RSO နောက်ခံသမိုင်း

လတ်တလော ရခိုင်ဒေသမြောက်ပိုင်းကသတင်းတွေဟာ တိုင်းပြည်လုံခြုံရေးအတွက်ပါ စိုးရိမ်စရာကောင်းပါတယ်လို့ ကျွန်တော် ၁၂-၁ဝ-၂ဝ၁၆ နေ့ကရေးခဲ့ပါတယ်။

RSO နောက်ခံသမိုင်း
Rohingya Solidarity Organisation (RSO) ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ကို ၁၉၈၂ မှာဖွဲ့ခဲ့တယ်။ ၁၁-၇-၂ဝ၁၃ နေ့က ဂျကာတာပို့စ်သတင်းစာမှာ ရိုဟင်ဂျာ ၂ ယောက် အင်ဒိုနီးရှား ဈေးဝယ်ရောက်လို့ပါတယ်။ တိုက်ခိုက်မဲ့သူတွေ၊ လက်နက်တွေ၊ ငွေကြေးနဲ့ ဗုံးလုပ်နည်း ဆရာတွေ လာရှာတာဖြစ်တယ်။ ဘာသာရေးဆရာ Abu Arif အဘူ အာရစ်ဖ်နဲ့ စစ်သွေးကြွကွန်မင်ဒါ အဘူ ရှက်ဖီယာတို့ ဖြစ်တယ်။ RSO ရိုဟင်ဂျာသွေးစီးညီညွတ်ရေးအဖွဲ့ကဖြစ်ကြတယ်။ သူတို့အဆိုအရ ရခိုင်ပြည်နယ်မှာ စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာ ၃ဝဝ ရှိနေ။ ဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်ဘို့ ဖြစ်တယ်။ ဒီခရီးစဉ်ကို အစွန်းရောက် Ar Rahmah Media Network ဝက်ဘ်ဆိုက်ကနေ ဖေါ်ပြထားတယ်။ ဒါဟာ မြန်မာ့ပြဿနာ နယ်နိမိတ်ကျော်ထွက်လာတာကို ပြသနေတယ်။ မနေ့က JI ဂျေအိုင် ထောင်ထားတဲ့ Ar Rahmah အာရ် ရာမာ ဝက်ဘ်တိုက်မှာ ရခိုင်မှာ စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာတွေရဲ့ ဓါတ်ပုံ ၂၈ ပုံတင်ထားတယ်။ Ramadan gift ရမ်ဒမ်လက်ဆောင် လို့ ခေါင်းစဉ်ပေးထားပြီး ကမ္ဘာကြီးကနေ ရခိုင်မှာ jihad ဂျီးဟဒ်လုပ်ဘို့ တောင်းဆိုထား။ ICG နိုင်ငံတကာပဋိပက္ခအုပ်စုက အကြီးတန်းအကြံပေး Sidney Jones ဆစ်ဒနီ ဂျုံးစ်ပြောတာက JI နဲ့ RSO ဆက်စပ်မှုက သမိုင်းရှိတယ်။ အာဖကန်နစ္စတန်ကနေစတယ်။ အင်ဒိုနီးရှားလူမျိုး Muhammad Jibril မူဟာမက် ဂျီဘရေးလ်ဟာ JI အဖွဲ့ရဲ့ ကရာချိအခြေစိုက် Al-Ghuraba အယ်လ်ဂွါရာဘာရဲ့ ဆဲလ်ဖြစ်ပြီး၊ Al-Qaeda အယ်လ်ကိုင်ဒါနဲ့ Taleban တာလီဘန်တို့နဲ့ အဆက်အစပ်ရှိသူ ဖြစ်တယ်။ အမေရိကန်ကနေ ၂ဝ၁၁ မှာ လိုချင်သူစာရင်းသွင်းထားတယ်။

Jihadi terrorism (JT) ဂျီးဟဒ် အကြမ်းဖက်ဝါဒ
အကြမ်းဖက်မှုကို ဗျူဟာကျကျစဉ်းစာဘို့လိုတယ်။ အဲဒါက နည်းလမ်းနဲ့ အဆုံးသတ်စည်းမျဉ်းဆိုတာပါ။ အကြမ်းဖက်မှုရဲ့ အဓိပ္ပါယ်ကတော့ အရပ်သားတွေကို ပျက်စီးထိခိုက်ပြီး၊ အသေသတ်ပြစ်မယ်၊ ဒီလိုလုပ်လိုက်တာဟာ ကျိုးကြောင်း ဆီလျှော်တဲ့ ရည်ရွယ်ချက်ကို အထောက်အကူပြုဘို့ ဖြစ်တယ်။ ခေါင်းဆောင်လုပ်နေသူကို သတ်ပြစ်ပြီး၊ အုပ်ချုပ်မှုကို ပြောင်းချင်တယ်၊ ကိုလိုနီ ကျွန်ပြုခံထားရာကနေ လွတ်လပ်ချင်တယ် ဆိုတာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ဆောင်ချက် နည်းလမ်းဟာ ဘယ်လောက်ဆိုးရွားပါစေ ရလဒ်ဟာ သီအိုရီအရ မဖြစ်နိုင်တာ မဟုတ်ပါ။ အဲလိုသတ်လိုက်ပြီးနောက် ဖွဲ့စည်းပုံအသစ်တခုဆွဲမယ်၊ ဒါမှမဟုတ် နိုင်ငံရပ်ခြားများ ပိုင်ဆိုင်ထားတာကို လက်လွတ်စေမယ်။ ဒီနည်းဟာ ကိုလိုနီ လွတ်မြောက်ရေး စစ်ဗျူဟာဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီဆိုရင် ဥပမာ ကင်ညာနိုင်ငံက Mau Mau မော်မော်နဲ့ အယ်လ်ဂျီးရီးယားက FLN အက်ဖ်အယ်လ်အင်တို့ဟာ အရင်လုပ်ခဲ့တဲ့ သတ်ဖြတ်မှုတွေကို ရပ်စဲလိုက်ကြတယ်။ သူတို့ရဲ့ ပြစ်မှတ်ဆိုတာလဲ မရှိတော့လို့ ဖြစ်တယ်။

(JT) ဂျီးဟဒ် အကြမ်းဖက်ဝါဒကတော့ အဲလို မဟာဗျူဟာပုံစံနဲ့မကိုက်ညီပါ။ အချက် (၃) ချက်ရှိပါတယ်။
၁။ ရည်ရွယ်ချက်ဆိုတာက ပြောင်းပြောင်းနေတယ်။
၂။ အဆုံးသတ်ဆိုတာ အဆုံးမရှိဖြစ်နေတယ်။ ရချင်တယ်ဆိုတာကိုလဲ တပြားမှ လျှော့လို့မရတာမျိုးဖြစ်တယ်။
၃။ အဆုံးသတ်လို့ သတ်မှတ်ထားတာမျိုးကလဲ တကယ့်အရှိတရားတွေ မဟုတ်ဘူး။

JT ဂျီးဟဒ် အကြမ်းဖက်ဝါဒဆိုတာ ရှိနေတာမျိုးတော့ဖြစ်ပြီး၊ အောင်မြင်မှုရနိုင်တာမျိုး မဟုတ်ပါ။ သူတို့ လိုချင်တယ် ဆိုတာကို ရရင်လဲ အနည်းအကျဉ်းသာဖြစ်ပါမယ်။ အဓိက မျှော်မှန်းချက်ဆိုတာကို ကိုယ့်လူ ဆိုသူတွေကိုယ်၌က တကယ်တန်း ယုံကြတာ မဟုတ်ပါ။ သူတို့က ဘာကို တကယ် လိုချင်တာလဲ ဆိုတာကို ဆန်းစစ်မှု စနစ်တကျ လုပ်တဲ့အခါမှာ ပုံမှန် နိုင်ငံရေးလုပ်ရိုး လုပ်စဉ်အတိုင်း အပေးအယူဆိုတာနဲ့ ချကြည့်လိုက်ရင် အံကိုက်မကျပါ။ ဒါကြောင့် အနောက်ကမ္ဘာ နဲ့ JT ဆိုတာ မဟာဗျူဟာ အရာမဟုတ်ပါ။

ကိုးကားချက်။ Hoover Institution Stanford University စတင်းဖို့ဒ် တက္ကသိုလ်၊ ဟူးဘား အင်စတီကျူးရှင်းမှာ Josef Joffe ဂျိုးဇက် ဂျော်ဖီရေးသားတဲ့ Jihadi Terrorism’s Moving Targets ဂျီဟဒ်ဒီ အကြမ်းဖက်မှုရဲ့ ရွှေ့ပြောင်းနေတဲ့ ပစ်မှတ်များ

၂ဝ၁၃ ခုနှစ် ဇူလိုင်လထဲမှာ ရိုဟင်ဂျာအရေးအတွက် မြန်မာနိုင်ငံကိုတိုက်ခိုက်မဲ့ အကြမ်းဖက်စခန်း ဘင်္ဂလားဒက်ရှ် နယ်စပ်မှာဖွင့်ထားပြီလို့ သတင်းရှိခဲ့ပါတယ်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနကနေ ပါကစ္စတန်အခြေစိုက် LeT အဖွဲ့နဲ့ ဆက်နေတာဖြစ်ပြီး မြန်မာရိုဟင်ဂျာတွေအတွက် လက်စားချေဘို့လို့ ယူဆကြောင်း ပြောလိုက်ပါတယ်။ အိန္ဒိယ-ဘင်္ဂလားဒက်ရှ် ပြည်ထဲရေးဝန်ကြီးဌာနတွေအစည်းအဝေးမှာ LeT/Jamaat-ud-Dawah (JuD) တို့ပူးတွဲပြီး ရိုဟင်ဂျာအရေးကို အခွင့်ကောင်းယူပြီး ဘင်္ဂလားဒက်ရှ်-မြန်မာ နယ်စပ်မှာ ရှေ့တန်း စခန်းသစ် ဖွင့်မယ်လို့ အသိပေးလိုက်တာဖြစ်ပါတယ်။ ဒီနေရာဟာ သူပုန်ထူထပ်ရာ အိန္ဒိယ အရှေ့မြောက်ဒေသနဲ့လဲ နီးပါတယ်။ အိန္ဒိယပြည်ထဲရေးအတွင်းဝန်ကနေ လွန်ခဲ့တဲ့ ၆-၇ လ ကတည်းကနေ ဒီလှို့ဝှက်လုပ်ငန်းတွေ ရှိနေခဲ့တယ်လို့ ပြောလိုက်တာပါ။

LeT နဲ့ Jaish ကွန်မင်ဒါတွေကနေ ဒေသခံ Jamaat-ul-Mujahideen Bangladesh (JMB) အကူအညီနဲ့ စစ်သင်တန်းတွေ ပေးနေတာလို့လဲ ဆိုပါတယ်။ JMB အဖွဲ့ဟာ NGO လိုဖွဲ့ထားတဲ့ RSO နဲ့ ဆက်နေတာလဲဖြစ်ပါတယ်။ လက်နက်ကိုက်တွယ် ပစ်ခတ်၊ ဖြုတ်တပ်နည်းနဲ့ ဗုံးလုပ်နည်း-ဗုံးခွဲနည်းတွေကို သင်ပေးနေပါတယ်။ Lashker/JuD အဖွဲ့ကae ၂ဝ၁၂ နှစ်လည်က အဖွဲ့သစ်တခုဖြစ်တဲ့ Difa-e-Musalman Arakan (Burma) Conference (Defence of Muslims in Myanmar) ကို ဖွဲ့ခဲ့ပါတယ်။ မြန်မာအစိုးရ ဆန့်ကျင်ရေး ရိုဟင်ဂျာအဖွဲ့ ဖြစ်ပါတယ်။ JuD ပြောရေးဆိုခွင့်ရှိသူ Nadeem Awan နဲ့ JuD ထုတ်ဝေဖြန့်ချိရေးအဖွဲ့ဝင် Shahid Mahmood Rehmatullah တို့ကို သြဂုတ်လထဲမှာ လျို့ဝှက်ပြီး ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာနိုင်ငံက အလားတူ အကြံတူအဖွဲ့တွေနဲ့ ဆက်သွယ်ဘို့ တာဝန်ပေးခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့တွေ ဖြစ်ကြတဲ့ Harkat-ul-Jihadi Islami, Jaish-e-Mohammed နဲ့ JMB တို့ဟာ ရိုဟင်ဂျာအတွက် ဘင်္ဂလားဒက်ရှ်မှာ စခန်းသစ် တည်နေကြပါတယ်။ အဖွဲ့သစ် Jammat-ul-Arakan ထဲမှာ JMB နဲ့ အစွန်းရောက် ရိုဟင်ဂျာတွေ ပါဝင်နေပါတယ်။

LeT ဟာ ပါကစ္စန်အခြေစိုက် Laskher-e-Taiba ဖွဲ့ဖြစ်ပြီး၊ IM ဟာ အိန္ဒိယအခြေစိုက် Indian Mujahideen ဖြစ်တယ်။ R&AW ခေါ်တဲ့ အိန္ဒိယ နိုင်ငံခြားရေးထောက်လှမ်းရေးအဖွဲ့အဆိုအရ LeT ရဲ့မြေပေါ်အဖွဲ့အစည်းဟာ Jamaat ud Dawah (JuD) ဖြစ်ပြီး၊ ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံခံရ၊ တိုက်ခိုက်ခံရတာတွေကို တန်ပြန်ဘို့ ဒီလို စခန်းသစ်ဖွင့်မှာ ဖြစ်တယ်။ JuD အဖွဲ့ရဲ့ ခေါင်းဆောင် Hafiz Muhammad Saeed က ရိုဟင်ဂျာ အကျိုးစီးပွါးအတွက် မြန်မာဆန့်ကျင်ရေး ကင့်ပိန်းကို ပါကစ္စတန်ကနေပြီး၊ ဦးဆောင်နေတယ်။ သူ့လူတွေ အခုတလော ဘင်္ဂလား-မြန်မာ နယ်စပ်ကို အခေါက်ခေါက် သွားနေကြတယ်။ ၂ဝ၁၂ နှစ်လယ်ပိုင်းတုံးက Difa-e-Musalman Arakan (Burma) Conference ကွန်ဖရင့်ကို ကျင်းပခဲ့တယ်။ ဒါဟာ Defence of Muslims in Myanmar မြန်မာနိုင်ငံက မွတ်ဆလင်တွေ ကာကွယ်ရေးလို့ အဓိပ္ပါယ်ရတယ်။ မြန်မာအစိုးရကို ပြစ်မှတ်ထားတာဖြစ်တယ်။ LeT/JuD ပူးတွဲအဖွဲ့ကနေ JuD ပြောရေးဆိုခွင့်ရှိသူ Nadeem Awan နဲ့ JuD ပုံနှိပ်ထုတ်ဝေရေးလက်တံ အဖွဲ့သား Shahid Mahmood Rehmatullah တို့နှစ်ယောက်ဟာ ၂ဝ၁၂ သြဂုတ်လထဲတုံးက ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာနိုင်ငံက စိတ်တူသဘောတူအဖွဲ့တွေကို စည်းရုံးဆက်သွယ်ခဲ့ကြတယ်။  ဘင်္ဂလားဒက်ရှ်က ပြန်လာပြီးနောက် ပါကစ္စတန်နိုင်ငံ ကရာချိမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဘင်္ဂလားဒက်ရှ်ကို မြန်မာနိုင်ငံကနေ ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို ပြစ်ပယ်ထားတယ်ဆိုပြီး အပြစ်တင်ခဲ့တယ်။ အဲဒီ JuD/LeT ကလူတွေရဲ့ ဘင်္ဂလားဒက်ရှ် လှို့ဝှက်ခရီးဟာ Cox's Bazaar မှာ ဗုဒ္ဓဘာသာဝင်တွေကို ပြစ်မှတ်ထားတဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေ ဆက်ဖြစ်စေခဲ့တယ်လို့ ယုံကြည်ရတယ်။ အလားတူ စိတ်ဝင်စားဘို့အချက်ကတော့ Harkat-ul-Jihadi Islami အဖွဲ့၊ Jaish-e-Mohammed အဖွဲ့နဲ့ Jamaat-ul- Mujahideen Bangladesh အဖွဲ့၊တွေဟာ ရိုဟင်ဂျာ NGOs တွေထဲက RSO နဲ့ဆက်ပြီး၊ ရိုဟင်ဂျာအကျိုးကိုလိုက်လုပ်ပေးနေကြတယ်။ ဘင်္ဂလားထောက်လှန်းရေးတွေကနေ Jammat-ul-Arakan ဆိုတဲ့အဖွဲ့သစ်ထဲမှာ JMB နဲ့ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတွေ ပါဝင်နေတာကို မြန်မာ-ဘင်္ဂလားဒက်ရှ် နယ်စပ် Bandarban ခရိုင်မှာ စုံစမ်းနေတယ်။ ဘင်္ဂလာဒက်ရှ် ရဲ့အဖွဲ့က ဘဏ်အကောင့်ကို စစ်ပြီးနောက်မှာ Maulana Mohammad Yunus ကို Cox's Bazaar မှာရှိတဲ့ Rau Upazilla မှာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ဖမ်းခဲ့တယ်။ ဒါ့အပြင် ကရာချိက Maulana Shabir Ali Ahmed ဆိုသူဟာ Jaish နဲ့ ဆက်နေတဲ့ ဘင်္ဂလားဒက်ရှ် ရိုဟင်ဂျာ တယောက်ဖြစ်တယ်။ Madarasa ခေါ်တဲ့ အစ္စလာမ်ဘာသာရေးသင်တန်းကျောင်းကနေ လှုပ်ရှားနေသူ နောက်တယောက်ကတော့ Abdur Rehman ခေါ် Imran ခေါ် Mustafa ဖြစ်တယ်။ Cox's Bazaar က Teknaf က ဖြစ်တယ်။ သူကနေ ပါကစ္စတန်မှာ သင်တန်းဆင်းလာသူ Myanmarese mujahideen မြန်မာ-မူဂျာဟီဒင်တွေကို နေရာချဘို့ တာဝန်ယူရတယ်။ Shafiul Alam ဆိုသူဟာ ပါကစ္စတန်နဲ့ နီပေါနိုင်ငံကူးလက်မှတ်ကိုင်ထားသူဖြစ်တယ်။ ပါကစ္စတန်နဲ့ ဘင်္ဂလားဒက်ရှ်ကို ခဏခဏခရီးသွားတယ်။ သူ့ကို Abdul Karim ခေါ် Mohammed Nur Alam ဆိုသူ နီပေါနိုင်ငံအခြေစိုက် ရိုဟင်ဂျာအဖွဲ့သား ငွေအတု ဖြန့်ဖြူးရေးဂိုဏ်းနဲ့အတူ မြန်မာ-ဘင်္ဂလားနယ်စပ်မှာ ရိုဟင်ဂျာ အစွန်းရောက်တွေအတွက် စခန်းသစ် ဖွင့်ဘို့လုပ်နေကြတယ်။ သူတို့ဟာ ပါကစ္စတန်က LeT ကွန်မင်ဒါ Ustad Abdul Hamid ကိုတိုင်ပင်ကြတယ်။

ကိုးကား = ၂၁-၇-၂ဝ၁၃ နေ့ထုတ် The Times of India သတင်းစာ၊ Terror Activities in Bangladesh-Burma Border|Laskher-e-Taiba|Indian Mujahideen|Burma Ethnic Clashes|Solidarity

Mujahideen မူဂျာဟစ်ဒင်
မူဂျာဟစ်ဒင်ဆိုတာ Strugglers ကြိုးပမ်းဆောင်ရွက်သူများ ဒါမှမဟုတ် People doing jihad အလာရှင် အလိုတော်ကျ လုပ်တဲ့ မွတ်ဆလင်လို့ အဓိပ္ပါယ်ရပါတယ်။ Jihad ဂျီးဟဒ်ဆိုတာက ကြိုးပမ်းလုပ်ဆောင်ခြင်းလို့ ဆိုလိုပါတယ်။ ကနေ့ကာလမှာ အနောက်ကမ္ဘာမှာ အသုံးများတာကတော့ Mujahideen ဆိုတာကို Radical Islam အစွန်းရောက် အစ္စလမ်ဘာသာနဲ့ တွဲထားလေ့ရှိပါတယ်။ ၁၉၆ဝ ကနေစတဲ့ ခေတ်ပေါ် ဂျီးဟဒ်ဒဇင်မ်ထဲမှာ သူပုန်ထခြင်း၊ ပျောက်ကျားစစ်၊ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့၊ စတဲ့နည်းတွေကို အသုံးပြုနေတယ်။ အာဖကန်နစ္စတန်၊ မြန်မာ၊ ဘော့စနီးယား-ဟက်ဇာဂိုဘီးနား၊ အိန္ဒိယ-ပါကစ္စတန်၊ အီရန်၊ အီရတ်၊ ကော့ကေးဆပ်မြောက်ပိုင်း၊ ကိုဆိုဗို၊ နိုက်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ဆိုမာလီနဲ့ ဆီးရီးယားနိုင်ငံတွေမှာ ရှိနေတယ်။

မြန်မာနိုင်ငံနဲ့ မူဂျာဟစ်ဒင်
၁၉၄၉ ခုနှစ်တုံးက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မူဂျာဟစ်ဒင်တွေ အရေအတွက်တစုံတရာအထိ ရှိခဲ့တယ်။ Mir Cassim မားရ်ကက်ဆင်က ဦးဆောင်ခဲ့တဲ့အဖွဲ့ကို Mujahids မူဂျာဟစ်လို့ခေါ်တယ်။ အဖွဲ့ဝင်တွေဟာ အဓိကအားဖြင့် အရှေ့ပါကစ္စတန်၊ ယခု ဘင်္ဂလားဒက်ရှ်နိုင်ငံသားတွေဖြစ်တယ်။ ၁၉၅ဝ မှာ မြန်မာစစ်တပ်က နှိမ်နင်းပြစ်နိုင်ခဲ့တယ်။ မားရ်ကက်ဆင်ဟာ Cox's Bazar ကော့်ဆက်ဘဇားမှာ အသတ်ခံရပြီး နောက်လိုက် နောက်ပါတွေလဲ လက်နက်ချခဲ့ရတယ်။ သူတို့မျိုးဆက်တွေကို မေးတဲ့အခါ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောကြတယ်။

၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာမသိမ်းခင်အထိ သူတို့ဟာ အတော်တက်ကြွနိုင်ခဲ့သေးတယ်။ ဗခက နေဝင်းက အနှစ် ၂ဝ ကျော်ကြာအောင် နှိမ်နင်းခဲ့တယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေးက နာမည်ထွက်ခဲ့တယ်။ ဒီစစ်ဆင်ရေးကြောင့် သူတို့ အများစုဟာ ဘင်္ဂလားဒက်ရှ်ကို ထွက်ပြေးပြီး ဒုက္ခသည်တွေဖြစ်လာကြတော့တယ်။ ဒါပေမဲ့ ရခိုင် မြောက်ပိုင်းမှာ ဆက်ပြီးရှိနေသေးပါတယ်။ သူတို့ဟာ ဘင်္ဂလားဒက်ရှ် မူဂျာဟစ်ဒင်တွေနဲ့ ပိုနီးစပ်တာသာမကဘဲ မလေးရှား၊ ပါကစ္စတန်က အလားတူအဖွဲ့တွေနဲ့ ကွန်ယက်ဖွဲ့ထားကြတယ်။ ရံပုံငွေတွေကောက်ပြီး မြန်မာပြည်ပြင်ပမှာ စစ်သင်တန်းတွေတက်နေကြတယ်။ အစဆုံးလှုပ်ရှားမှုက (၁၉၄၇-၁၉၆၁) ဖြစ်တယ်။ မေယုဒေသကို အရှေ့ပါကစ္စတန်ထဲ ရောက်သွားတယ်။ ၁၉၇ဝ-၇၁ အရှေ့ပါကစ္စတန်ကနေ ဘင်္ဂလားဒက်ရှ်လွတ်လပ်ရေးစစ်ပွဲမှာပါခဲ့ကြတယ်။ ၂ဝ၁ဝ ရခိုင်ပြည်နယ်မှာ အဓိကရုဏ်းတွေဖြစ်တော့ သတင်းတွေအရ သူတို့ဟာ ရခိုင်ထဲမှာ လွတ်လပ်ရေး ဒါမှမဟုတ် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တောင်းဆိုလာကြတယ်။

အခု RSO အမည်သိပ်မထွက်တော့ပဲ ARSA အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်နာမည်က ရှေ့ရောက်လာတယ်။ နောက်ခံအချက်အလက်တွေနဲ့ သူတို့ရဲ့ရည်မှန်းချက်တွေ အတူတူသာဖြစ်ပါတယ်။ ကျွန်တော် သမိုင်းဆရာမဟုတ်ပါ။ ကိုးကားတဲ့အချက်အလက်တွေ ကွဲတာလွဲတာ ရှိနိုင်ပါတယ်။ လိုတာထပ်ဖြည့်နေပါတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၁ဝ-၂ဝ၁၆
၂၉-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး