I can see from afar အဝေးကပင်မြင်နိုင်ပါသည်

ဖွံ့ဖြိုးမှုလိုအပ်နေသည့် အများပြည်သူသယ်ယူပို့ဆောင်ရေး The Daily Eleven သြဂုတ်လ ၂၁ ရက်နေ့ထုတ်

ကျွန်တော် တခါက စာတပုဒ်မှာ အဲလိုလူတွေပြည့်ညပ်နေအောင်စီးပြီး ခရီးသွားတဲ့ ဓါတ်ပုံတခု ယူသုံးမိတယ်။ ကားကလဲ အတော်ဟောင်းလှပြီ။ အဲတာကို ဘုန်းကြီးတပါးကနေ အဲလိုဟောင်းတာတွေမရှိတော့ပါဘူး၊ တိုးတက်နေပြီလို့ ကွန်မင့် ရေးလာတယ်။ ပြီးခဲ့တဲ့သမတလက်ထက်ကဖြစ်ပါတယ်။

ကျွန်တော်က မှားလုပ်မိတာ လွဲရေးမိတာဆိုရင် အတော်ကို မနေတတ်ပါ။ ငါသုံးတဲ့ပုံက မှားသွားပြီလာ့း့။ ကျွန်တော် ကံကောင်းပါတယ်။ တခြားတယောက်ကနေ သူတို့နယ်မှာ အဲလိုကားတွေ အခုလဲရှိပါတယ်လို့ ဝင်ကယ်ပါတယ်။

ကျွန်တော်က အပြင်မှာသာနေရပေမဲ့ မြန်မာပြည်ထဲက လမ်းတွေပေါ်မှာသာမကပါ၊ လူတွေရဲ့ ရင်ထဲမှာ ဘာတွေရှိနေ၊ ဖြစ်နေတာကို သိနေဘို့ရာ အမြဲလုံ့လစိုက်ထုတ်နေပါတယ်။ ပိုကဲသွားတာ၊ လိုကျန်နေတာမရှိအောင် ကြိုးစားပါတယ်။

အထဲမှာနေပြီး ပကတိအခြေအနေကို မသိသူတွေများလှပါလားလို့ အားမရဖြစ်မိတယ်။ အနီးမှုံခေါ်တယ်။ တချို့ကတော့ မျက်မှန်စိမ်းတပ်ကြည့်ကြတယ်။ မြက်ခြောက်ကို စိုစိုစိမ်းထင်အောင် မြင်းကို မျက်မှန်စိမ်းတပ်ကျွေးတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၄
၂၁-၈-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး