Friday, August 25, 2017

B for ဗမာဗီတာမင်

မနှစ်က ဒီနေ့မှာ

တောင်သူ့သား၊ စိုက်စားစရာမြေမရှိ၊ တောမှာမွေးပေသိ၊ မြို့တွေမှာနေရတာ ဇာတာသက်ထက်လျှော့တာ ၅ နှစ်တိတိ၊ မွေးရပ်မှာမနေရတာ နှစ်အစိတ်မကရှိ။

ဧရိယာစတုရန်းမိုင် ၃့၈ သန်းရှိတဲ့တိုင်းပြည်ကြီးမှာ စိုက်ပျိုးစရာ တလက္မမှ မပိုင်ရှိ။ ဒါပေသိ ပူစရာမရှိ၊ အသိ မိတ်ဆွေတွေက ပေါများပါဘိ။

အခင်းမရှိ၊ ဈေးနှုန်းမသိ၊ ခြေထောက်မရှိတဲ့ အသီးအရွက်တွေဟာ အိမ်တိုင်ယာရောက် ပေါက်ချလာ၏။

ချဉ်ပေါင်လည်းပါ၊ မြင်းခွါနဲ့ ခွေးတောက်ရွက်၊ ခေါင်းရွက်သည်ဆီကမဟုတ်၊ အမေရိကမှာလုပ်တဲ့ ဗမာဗီတာမင်သုံးထုပ် ဖြစ်တော့၏။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆
၂၆-၈-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...