Friday, August 25, 2017

Pregnancy Smile ထပ်ပြင်လိုက်တယ်

နိုင်ငံတခုမှာနေတဲ့ ကိုယ်ဝန်ဆောင်တယောက်မေးပါတယ်။ မေးခွန်းထဲက သတ်ပုံတွေပြင်လိုက်ရတယ်။

အမူးပြောက် = အမူးပျောက်
ဒုတိယကိုဝန်ဆောင်ထားဒါ = ဒုတိယကိုယ်ဝန်ဆောင်တာ
ခြူချာ = ချူချာ
သကြားဒတ် = သကြားဓါတ်

သတ်ပုံမှားရေးလည်း ဖြေပါတယ်။ တလောက နှစ်ယောက်ကနေ မဖြေဘူးထင်ပြီး စွပ်စွဲတာခံရတယ်။

ကျေးဇူးတင်လိုက်တာဆရာ ကျွန်မက့ နိုင်ငံမှာမို့ သိပ်နာမလည်လို့ အရေးအကြောင်းဆို ဆရာ့ကိုပဲအားကိုးနေရလို့ပါ။ ဆရာကျန်းမာပါစေ။ လူနာအပေါ်မှာ စေသနာအပြည့်နဲ့ ကူညီဖြေညွှန်ကြာပေးတဲ့ ဆရာသက်တော်ရာကျော်ရှည်ပါစေ။

ထပ်ပြင်လိုက်တယ်။ စေသနာ = စေတနာ။ Smile!

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...