Fake Photos ပုံတုတွေ

တခြားနေရာကပုံတွေ စာတွေကိုကူးယူပြီးမေးကြတယ်။ ဘယ်သူကမေမေး မဖြေပါ။ ကနေ့ ၂ ယောက်ရှိပြီ။ သိချင်သူက လူနာရဲ့ အချက်အလက် ၁-၂-၃ ရေးမေးရင် ဖြေပါတယ်။ အင်တာနက်ကပုံတွေ ကြောငြာပုံတွေ တချို့ပို့စ်ကပုံတွေကို စစ်တယ်လို့ မထင်ပါ။ ကျွန်တော် နှစ်ပေါင်းများစွာ လူနာပေါင်းများစွာကို မျက်စိနဲ့ လက်နဲ့ မြင်သိပြီး ကုသပေးခဲ့ပါတယ်။ အဲလို တချို့ပုံတွေထဲကလို မြင်တဲ့သူကို အော့နှလုံးနာစရာမျိုး မတွေ့ခဲ့ပါ။ ပြုပြင်ထားတဲ့ပုံတွေကို တသက်လုံးမပို့ကြစေလိုပါ။ မမေးကြစေလိုပါ။ ပုံတင်သူကိုသာ မေးကြပါ။

ပုံအစစ်တွေ
လိင်လမ်းပုံတွေ၊ အညစ်အကြေးပုံတွေကို လိုသလားမေးပြီးမှသာ ပို့ကြပါခင်ဗျား။ ကန်တော့ပါ။ တချို့က ကလေးဝမ်း၊ တချို့က သွေးဆင်းတဲ့ပုံတွေ ပို့တယ်။ အဲတာတွေက မျက်စိနဲ့ကြည့်ရတာမျိုး မဟုတ်ပါ။ မိုက်ကရိုစကုပ်နဲ့သာ စစ်ရတာ။

ကျွန်တော့်မှာ ရုံးခန်းမရှိပါ။ ကိုယ့်အိမ်မှာပဲ စာတွေရေး၊ မေးတာတွေဖြေရပါတယ်။ ကျွန်တော့်အနားမှာ မိသားစုဝင်တွေ၊ အလည်လာသူတွေက အမြဲလိုလိုရှိတတ်တယ်။ တခါတလေ ဘုန်းကြီးကျောင်းမှာ။ အရုပ်တွေက မေးခွန်းနဲ့အတူ တန်းပေါ်လာတယ်။ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေလည်း မဖွင့်ရဲပါ။

Email အီးမေးလ်
အီးမေးလ်မှာ စာရေးရင် အပေါ်မှာ အကြောင်းအရာ ခေါ် ခေါင်းစဉ်သာရေးရတယ်။ အောက်မှာစာရှည်ရှည်ရေးရတယ်။ အပေါ်မှသာရေးလို့ မေးခွန်းက အဆုံးထိမပါလာ။ ဖြေမရပါ။ ရတာကိုဖြေပြန်ရင် ကျွန်တော့် ဖြေထားပြီးလို့ ပြန်မသိနိုင်။

Privacy ပုံပို့ခြင်း စည်းကမ်း https://doctortintswe.blogspot.com/2017/07/privacy.html

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး