Siddhārtha Gautama ဗုဒ္ဓဝင်ကို သတ်ပုံမပြင်ပါနှင့်

ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသားသည် ကပိလဝတ်ပြည်ကြီးဝယ် ထီးနန်းစည်းစိမ်ကို ခံစား၍နေရာ၊ အသက်တော် နှစ်ဆဲ့ကိုးနှစ်သို့ရောက်သောအခါ၊ သူအို၊ သူနာ၊ သူသေ၊ ရဟန်း၏အသွင် နိမိတ်ကြီးလေးပါးကိုမြင်သဖြင့်၊ သံဝေဂရ၍ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်လျက်၊ ဖိုးတော် အဉ္စနမင်း မြို့ကြွင်း သက္ကရာဇ်မင်း ဖြိုကြွင်းသက္ကရာဇ် ၉၇ ခု ဝါဆိုလပြည့် တနင်္လာနေ့ သန်ကောင်ယံအချိန်တွင် ဆန္ဒအမတ်ကို နောက်လိုက်ခေါ်၍ ကဏ္ဍကမြင်းကိုစီးနင်းကာ တောထွက်တော်မူသည်။ တညအတွင်းမှာပင် ယူဇနာ သုံးဆယ်မျှ ခရီးကိုလွန်၍၊ ရှစ်ဥသဘမျှကျယ်သော အနောမာမြစ်ကို ကူးပြီးလျှင်၊ မြင်းတော်မှ ဆင်းသက်၍ ဝတ်ဆင်သောတန်ဆာနှင့် မြင်းတော်ကို ဆန္ဒအမတ်အားအပ်နှင်းကာ ကပိလဝတ် နေပြည်တော်သို့ ပြန်လွှတ်လိုက်၏။

ထို့နောက် လက်စွဲတော်သန်လျက်ဖြင့် ဆံတော်ကိုဖြတ်ပြီးလျှင် ငါသည် စင်စစ် ဘုရားဖြစ်မည်မှန်မူ ဆံတော်သည် မြေသို့မကျဘဲ၊ အထက်ကောင်းကင်၌ တည်စေသောဟုအဓိဋ္ဌာန်၍ ကောင်းကင်သို့ လွှင့်မြှောက်လတ်သော် တယူဇနာ မျှလောက်သောအရပ် လေထဲ၌ ပန်းဆွဲသကဲ့သို့တည်လေ၏။့

မှတ်ချက် - တစ်ညအတွင်းမှာပင် မဟုတ်။ တစ်ယူဇနာမျှလောက်သောအရပ် မဟုတ်။

မြန်မာအတိုင်းအတာ Metric Imperial/US
ဆံခြည် 79.375 µm 3⅛ thou/mil
နှမ်း 0.79375 mm 31¼ thou/m
မုယော 4.7625 mm 3⁄16 in
လက်သစ် 1.905 cm ¾ in
မိုက် 15.24 cm 6 in
ထွာ 22.86 cm 9 in
တောင် 45.72 cm 1½ ft
လံ 1.8288 m 6 ft
တာ 3.2004 m 10½ ft
ဥသဘ 64.008 m 70 yd
ကောသ 1.28016 km 0.795455 mi
ဂါဝုတ် 5.12064km 3.18182 mi; about one league
ယူဇနာ 20.4826km 12.7273 mi
မုယောစပါး ၁ စေ့ = ၁ မုယော
၎ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၎ တောင် = ၁ လံ
၂ တောင် = ၁ ကိုက်
၇ တောင် = ၁ တာ
၂ဝ တာ = ၁ ဥသဘ
၂ဝ ဥသဘ = ၁ ကောသ
၎ ကောသ = ၁ ဂါဝုဒ်
၎ ဂါဝုဒ် = ၁ ယူဇနာ = (၆ တိုင် + ၄ဝဝ တာ)
၁ဝဝဝ တာ = ၁ တိုင်

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၆
၃၁-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး