Breast Question ရင်သားမေးခွန်း

ဆရာရှင့် မိန်းခလေးတချို့ breast ကြီးဖို့ဆေးသောက်ကြတာဟာ ခန္ဓာကိုယ်အတွက်ဘယ်လို side effect များ ရနိုင်ပါသလဲဆရာ။ မသောက်သင့်ဖူးလို့တော့ထင်ပေမဲ့ ပြည့်ပြည့်ဝဝမသိတဲ့အတွက်ပြန်လည်ပြီး ဗဟုသုတမျှဝေချင်လို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

ဘာဆေးလဲ မသိပါ။ ဟော်မုန်းဆေးဖြစ်ရင် ဟော်မုန်းသက်ရောက်မှုတွေဖြစ်နိုင်။ ဆေးအမည်သိရင် မေးနိုင်။

ရောင်းနေတဲ့ဆေးအမည်တွေ အများကြီးရှိတယ်။ ဆေးကြောငြာအရ အများဆုံးရောင်းရတာသုံးမျိုးကတော့ Total Curve Complex ဆေး၊ Breast Success pills and cream ဆေးနဲ့ Breast Actives pills and cream ဆေးတွေလို့ဆိုပါတယ်။ စာကို ဆက်ဖတ်ပါရန်။

ရင်သားအတွက်လည်း အီစထိုဂျင်ဆေးကို အများဆုံးသုံးကြပါမယ်။ သဘာဝအီစထိုဂျင်နဲ့ ဆေးပြား၊ ခရင်မ်တွေ ဖြစ်ပါမယ်။ သွေးဆုံးအမျိုးသမီးတွေကိုလည်း ဟော်မုန်းအစားထိုးနည်းအဖြစ်ပေးတယ်။ အီစထိုဂျင်ဆိုတာ အမျိုးသမီးဟော်မုန်းလို့ ပြောကြတာများတယ်။ အတိအကျတော့ မမှန်ပါ။ ယောက်ျားမိန်းမ လူတိုင်းမှာ အလိုလို ကိုယ်ကနေ ထုတ်ပေးတယ်။ အနည်းအများ မတူကြ။ အသက်အရွယ်နဲ့ အချိန်ကာလအရ အတက်အကျ မတူကြပါ။ ဟော်မုန်းဆိုတာ အချိုးအစား မျှတနေရတယ်။ မျှခြေပျက်တာနဲ့ ဇီဝကမ္မခေါ် ပုံမှန်အလုပ်တွေအဆင့်ကနေ ရောဂါဗေဒဖြစ်စဉ်ဖြစ်သွားမယ်။ ခြောက်ပြောတာ မဟုတ်ပါ။ ကင်ဆာဖြစ်မှာကို သတိထားရတယ်။

အများသုံး ဟော်မုန်းနှစ်မျိုးပါ ကိုယ်ဝန်တားဆေးတွေထဲမှာ အီစထိုဂျင်ပါတယ်။ အဲတာကနေ မျိုးပွါးလမ်းအင်္ဂါတွေကို သက်ရောက်စေတယ်။ တတယောက်နဲ့တယောက် မတူပါ။ အလွယ်မြင်နိုင်တာက တချို့ လူဝလာတယ်။ ရင်သား တင်း-နာ-ရောင်မယ်။ အဲလိုဟော်မုန်းကြောင့် လူဝတာ၊ ရင်သားထွာတာဟာ ဆဲလ်လေးတွေနဲ့ ဘေးကတွယ်ဆက်တစ်ရှူးတွေမှာ ကိုယ်ရောင်သလို အရည်ပိုများလာလို့ဖြစ်တယ်။ တည့်တည့်ပြောရရင် ကိုယ်ရောင်တာဖြစ်တယ်။

ထိုင်းနိုင်ငံမှာ Kwao krua တိုင်းရင်းဆေးကို ရင်သားကြီးထွားအောင်သုံးနေတာကြာပြီ။ Pueraria mirifica အပင်က ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ မြန်မာနိုင်ငံမှာ အလေ့ကျပေါက်တယ်။ အဲတာကို ဗဂျိုင်းနားဆေးလို့လည်း ရောင်တယ်။ စာကို ဆက်ဖတ်ပါရန်။

ရင်သားဆိုတာ အရွယ်အရပြောင်းတယ်။ ပြောင်းလာမှာကို စောင့်ချင်စိတ်မရှိသူ မနည်းပါ။ အဲဒီလိုအင်ဆန္ဒကိုသိတော့ ပိုက်ဆံရှာရတာ မခက်ပါ။ ဒေါ်လာသန်းပေါင်းများစွာ စီးပွါးဖြစ်တယ်။ FDA နဲ့ Better Business Bureau တွေကနေ ထုတ်ပြန်ထားတာရှိတယ်။ ဘယ်ရင်သားထွားဆေးမှ လက်တွေ့သက်သေပြနိုင်အောင်မစွမ်းပါတဲ့။ ဆေးလုံးတွေ၊ ခရင်မ်တွေသာမကပါ ကရိယာတွေ၊ လေ့ကျင်ခန်းနည်းတွေကနေလည်း အာမခံချက်မရှိပါတဲ့။ ဆောရီး။

1. Breast Beauty ရင်သားအလှ http://doctortintswe.blogspot.com/2014/12/breast-beauty.html
2. Breast Enlargement ရင်သားအမေး http://doctortintswe.blogspot.com/2016/02/breast-enlargement.html
3. Breast Implant ရင်သားအတု http://doctortintswe.blogspot.com/2014/10/breast-implant.html
4. Breast Massage ရင်သား နှိပ်နယ်ခြင်း http://doctortintswe.blogspot.com/2015/03/breast-massage.html
5. Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း http://doctortintswe.blogspot.com/2014/10/breast-reconstruction.html
6. Breast reduction ရင်သားသေးအောင်လုပ်ခြင်း http://doctortintswe.blogspot.com/2016/04/breast-reduction.html

ကွန်မင့်မှာ မဖွယ်မရာရေးတာကို ဖျက်ပါမယ်။ လိုအပ်ရင် ဘလော့ပါမယ်။ ကြော်ငြာလည်း လာမတင်ပါနဲ့။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး