Breast Beauty ရင်သားအလှ

ရင်သားရဲ့ လှပမှု၊ ကြည့်ကောင်းမှု၊ ဆွဲဆောင်မှုဆိုတာ အပေါ်ပိုင်းဗလာ မော်ဒယ်တွေကလွဲရင် တခုခုကို ဝတ်ထားရင်း အကဲဖြတ်ကြရပါတယ်။ အဝတ်ဗလာကိုကြည့်ရတာ မဟုတ်ပါ။ ဒါဟာ အားသာချက်တခုပါ။ စမ်းသပ် လေ့လာမှုတခုအရ အမျိုးသမီး ၉၅% ဟာ သူတို့နဲ့ အသင့်တော်ဆုံး ဘရာကို မဝတ်ကြဘူးတဲ့။ ဒီလိုဖြစ်နေတာ မသိရှာကြဘူးလို့ပါ ဆိုလိုက်သေးတယ်။ ဒါ့ကြောင့် ခွက်နဲ့ ရင်အတိုင်းအတာတွေ မမှန်တဲ့အခါ တချို့မှာ ချောင်၊ တချို့မှာ ကြပ်၊ အကဲဖြတ်တော့ အမှတ်နည်းရော။

Bra size ရဲ့ Band size ဆိုတာ ပေကြိုးကို ရင်သားအောက် နေရာမှာထိ အတိအကျ တိုင်းရတယ်။ ခပ်တင်းတင်းထား တိုင်းပါမှ ချောင်မနေမှာ။ ဝတ်ကြည့်လိုက်လို့ လက်တချောင်းထက် ပိုဝင်နေရင် ကျယ်နေတယ်။ Cup Size တိုင်းတာလဲ အဲလိုဘဲ။ ရင်သား အဝိုင်းကို ပေကြိုးပတ်တိုင်းတယ်။ ဆိုပါတော့ ၃၃ လက္မ္မရှိနေသူဟာ 34D Cup ဝတ်မှ အံကျဖြစ်မယ်။ ဝတ်ပြီး မှန်ရှေ့မှာကြည့်လို့ ရင်သားဟာ ဘရာဘေးကနေ စူနေရင် သေးတယ်။ အရွယ်သေးနေလို့ အတွင်းကနေ Synthetic nylon padded brassieres လူလုပ်ပစ္ပ္စည်း တမျိုးမျိုးခံတဲ့အခါ နိုင်လွန် မသုံးသင့်ပါ။ တချိန်မှာ ကင်ဆာ မဖြစ်ဘူး မပြောနိုင်လို့။

ရင်သားတွဲကျနေတယ်ဆိုတာ နှိုင်းပြီးအကဲဖြတ်တာဖြစ်တယ်။ အရင်လို မဟုတ်တော့ဘူး၊ သူများလောက် မလှဘူး။ အလိုဆန္ဒအရ ပြင်စရာတခုလို့ သတ်မှတ်လိုက်တာပါဘဲ။ လူကောင်သေးသူက ထွားချင်သူရှိသလို Small is beauty သေးတာကိုက လှတာလို့ လက်ခံသူတွေလည်း ရှိတာပါဘဲ။ သူများတွေဆီမှာတော့ ရှားတယ်။ မြန်မာပြည်မှာ အပျိုကြီး ဖြစ်ရခြင်းအကြောင်းတွေ ပြေကြ၊ နောက်ကြ၊ ရေးကြတာ မနည်းဘူး။ အားနာလို့လား၊ ရိုင်းမှာစိုးလို့လားတော့ မပြောတတ်ဘူး။ ရင်သားသေးငယ်လို့၊ တင်းတင်းရင်းရင်းမရှိလို့ ဆိုတာ အကြောင်းခံအနေနဲ့ရေးကြတာ မတွေ့ရပါ။

ရင်သားမှာ ကြွက်သားမပါသလောက်ပါ။ ကြွက်သားကို လေ့ကျင့်ခန်းနဲ့ သန်မာအောင်၊ ကြီးထွားအောင် လုပ်နိုင်တယ်။ ရင်သားကိုတည်ဆောက်ထားတာက အတွင်းထဲမယ် အဆီသာ များတယ်။ နို့ပြွန်-နို့အိတ်လေးတွေနဲ့ အဲဒါတွေကို တွယ်ဆက်တစ်ရှူးတွေသာ ရှိတယ်။ ရင်ပတ်နံရံက ကြွက်သားပြားတွေ အပေါ်မှာ တင်ယုံတင်နေတာမို့ အထိန်းအကွပ် မရှိဘူး။ ဒါ့ကြောင့် သိပ်လွတ်လပ်တယ်။ သူ့ အလေးချိန်နဲ့သူ ကမ္ဘာ့ဆွဲအားနဲ့ အောက်ဖက်ကို ဦးတည်နေတယ်။ ခုန်ရလေလေ အောက်ကျလေ။

ဗလာခေတ်အရင် ဘရာခေတ်၊ ဘောဒစ်ခေတ်၊ ဒိအရင်က ဇာဘော်လီခေတ်။ ရှေးတုံးက ရင်စီးခေါ်တာကို ကြပ်နေအောင် ဝတ်ခဲ့ကြတာပါ။ အဝတ်မပေါ်ခင်ကတော့ ဗလာပေါ့။ လူတွေ ယဉ်ကျေးလာသလို ခေတ်နဲ့လဲ လိုက်အောင် ဝတ်စားလာကြလို့ ဖြစ်တယ်။ အာဖရိကမှာ အခုထိ အပေါ်ဗလာရှိသေးတာက ခေတ်မီတာ မဟုတ်မှန်း လူတိုင်း အသိပါ။

သိပ်ကြပ်တာကတော့ ကျန်းမာရေးအရမကောင်းပါ။ တွဲကျနေတာမှာလဲ မတူကြပါ။ အသက်အရွယ်ကြီးလို့၊ ကလေးတွေ မွေးရတာများလို့၊ အနေအထိုင် ဂရုတစိုက် မနေတတ်လို့၊ ငယ်တုံး-ပျိုတုံးကလို မဟုတ်တော့ဘဲ ရင်သားနှစ်ဖက်ဟာ သိပ်သိသိသာသာကြီး တွဲ-ပျော့-ကျလာတယ်။ တချို့ ငယ်ငယ် ရွယ်ရွယ်နဲ့ ကြည့်ကောင်းအောင်ကျနေတာမျိုးလဲရှိတယ်။ ရင်သားရဲ့ထိပ် နို့သီးဟာ ရှေ့တည့်တည့်ကနေ မြင်ရရင် အလည်ရဲ့ အောက်နားလေးမှာ ရှိနေတာက ခေါင်းလောင်း ဆွဲထားသလို အသီးထိပ်ဖျားဟာ အောက်စိုက်နေတာထက် ကြည့်ပျော်ရှုပျော် ရှိပါမယ်။ အရပ်လည်းရှည် ကျောယားလည်းရှည်တာမို့ သူ့လောက် အရပ် မရှည်သူတွေထက် ရင်သားက အောက်ကျနေလိမ့်မယ်။ ဓါတ်ပုံရိုက်ကြည့်ရင် ပခုံးကနေ ရင်သားထိပ်နေရာဟာ သူများတွေထက် ကွာဝေးပေမဲ့ အချိုးအဆက်ကျနေလို့ လှတယ်ပြောကြမှာပါဘဲ။

ရင်သား အချိုးအစားကျမှုဆိုတာ လူအများမြင်ရမဲ့၊ မြင်စေအာင်လုပ်လေ့ရှိတဲ့ ရင်သားအပေါ်ပိုင်းနေရာထက် နို့သီးကနေ အောက်နဲ့ နောက်ဘက် ရင်ပတ်နံရံဆီ သွားတဲ့နေရာသာ ဖြစ်ပါမယ်။ ဆူပါမော်ဒယ်တွေ၊ မူဗီစတား မင်းသမီးချောတွေ Evening Gowns, Cocktail Dresses, Prom Dresses ဝတ်စုံတွေနဲ့ ဓါတ်ပုံအရိုက်ခံလို့ သိပ်လှချင် လှပေမဲ့ အပေါ်ဗလာပြဘို့ မလှသူတွေ ရှိတယ်။ ဘေးတိုက်ကြည့်မယ်ဆိုပါစို့။ မျဉ်းကွေးက ဘယ်လိုလဲ။ ပစောက် ပုံလား။ ရကောက်ပြောင်းပြန်လိုလား။ နို့သီးဖက်က မျဉ်းထက် ရင်ပတ်ဖက်က မျဉ်းဟာ ပိုရှည်နေလေလေ အလှ နည်းလေလေ။ အရွယ်သေးပေမဲ့ အချိုးအစားကျတာက သာပါမယ်။ ဘရာ Cup size တူသူ နှစ်ဦးဟာ Deep cleavage အတူဖြစ်ချင်မှ ဖြစ်မယ်။ ချိုင်းအောက်နေရာ ပတ်လည်ကျဉ်းသူတွေမှာ Cleavage ပိုသိသာမယ်။ ကောက်ကြောင်းက ဆွဲဆောင်မှုမှာ အလေးသာတယ်လို့ ပြောတာတွေ ရှိတယ်။

ကလေး နို့တိုက်ရာမှာလဲ နှစ်ဘက်ကို ညီတူမျှတူ တိုက်ပေးရမယ်။ တဖက်ဖက်မှာ အလုံး-အကြိတ်-အနာ ခွဲထုတ်ထားရရင် အဲဒီဘက်က ရင်သားအရွယ်သေးနေမှာဘဲ။ Nourishing cream လိမ်းတာနဲ့ လေ့ကျင့်ခန်းလုပ်ပါလို့ အလှအပ၊ ကျန်းမာရေးအကြံပေး ဈေးရောင်းသူတွေကဆိုပါတယ်။ လိမ်းရာမှာ ရှေ့ကနေလိမ်း၊ ရင်သား နှစ်ခုလုံး နှံ့အောင်လိမ်း၊ ၁ဝ-၁၅ ကြိမ်၊ နာရီလည်သလိုနဲ့ ပြောင်းပြန် လိမ်းနယ်ပေးရတယ်လို့ ပြောပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်သူတွေ အတွင်းခံ ကောင်းကောင်းမဝတ်ရင် ရင်သား တွဲကျလာမယ်။ Drooping or Sagging breasts မဖြစ်ရအောင် Good supportive bra ဝတ်ဆင်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်တွေမှာ ဝတ်ပါ။

Breast Exercise ရင်သား-လေ့ကျင့်ခန်း
၁။ အခင်းပေါ်မှာ လှဲအိပ်ပါ။ လက်တဖက်စီထဲမှာ ဝိတ်ကိုင်ပြီး၊ ပခုံးဘေးကို လက်တွေ ဆန့်တန်းထားပါ။ နောက် လက်တွေ အထက်မြှောက်ပါ။ အလေးတွေက ရင်ပတ်ပေါ်မှာ လာတွေ့စေအောင် တဒေါင်ဆစ်ကို နဲနဲ ကွေးထားပါ။ ပြီးတော့ လက်ကို ပြန်ဆန့်ထုတ်ပါ။ ၁၃-၁၅ ကြိမ် လုပ်ပါ။

၂။ အခင်းပေါ်မှာ လှဲအိပ်ပါ။ လက်တဖက်စီထဲမှာ ဝိတ်ကိုင်ပြီး လက်ကို အထက်မှာ ဆန့်တန်းထားပါ။ ပြီးရင် အောက်ချရင်း ကွေးပါ။ တဒေါင်ဆစ်ကို ပခုံးနဲ့ တန်းတန်းထားပြီး၊ အလေးတွေက ရင်ပတ်ဆီ ကျလာအောင် ချပါ။ ၁၃-၁၅ ကြိမ် လုပ်ပါ။

၃။ မတ်တပ်ရပ်ပါ။ လက်တဖက်စီထဲမှာ အလေးကိုင်ထားပါ။ လက်ကို ပခုံးနဲ့တန်းတန်း ဘေးဘက်တည့်တည့် ဆန့်တန်းပါ။ အလေးကိုင်ထားတဲ့ လက်အဖျားတွေကို ၁ ပေအချင်းရှိမဲ့ ပဌမ ရှေ့ဝိုင်း၊ ဒုတိယ နောက်ဝိုင်း ၁၅ ခါစီ စက်ဝိုင်းဝိုင်းပါ။

Breast Care ရင်သားကို ဘယ်လို ဂရုစိုက်မလဲ
ရင်သားအတွက် အာဟာရ၊ တိရစ္ဆ္ဆာန်အဆီ လျှော့စားပါ။ ငါးအဆီ ပိုစားပါ။ သံလွင်ဆီကို အစားထိုး သုံးပါ။ ဗီတာမင် C, E, Beta-carotene ဗီတာမင် A precursor နဲ့ ဓါတ်ဆား Selenium တွေ အပိုဆောင်းပါ။ Antioxidant-rich ဖြစ်တဲ့ အသီးအနှံ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေ၊ ဥပမာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုံလာဥဝါ၊ ခရမ်းချဉ်သီး၊ မုံလာပွင့်၊ မုံလာထုပ်။ Fibre ပါတဲ့ Oats အုတ်စပါး၊ Rye ရိုင်းစပါး၊ Millet ပြောင်းနှံ၊ Brown rice ဆန်လုံးညို၊ Beans ပဲသီးတောင့်။ Protein ပရိုတင်း များများစားပါ။ Alcohol အရက်သေစာ မတည့်ပါ။ Coffee ကော်ဖီ၊ Cola ကိုလာ၊ Chocolate ချော့ကလက်နဲ့ Strong tea လက်ဖက်ရည် ပြင်းတာတွေ လျှော့ပါ။

အမျိုးသမီးရင်သား ဘယ်ဘက်က နည်းနည်းပိုထွားတယ်ဆိုရင် မှန်တာများတယ်။ ကလေးမွေးပြီး၊ နာမကျန်းဖြစ်ပြီး၊ ရာသီရက်မမှန်ဖြစ်ပြီးသူတွေမှာ ရင်သားပုံပန်း ပြောင်းလာစေတယ်။ အိပ်ရင် ဘေးတဖက်ကို တလှည့်စီ စောင်းအိပ်ပါ၊ ရင်သားအောက်မှာ အခုအခံ အနေတော် တခုခုခံပြီး အိပ်ပါ။ ရင်သား ကြီးမားလေးလံလွန်းနေသူတွေ သူ့အလေးချိန်နဲ့သူ လေးလို့ နာနေရင် ခွဲစိတ်-ပြုပြင်ကြရတယ်။ သိပ်ကျလို့ မဟုတ်ဘဲ သိပ်လှချင်လို့ ခွဲစိတ်ပြီး Breast implants ရင်သားထဲ ပစ္စည်းတု ထည့်သူ အမေရိကားမှာ ၂ သန်း ရှိနေပြီ။ လှတာမက်လို့ ခက်သူတွေလဲ မနည်းပါ။ အသက်ပါပေးလိုက်ရသူ တယောက်ကတော့ ဂျာမန် အပြာမင်းသမီး Caroline Wosnitza ဟာ ရင်သားကို 34F ကနေ 34G ဖြစ်အောင် ဆဌမအကြိမ်မြောက် ခွဲစိတ်အပြီး ကိုးရက်အကြာ ၂၁-၁-၂ဝ၁၁ နေ့မှာ သေဆုံးသွားရရှာပါတယ်။

လူပြော အများဆုံး လူ့အပြင်အင်္ဂါဟာ ရင်သားပါလို့ဆိုကြတယ်။ ထုတ်မပြောတောင်မှ စိတ်ထဲက မှတ်ချက်ချနေရတဲ့ အလှအပပစ္စည်း ဖြစ်ပါမယ်။ ဘာလို့များ ဒါကို ပိုပြီးစိတ်ဝင်စားကြလဲ၊ ဂရုထားကြသလဲ၊ လူပြောများသလဲ။ Theory of Difference ကွဲလွဲမှုသီအိုရီ၊ လူ့စိတ်ဟာ သူ့မှာ မရှိတာကို စိတ်ဝင်စားကြတယ်။ ကျား-မ အပြန်-အလှန် တူကြပါတယ်။ Theory of Deprivation မမြင်ဘူးတာ၊ မမြင်ရတာမျိုးကို ပိုသိခြင်-မြင်ချင်စိတ် သီအိုရီ။ Theory of Sexual Connection လိင်ဆက်စပ်မှု အီအိုရီက ပိုပြီး မှန်နိုင်တယ်။ The Oedipus Complex Theory ဆိုတဲ့ စိတ်ပညာ သီအိုရီဆိုတာ သားကနေ ဖအေကို မသိစိတ်ကနေ မနာလို ဖြစ်တဲ့ သဘောကို အခြေခံတာ။ သမီးမိန်းကလေးလဲ အဲလို ရှိနိုတယ်လို့ စိတ်ပညာရှင် Freud ကဘဲ ပြောတယ်။

ရင်သားမှာဖြစ်တဲ့ ရောဂါအားလုံးဟာ အမြင်အရ ကြည့်မလှသူ၊ ဆွဲဆောင်မှုသိပ်မကောင်းသူ၊ ဓါတ်ပုံမစားသူတွေမှာသာ ဖြစ်ရတယ်လို့မရှိပါ။ ပြင်သစ်မင်းသမီး Brigitte Bardot ဘားဒေါ့နဲ့ သြစတေးလျအဆိုတော် Kylie Minogue ကိုင်လီ တို့မှာ ရင်သားကင်ဆာ ရှိကြတယ်။

ရင်သားတွဲကျနေတာကို တင်းတင်းရင်းရင်း ဖြစ်လာဘို့ လွယ်တာတော့မဟုတ်ပါ။ သက်ရှိအင်္ဂါတွေဟာ ဖြစ်ပြီးသား၊ ပျက်ပြီးသား အခြေအနေကနေ ပြုပြင်ပြောင်းလဲဘို့ စနစ်ကျတဲ့ နည်းအမျိုးကို အားကိုးချင်တာကတော့ မှန်ကန်ပါတယ်။ ဆရာဝန်တွေချည်း အားကိုးမရဘူးထင်ရင် တိုင်းရင်းနည်း၊ ဟာဘယ်နည်း၊ စတာတွေလဲ လှည့်တတ်တယ်။ နည်းပညာ သစ်တွေလဲ တိုးတက်နေတာမို့ ဆေးကုရာမှာလဲ အရင်ကထက် ပိုကောင်းလာတာတော့ မှန်တယ်။ ဒါပေမဲ့ နတ်ရေကန်ထဲချသလို အားလုံးကောင်းအောင်တော့ လုပ်မရနိုင်ပါ။

Breast ရင်သားကြော်ငြာဆေး https://doctortintswe.blogspot.com/2017/02/breast.html
Breast Question ရင်သားမေးခွန်း https://doctortintswe.blogspot.com/2017/08/breast-question.html
Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ https://doctortintswe.blogspot.com/2014/11/breast-enlargement.html
Breast Massage ရင်သား နှိပ်နယ်ခြင်း https://doctortintswe.blogspot.com/2014/11/breast-massage.html?q=breast+massage

Dr. တင့်ဆွေ

Comments

  1. ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်.,ရွှေမတွေလင်မယူကြတော့တဲ့ အပျိုကြီး မမတွေ များလာနေပြီတဲ့နော်.အမျိုးသမီး အတော်များများဟာ မန်မာနိုင်ငံ ဘာဘဲဖြစ်ဖြစ်ယောက်ျား အငှားလိုက်သည်..တစ်လကို ဒေါ်လာ ၁၂၈၀ ရှိ လတ်တလောတွင် အမျိုးသားပြည့်တန်ဆာများ ကိစ္စကို စာနယ်ဇင်းများမှ ထုတ်ပြောလာရသည်အထိ ထင်ထင်ရှားရှား ဖြစ်လာနေသည်။ အင်တာနက် လူမှုကွန်ရက်များမှ တစ်ဆင့် အမျိုးသားပြည့်တန်ဆာများဈေးကွက်ကို ပိုမိုချဲ့ထွင်လာမှုကို စာနယ်ဇင်းတို့က ထောက်ပြနေသဖြင့် ဈေးကွက်အတွင်းနှင့်အပြင် နှစ်ရပ်စလုံး လှုပ်လှုပ်ရွရွ ဖြစ် ကုန်ကြတော့သည်။အထူးသဖြင့် နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်ရှိ ယင်းတို့နှင့်ပတ်သက်ရာ လူနည်းစုအသိုင်းအဝိုင်းနှင့် ယင်းတို့အားဝန်ဆောင်နေကြရသော ပုရိသတို့က ပိုအလှုပ်ဆုံးဖြစ်နေသည်။ဆူးလေလမ်းမကြီး အနီး၌ တစ်ခါတစ်ရံ လာေ ရာက်ကာလုပ်ကိုင်နေ ကြရသည့်န်ကုန် တွင် ရှိနေ သည်မှာ ကြာနေပြီဖြစ်ပြီး၊ ဂျာနယ်များကြောင့် ယခုမှသာ ယခင်ကထက် လူပိုသိလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည် လမ်းပေါ်ထိုင်စောင့်နေတာနဲ့၊ ဆိုင်နဲ့ထိုင်တာ ဒီလိုပဲကွာပါတယ်”ဟု ထိုသူက ပြောသည်။အသက် ၂ဝကျော် အမျိုး သမီးတို့၏ လိင်ကိစ္စအတွက် အမျိုးသားလူငယ်တို့ကိုထား ရှိပေးကြောင်း မီဒီယာတို့ကဖော်ပြခဲ့ကြသည်။”တော်တော်တော့ကြာပြီ။ မှတ်တောင်မ မှတ်မိတော့ဘူး။ စကော့ဈေး နားမှာလေ။ အများဆုံးရှိတယ် မိန်းမ တွေကတော့ ဒါမျိုးလေးကိုကြိုက်တာ ဒေါ်လာ ၂၀ တောင်းတယ်။ ၁၀၀/၅၀၀ဒ်ါလာ,ရွှေမတွေဘယ်ခေတ် ဘယ်အစိုးရတက်တက် ဒီလိုတွေပဲရင် ဆိုင်ကြုံတွေ့ရဦးမယ်


    ရင်သားမှာ ကြွက်သားမပါသလောက်ပါ။ ကြွက်သားကို လေ့ကျင့်ခန်းနဲ့ သန်မာအောင်၊ ကြီးထွားအောင် လုပ်နိုင်တယ်။ Olive ဆီ နဲ့Breast(ကြီးသထက်ကြီးအောင်)ဂျုံနယ်သလိုစိတ်တိုင်းကျဆုပ်နယ်နြေ နည်းမျိုးစုံ.. (ကြီးသထက်ကြီးအောင်ဂျုံနယ်သလိုစိတ်တိုင်းကျ ဆုပ်နယ်နြေ ဖောင်းပွလာတာ တွေ့ရတယ်အယ်နေတာပဲ
့အောင်ကြိုးစားကြပေါ့)မြန်မာနိုင်ငံတွင်လည်း မိန်းကလေးများသည်(လိင်)ဟာ ဆေးဝါးတစ်မျိုးပါ)

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး