ပယ် နှင့် ပါယ်

၁။ တရားစာတခု တွေ့တယ်။ အကြိုက်ကို မပါယ်နိုင်သမျှ သင်သည် အပါယ်ကြိုက်သောဘဝမှ မလွတ်မြောက်နိုင်ပြီလို့ ရေးထားတယ်။ ပယ်နဲ့ ပါယ် ရောထွေးနေတယ်။

၂။ မင်္ဂလာပါဆရာ။ မဟာဗောဓိပင်မှာ ဘုရားရှင် (ကိန်းဝပ်စံပါယ်) (ကိန်းဝပ်စံပယ်) (ကိန်းဝပ်စံပ္ပယ်) တော်မူနေသည်။ ဘယ်ဟာ မှန်ပါသလဲဆရာ။ (ကိန်းဝပ်စံပါယ်) အမှန်လို့ထင်ပါတယ်။ သိပ်မသေချာလို့ပါခင်ဗျ။ နောက် စံပါယ် နဲ့ စံမြန်း သဘောတရား ဘာကွာပါသလဲဆရာ။

၃။ စပယ်ပန်းအောက်မှာ တယောက်က စပါယ်လို့ထင်ခဲ့ကြောင်းရေးတယ်။

၎။ မေးခွန်းတခုက အဓိပ္ပါယ်နဲ့ အဓိပ္ပာယ် မေးတယ်။

ပယ်
စံပယ်သည် (နေထိုင်သည်)
စပယ်ပန်း (အရင်က သင်ပုန်းကြီးဖတ်စာမှာ စ စပယ်ဖြူ မွှေးကြူကြူလို့ရေးတယ်။ စံပယ်ပန်းလို့လည်း အရင်ထုတ်သတ်ပုံမှာရေးတယ်။)
နယ်ပယ်
ပစ်ပယ်သည်
ပန်းစပယ်
ပယ်ခွဲ
ပယ်ချသည်
ပယ်စွန့်သည်
ပယ်စိတ်
ပယ်တဆဲ့ခြောက် (ပယ်တစ်ဆဲ့ခြောက် မဟုတ်ပါ)
ပယ်ထားသည်
ပယ်ထုတ်
ပယ်ပစ်သည်
ပယ်ပယ်နယ်နယ်
ပယ်ကြဉ်
ပယ်ရှင်းသည်
ပယ်လှန်
မြိုနီစပယ်
အပယ်မိဘုရား (ယခင်သတ်ပုံစာအုပ်တအုပ်မှာ မိဖုရား မဟုတ်)

ပါယ်
သပါယ်လျောက်ပတ်
အဓိပ္ပါယ်
အပါယ်ငရဲ
အပါယ်လေးပါး
အပါယ်လေးဘုံ
အလမ္ပါယ်
ဥပါယ်တမည် (ဥပါယ်တမျည်)

ပလ်
ပလ္လင်

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၇
၂၈-၁-၂ဝ၁၈


Comments