တရုပ်ကလာတဲ့ အဆိပ်သင့် အစားသောက် (၅) မျိုးရှောင်ပါ

နိုင်ငံတကာသတင်းခေါင်းစဉ်တွေမှာ နာမည်ဆိုးနဲ့ပါတဲ့ တရုပ်လုပ်အစားအသောက်တွေထဲမှာ နို့မှုံနဲ့ ပျားရည်လဲပါခဲ့တယ်။ အခုလဲ တရုပ်နယ်စပ်ကနေထွက်လာတဲ့ အစားအသောက်တွေထဲမှာ အဆိပ်တွေပါနေတယ်။ အမေရိကန် FDA ကတောင်မှ နိုင်ငံခြားကနေဝင်လာတဲ့ အစားအသောက်မှန်သမျှရဲ့ ၂့၃% ကိုသာစစ်ဆေးနိုင်တယ်။ မစစ်နိုင်လို့ ဝင်လာတာတွေဟာ စားသုံးသူတွေရဲ့ ဆိုးလှတဲ့ကံတရားသာ ဖြစ်နေပါတော့တယ်။

စားသုံးဘို့မသင့်တဲ့ ထိပ်တန်းစာရင်းဝင် တရုပ်ကလာတဲ့အစားအသောက် (၅) မျိုးရှိတယ်။

(၁) Tilapia တီလာပီယားငါး
အမေရိကားမှာ ဒီငါးမျိုးတင်သွင်းမှုရဲ့ ၈ဝ%  ရှိတယ်။ တနှစ်မှာ ပေါင် ၃၈၂့၂ သန်းရှိတယ်။ တရုပ်မှာ တငါသည် သမီးလေးတွေ အသက် ၇ နှစ်နဲ့အပျိုဖြစ်နေတယ်။ ငါးမွေးရာမှာသုံးတဲ့ ဟော်မုန်းကြောင့်ဖြစ်ရတာပါ။ ပိုးသေဆေးတွေလဲ သုံးနေတယ်။

(၂) Cod ငါးကြီး
အမေရိကားကို တရုပ်ကနေ ၅၁% ဝင်တယ်။ တနှစ်မှာ ပေါင် ၇ဝ့၇ သန်းရှိတယ်။ တီလားပီးယားငါးလို အန္တရာယ်တူ ရှိတယ်။

(၃) Apple Juice ပန်းသီးဖျော်ရည်
အမေရိကားကို တရုပ်ကနေ ၅ဝ% ဝင်တယ်။ တနှစ်မှာ ဂါလန် ၃၆၇ သန်းရှိတယ်။ ပိုးသတ်ဆေး အကျန်တွေ အထဲမှာ ပါနေတယ်။ တရုပ်ဟာ ကမာမှာ ပိုးသတ်ဆေး အများဆုံးထုတ်လုပ်နေတယ်။ တရားမဝင်သုံးစွဲမှုလဲများတယ်။

(၄) Processed mushrooms ပြုပြင်ထားတဲမှို
စည်းသွပ်ဗူးနဲ့လာတဲမှို

(၅) Garlic ကြက်သွန်ဖြူ
Organic product အော်ဂဲနစ်လို့ရေးထားတိုင်း အစစ်မဟုတ်ပါ။

ဒီဆန်းစစ်မှုဟာ ၈-၅-၂ဝ၁၃ နေ့က House Committee on Foreign Affairs နိုင်ငံခြားရေးဝန်ကြီးဌာန အမတ်များ ကြားနာစစ်ဆေးပွဲမှာ အစစ်ခံထွက်ဆိုတားတာကို ကိုးကားချက်ဖြစ်ပါတယ်။ ကြားနာပွဲခေါင်းစဉ်က Hearing on the Threat of China’s Unsafe Consumables တရုပ်စားကောက်ကုန်ပစ္စည်းတွေရဲ့အန္တရယ်လို့ဖြစ်ပါတယ်။

တရုပ်ရဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုဟာ အတော်ဆိုးပါတယ်။ တရုပ်ပြည်ကမြစ်တွေ၊ ရေကန်တွေရဲ့ ၇ဝ% ဟာ ဓါတုနဲ့ အထည်စက်ရုံတွေက စွန့်ပြစ်ပစ္စည်းတွေနဲ့ ညစ်ထေးနေပါတယ်။ မကြာသေးခင်က တရုပ်ပြည်မှာ ညစ်ညမ်းမှု သိပ်မဆိုးလှသေးတဲ့ Zhejiang ဇီဂျန်းမှာနေသူတွေက အစိုးရအရာရှိတွေကို သူတို့ဆီကရေထဲကူးရဲရင် ယွန် ငါးသောင်း ပေးမယ်လို့ပြောကြပါတယ်။ တရုပ်ရဲ့ ရေ၊ မြေနဲ့လေထု ညစ်ညမ်းမှုကနေ ဘယ်လိုမှာ စိတ်ချလက်ချ စားသုံးနိုင်တဲ့ အစားအသောက်တွေကို စိုက်ပျိုး-မွေးမြူ-ထုတ်လုပ်နိုင်တာ မဟုတ်ပါ။

လင့်ခ်က ဗီဒီယိုကိုရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တက္ကသိုလ်ဘွဲ့ရ သတ္တိကောင်းလှတဲ့ ကျောင်းသားဟာ ၁၂ မိနစ်စာဗီဒီယိုအတွက် နာရီပေါင်း နှစ်ထောင်ရှည်ပြီး၊ အချိန်  ၅ နှစ်ကြာအောင် ရိုက်ကူးခဲ့တယ်။ ကုန်ကျစရိတ်အတွက် သူ့ကားနဲ့အိမ်ကို ယွန် ဂ သန်းနဲ့ ရောင်းချခဲ့ရတယ်။

http://www.theepochtimes.com/n3/231731-top-5-imported-foods-from-china-you-should-avoid/?photo=3

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၄
၃၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး