Monday, August 28, 2017

Brain Facts ဦးနှောက်၏ ကိန်းဂဏန်းများ

• 3 = အလေးချိန် = (၃)ပေါင်။
• 4 to 6 = အောက်စီဂျင်မရဘဲ ရှင်နိုင်သည့်အချိန် = (၄-၆) မိနစ်။
• 8 to 10 = သွေးကုန်သဖြင့်သတိမလစ်မီ ရရှိသည့်အချိန် = (၈-၁ဝ) စက္ကန့်။
• 10 to 23 = နိုးနေသည့်အချိန်၌ အသုံးပြုသောလျပ်စစ်စွမ်းအင် (၁ဝ-၂၃) ဝပ်။
• 20 = လှည့်ပတ်နေသောသွေး နှင့် အောက်စီဂျင်၏ ဦးနှောက်သို့ လာသောရာခိုင်နှုန်း = (၂ဝ)
• 100,000 = ဦးနှောက်ထဲရှိသည့် သွေးကြောများအား ဆန့်တန်းလျင် ရှည်သည့်မိုင်ပေါင်း = (၁ဝဝဝဝဝ)မိုင်။
• 1,000 to 10,000 = နူရုန်းတခုတွင်ရှိသည့် ဆင်နက်ပ်စစ်ပေါင်း = ၁ဝဝဝ - ၁ဝဝဝဝ။
• 100 billion = နူရုန်းစုစုပေါင်း = ၁ဝဝ ဘီလီယန်။

ဆင်နက်ပ်စစ် = ဦးနှောက်နှင့်အာရုံကြောများ အလုပ်လုပ်ရာတွင် ဤနေရာ၌ ကူးလူးဆက်ဆံရသည်။
နူရုန်း = ဦးနှောက်နှင့် အာရုံကြောများ၏ အသေးဆုံးယူနစ် = ကလပ်စည်း။0

ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် မတူခြားနားတယ်။ ယောက်ျားဦးနှောက်မှာ ရှေ့ဖက်ကနေ နောက်ဖက်ဆီ သွားလမ်းရှိပြီး ဘယ်နဲ့ညာ ကြားဖြတ်တာတွေရှိတယ်။ မိန်းမဦးနှောက်မှာ ဘယ်နဲ့ညာ ကန့်လန့်ဖြတ်သွားလမ်းတွေ ရှိတယ်။ ဒါကိုကြည့်ရင် ယောက်ျားတွေက လေ့လာသင်ယူမှုမှာ အားကောင်းကြပြီး၊ တခုတည်းသောကြွမ်းကျင်မှုကို လုပ်ဆောင်နိုင်ကြတယ်။ ဥပမာစက်ဘီးစီးတာ၊ ခရီးလှည့်လည်တာမျိုး။

မိန်းမတွေကတော့ တာဝန်အများကိုလုပ်ဆောင်နိုင်စွမ်းရှိကြတယ်။ အမျိုးသမီးတွေက အာရုံစူးစိုက်မှု၊ စကားလုံးဝေါဟာရ၊ လူမှုရေးရာတွေမှာ ပိုသာကြတယ်။ အမျိုးသမီးတွေက သုံးဖက်မြင်ရှုတာမျိုးနဲ့ အာရုံခံ + ကြွက်သာလှုပ်ရှားမှု မြန်နှုန်းမှာ ပိုသာကြတယ်။ ပင်ဆယ်လ်ဗေးနီးယား ပညာရှင်တွေက တွေ့ရှိလာတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆
၂၉-၈-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...