Imperfect မပြည့်စုံပါ

သမီးစိတ်ဝင်စားလို့မေးကြည့်ချင်ပါတယ်။ ကွန်ပြူတာရှေ့မှာ မေးခွန်းတွေဖြေရတာနဲ့ လူနာကို ဆေးခန်းမှာ လက်တွေ့ကုရတာ ဆရာ့ရဲ့စိတ်ခံစားချက်အနည်းငယ်သိချင်မိနေပါတယ်ရှင့်😊

ခံစားချက်ရယ်တော့ မဟုတ်ပါ။ တချို့မေးတာတွေကိုတော့ စာနဲ့ဖြေတာက ကုသပေးရသလို။ တချို့ကိုတော့ အသိပညာပေးရသလို။ တချို့ကတော့ မျက်မမြင် ဆင်စမ်းခိုင်သလို။ မျက်စိနဲ့၊ နားနဲ့ လက်နဲ့ လုပ်ပေးဘို့ လိုတာတွေအတွက်တော့ ဆရာဝန်ကိုယ်တိုင် လူနာလိုဖြစ်ရတယ်။ အားမရပါ။

လူနာကို ကိုယ်တိုင်တွေ့ပြီးကုသရတဲ့အခါတွေမှာလည်း အားမရတာတွေရှိပါတယ်။ လူနာက မေးတာကို ဓမ္မဒိဋ္ဌာန်ကျကျ ပြန်ဖြေသူမျိုးဆိုရင် အဆင်ပြေတယ်။ ဆရာဝန်ကိုယ်တိုင်ကလည်း ဇီဝကမဟုတ်။ ဘယ်အရာမှ မပြည့်စုံပါ။

ဒေါက်တာတင့်ဆွေ
၂၂-၈-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး