မစဉ်းလို့မရပါ။ အခုထိ မြန်မာ့သဘာဝဓါတ်ငွေ့တွေဟာ မြန်မာ့ရေပြင်ကနေ တရုပ်ပြည်ကို အဟန့်အတားဆိုလို့ ယင်တောင်မနားဘဲ ပို့နေနိုင်ပါတယ်။

ဝါဒဖြန့်ချိရေးတွေကလည်း အဖွဲ့ပေါင်းစုံက လုပ်နေကြတယ်။ မီဒီယာကိုလည်း ကောင်းကောင်းအသုံးချတယ်။ တိုက်ပွဲတွေကြောင့်ထွက်ပြေးရတဲ့ ဘာသာတူတွေအတွက် အမေရိကအခြေစိုက် Islamic Relief USA အဖွဲ့ဟာ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီး UNHCR နဲ့လက်တွဲဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ဘာသာရေးချစ်စိတ်၊ လူမျိုးရေးချစ်စိတ်၊ အခွင့်အရေးချစ်စိတ်နဲ့ ငွေကြေးချစ်စိတ်တွေ ဆက်စပ်နေသလား မပြောနိုင်ပါ။ တိုင်းပြည်ချစ်စိတ်ကို အတော်ရှာနေရတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၇
Photo: State Counsellor Office Information Committee/ Facebook

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး