ဟောင်ခြင်းသည် ဒို့စကား
ဘာသာပြန်ဆောင်းပါး
တင်ပြသူ ဦးထင်ဖတ် (မောင်ထင်)
့ ယခုခေတ်၌မူ သာမန်ရွှေလမ်းငွေလမ်းဖောက်ခြင်းထက်လွန်ကဲ၍ သတင်းစာ ရေဒီယို တယ်လီဗစ်ရှင် စသော ဆက်သွယ်ရေးပစ္စည်းများဖြင့် ဆက်သွယ်လျက်ရှိကြလေရာ နိုင်ငံတနိုင်ငံ၏ အတွေးအခေါ်၊ အကြံအစည်၊ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တို့သည် အခြားနိုင်ငံ တနိုင်ငံသို့ ကူးစက်နိုင်သည်။့
ဆရာမောင်ထင်ဟာ ငဘ၊ ဗမာ့အောင်ဆန်း၊ အာရှနှင့်အောင်ဆန်း၊ မြို့မကျောင်း၊ ကိုဒေါင်း၊ အတွေးပဒေသာ၊ လွတ်လပ်ခြင်း၊ မြန်မာဆယ့်နှစ်လအကြောင်း၊ မဟတ္တမဂန္ဒီတိုက်ပွဲအစ၊ အညတြရဲဘော်၊ လူလားမြောက်သောအရွယ်၊ ပိန္နဲသီး၊ ချက်ကော၏ လူ့ပုတ်သင်၊ မိုပါဆွန်၏ စိန်ပန်းကုံး၊ ရှမ်းပြည်နယ်၏ ခေတ်ပြောင်း၊ အားဆေးစားမလို့လား၊ ရိုးသားဖြောင့်မတ်ခြင်း၊ လွတ်လပ်ခြင်း၊ စတဲ့ အလွန်ကောင်းမွန်တဲ့စာတွေ အမြောက်အများရေးသားခဲ့ပါတယ်။
မောင်ထင်ရဲ့ သရော်စာတပုဒ်ကို အိုးဝေမဂ္ဂဇင်း၊ အတွဲ ၇၊ အမှတ် ၁၊ ၁၉၃၈ မှာ ဖော်ပြပုံနှိပ်ခဲ့ပါသည်။ အယ်ဒီတာဦးညိုမြနဲ့ အပြန်အလှန်သရော်စာရေးကြတာပါ။
တက်ခွေး
ခွေးပြည်သည် ခွေးအဖို့
အမဲရိုးသည် ဒို့အစာ
ဟောင်ခြင်းသည် ဒို့စကားဟူ၍ အောင်နက်သည် သုံးကြိမ်တိတိ အူပြီးသော် ဦးသာဝ၏လည်မြိုကို ဟပ်လေ၏။့
ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆
၂၃-၈-၂ဝ၁၇
Photo from Phyo Nyein Ko

Comments
Post a Comment