Sunday, August 27, 2017

New books ဘုတ်အုပ်သစ်များ

စာအုပ်သစ်တွေ ဘုတ်အုပ်သစ်တွေမှာ စလုံးတွေကများလှတယ်။ စလုံးဆိုတာ စင်္ကာပူမဟုတ်။ တစသတ်တွေဟုတ်။

တကျွန်းပြန်ကရေးလည်း စသတ်နေလိုက်တာ ဂျွမ်းကိုပြန်လို့။ ကျွန်းဆိုတာ ရေလယ်ခေါင် သောင်ထွန်းတဲ့ ကျောက်ပြင် မဟုတ်၊ ကိုကိုးကျွန်းဟုတ်။

အမြစ်ကနေလှန်ပြလို့ ပုတ်သင်ဥပေါ်၊ ဘောင်းတော်ညိတ်၊ စိတ်တော်သိသူက များလှတယ်။ ဘောင်းတော်ညိတ်ဆိုတာ ဘုရားထူး အဘခေါ်သူဟုတ်။ မော်ဒန်စာရေးဆရာ၊ ကဗျာဆရာတွေရဲ့စာအုပ်တွေကို ဟိုခေတ်ကမော်ဒန်ကာတွန်းနဲ့ မလဲချင်တာဟုတ်။

အဲလိုမြန်မာစာအုပ်တွေက (ကန်တော့ပါ) ပုဂံဘုရားတွေလို လက်ညှိုးထိုးမလွဲ များလှတာဟုတ်။

စစ်တွေနဲ့နေခဲ့ရတဲ့တိုင်းပြည်မှာ တစ်တွေနဲ့သာရေးတတ်ကြတော့တယ်။ စစ်တွေဆိုတာ မြို့ မဟုတ်။ တစ်တွေဆိုတာ နံပါတ်ဝမ်း မဟုတ်။ နံပါတ်ဝမ်း ဟုတ်။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၆
၂၈-၈-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀