Posts

Showing posts from March, 2020

Stickers ဟောဒီက အရုပ်တွေရမယ်

Image
လက်နဲ့ စာမရေးအားကြသူများခင်ဗျား လက်မအားရင် အရုပ်တွေလည်း မပို့ကြစေလိုပါ။ ခွေးရုပ်၊ အကောင်ပုံ၊ အသဲပုံ၊ ရှိခိုး၊ လက်ညှိုးထိုး၊ လက်မထောင်၊ သံလက်သီး၊ အလေးပြု၊ Thanks, Good, 100% စတစ်ကာတွေရမယ် အီမိုဂျီတွေရမယ် ဂျီအိုင်အက်ဖ်တွေရမယ် ကျမလည်း စာမရေးအားပါရှင်။ လက်နဲ့ စာမရေးအားကြသူများ အချိန်ကို တန်ဖိုးရှိတာမှာ သုံးနိုင်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

BCG ဘီစီဂျီကာကွယ်ဆေး နှင့် ကိုရိုနာဗိုင်းရပ်စ် သတင်း

Image
ဘီစီဂျီ ခေါ် တီဘီရောဂါကာကွယ်ဆေးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နည်းအဖြစ် သုံး ရ မရ စမ်းသပ်နေတဲ့သတင်းတွေ ထွက်လာတယ်။ တချို့ကလည်း ဝမ်းသာအားရ ရေးကြတယ်။ အတိုင်းအတာသိအောင် ရေးပါမယ်။ မြန်မာပြည်မှာ မွေးကတည်းက ကလေးတိုင်းထို ဘီစီဂျီကာကွယ်ဆေး ထိုးနေတာကြာပါပြီ။ ထိုးနှံမှုရာနှုန်းလည်း အတော်မြင့်မားတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ စဖြစ်တဲ့ တရုပ်ပြည်မှာလည်း ထိုးထားပြီးဖြစ်တယ်။ ၁၉၈၂ ခုထုတ် ဆေးပညာဂျယ်နယ်မှာ ဆောင်းပါးရေးထားတယ်။ ၁၉၃၀ ကျော်ကစတင်အသုံးပြုခဲ့တဲ့ BCG ကာကွယ်ဆေးကို ကျေးလက်ဒေသတွေအထိ ရောက်အောင်ထိုးပေးခဲ့တယ်။ ၁၉၄၉ မှ ထိုးနည်းပြုပြင်တယ်။ အခုထိ ပြည်နယ်ပေါင်း ၂၉ ခုမှာ ထိုးပေးနေတယ်။ ၁၉၇၉ ခုစာရင်းအရ အသက် ၁၅ နှစ်အောက် ကလေးပေါင်း သန်း ၅၀၀ ကိုထိုးထားပြီးပြီ။ ဘေဂျင်းမှာ မွေးစကလေးပေါင်း 2,004,933 ယောက်ကို ထိုးပေးခဲ့တယ်။ လွှမ်းခြုံမှု 97% ရှိတယ်။ ဘီစီဂျီကိုပဌမဆုံး အသုံးပြုခဲ့တာက ၁၉၂၁ ခုနှစ်မှာဖြစ်တယ်။ Bacillus Calmette–Guérin (BCG) vaccine ကာကွယ်ဆေးကို အဓိကအားဖြင့် Tuberculosis (TB) ရောဂါ ကာကွယ်ဘို့ဖြစ်ပါတယ်။ တီဘီရောဂါနဲ့ Leprosy လက်ပရိုစီ ခေါ် အနာကြီးရောဂါ နှစ်မျိုးထူပြောတဲ့တိုင်းပြည်တွေမှာ မဖြစ်မနေထိုးေ

There's no magic bullet. No magic vaccine or therapy. It's just behaviours.

Image
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ဆေး၊ ကုသဆေး၊ ရပ်တန့်စေနည်းအတွက် ပဉ္စလက်နည်း မရှိ။ ဆေးတောင်ဝှေး မရှိ။ မျက်လှည့်ဆရာ ထုတ်ချောင်း မရှိ။ ကျွန်တော်တို့အားလုံးရဲ့ မှန်ကန်တဲ့ အမူအရာ (နေထိုင် သွားလာ လုပ်ကိုင်ပုံ) တွေကနေ နောက် ရက်ပေါင်း ၃၀ မှာ အခုဖြစ်နေတဲ့ ကပ်ရောဂါဆိုးကြီးကို လှည့်ပြောင်းစေနိုင်ပါမယ်။ အမေရိကန် တာဝန်ရှိဆရာဝန် Dr Birx က ကနေ့မနက်မှာ ပြောလိုက်တာဖြစ်ပါတယ်။ မြန်မာပြည်အတွက်လည်း ပဉ္စလက်နည်း မရှိပါ။ ဆေးတောင်ဝှေး မရှိပါ။ မျက်လှည့်ဆရာ ထုတ်ချောင်း မရှိပါ။ မှန်ကန်တဲ့ အမူအရာ (နေထိုင် သွားလာ လုပ်ကိုင်ပုံ) တွေ ရှိကြပါစေသတည်း။ မမှန်တဲ့အပြောတွေ မှားတဲ့ အရေးအသားတွေ လိမ်လည်တာတွေ ရပ်တန်းကရပ်ကြစေလိုပါတယ်။ ကျွန်တော် ပဌမတင်တဲ့စာမှာ အမူအရာသတ်ပုံမှားတာကို ထောက်ပြသူတယောက်တိတိရှိ။ ကျေးဇူး။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂၀၂၀

Trial of Coronavirus Vaccine အမေရိကန်တွေက ညံ့တယ်

Image
သတင်းကောင်း မျှ ဝေပေးလို့ ကျေးဇူးပါဆရာ share လို့ရမလား ဆရာ သတင်းက ကြာပြီ။ အပိုတွေ အလိုတွေ မထည့်ရ။ အရင်တင်သူတွေက အားလုံး အောင်မြင်ခဲ့ပါတယ်၊ ဒီညမှာ သုံးစွဲခွင့် အမေရိကန်မှာဆုံးဖြတ်ချက်ချပါတော့မယ်လို့ ရေးတာတွေ မှားတယ်။ ကာကွယ်ဆေးစမ်းသပ်မှုဆိုတာ အခုလူတယောက်ထိုးပြီး ပြီးသွားတာ မဟုတ်ပါ။ သတ်မှတ်ဦးရေ၊ အသက် အပိုင်းအခြား၊ ကျားမ၊ နေရာဒေသစုံမှာ လုပ်ရတယ်။ သတ်မှတ်ဦးနဲ့ အချိန် ရေပြည့်တာနဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ထိရောက်မှုကို လေ့လာရတယ်။ ပြီးရင် FDA ကိုတင်ရတယ်။ စစ်ဆေးသုံးသပ်မယ် လူအများအတွက် ထိရောက်တယ် စိတ်ချရတယ်ဆိုမှ တရားဝင်သုံးစွဲခွင့် ပေးတယ်။ မဟုတ်သေးရင် နောက်တချီ ကြိုးစာရတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တနှစ် တနှစ်ခွဲ နေမှသာ လူအများကိုထိုးပေးနိုင်တဲ့အဆင့် ဈေးကွက်ထဲ ရောက်လာမယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဆိုတာ ကြက်သွန်နီအခွံခွါရတာ တမာရွက်ပြုတ်ရတာထက် ခက်တယ်။ အင်္ဂလိပ်တွေ အမေရိကန်တွေက ညံ့တယ်။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂၀၂၀

Coronavirus Vaccine Links ရေးပြီးသမျှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လင့်များ

Image
စမ်းသက်မှု အားလုံး အောင်မြင်ခဲ့ပါတယ် ဒီ ညမှာ သုံးစွဲခွင့် အမေရိကန်မှာဆုံးဖြတ်ချက်ချပါတော့မယ် nshalar အစဉ်ပြေတော့မှာပါ COVID-19 Vaccine ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဆရာရေးခဲ့တာလားဆရာ မေးတာ ၅ ယောက်လောက်ရှိပြီ။ စမ်းသက်မှု သတ်ပုံမှားနေတယ်။ အစဉ်ပြေတော့မှာပါ သတ်ပုံမှားနေတယ်။ မေးတဲ့သူတွေက အဲဒီသတ်ပုံအမှားတွေကို မသိကြ။ အမှန်က အမှား ၃ ခုပါတယ်။ တခုက ဘာလဲ မမှတ်မိ။ ကျွန်တော်ရေးပြီးသမျှ Coronavirus Vaccine Links ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လင့်တွေ ၆ ခုရှိတယ်။ ၁။ Monday, March 2, 2020 COVID-19 Vaccine ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂။ Monday, March 2, 2020 Coronavirus Vaccine News ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသတင်း အဆက် https://doctortintswe.blogspot.com/2020/03/coronavirus-vaccine-news.html ၃။ Monday, March 16, 2020 A clinical trial for a vaccine to protect against the new coronavirus ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရှင်းလင်းတင်ပြချက် ၄။ Monday, March 16, 2020 A clinical trial for a vaccine to protect against the new coronavirus https://doctortintswe.blogspot.com/2020/03/a-clinical

Coronavirus ကိုရိုနာဗိုင်းရပ်စ်ရောဂါ စာရင်း

တကမ္ဘာလုံး ကူးစက်မှုပေါင်း = 810,127 သေဆုံးမှုပေါင်း = 39,573 ပြန်လည်ကောင်းလာသူပေါင်း = 172,531 သေဆုံးမှု % = 4.88% အဆိုးဆုံး ၁၀ နိုင်ငံ နိုင်ငံ ကူးစက်မှုပေါင်း သေဆုံးမှုပေါင်း အသစ်သေဆုံးမှုပေါင်း သေဆုံးမှု % 1. USA 166,214 +2,426 3,192 +51 1.92% 2. Italy 101,739  11,591 11.39% 3. Spain 94,417 +6,461 8,269 +553 8.76% 4. China 81,518 +79 3,305 +5 4.1% 5. Germany 68,180 +1,295 682 +37 1.00% 6. Iran 44,605 +3,110 2,898 +141 6.50% 7. France 44,550  3,024 6.79% 8. UK 25,150 +3,009 1,789 +381 7.11% 9. Switzerland 16,186 +264 395 +36 2.44% 10. Belgium 12,775 +876 705 +192 5.52% မြန်မာနိုင်ငံ Myanmar 15 +1 1 +1 6.66% သုတေသနသဘောအရတော့ အထက်ပါအတိုင်း % တွက်ရတယ်။ အနီးစပ်ဆုံးဥပမာ မြန်မာနိုင်ငံကို ကြည့်ရင် သေဆုံးသွားသူမှာ နာတာရှည်ရောဂါအခံရှိထားသူဖြစ်တယ်။ အဲတာကြောင့် အရင်ကကျန်းမာနေသူတွေ ကူးစက်ခံရရင် 6.66% သေဆုံးနိုင်တယ်လို့ ကြိုတင်မှန်းဆပြောတာ မမှန်နိုင်ပါ။ သတင်းတွေ စာရင်းတွေ ပုံတွေ လင့်တွေ ဗီဒီယိုဖိုင်တွေ လာမတင်ကြစေလိုပါ။ လိုက်ဖျက်နေရတာက အလုပ်ကြီးတခု။ ဒေါက်တာတင့်ဆွေ ၃၁-၃

နှင့်

Image
နှင့် အသုံးက ဘာ့ကြောင့်ထပ်နေ သိချင်ပါတယ် ဒကာကြီး ကျေးဇူးပါ တင်ပါ့။ အဒီစာကို သေချာတော့ မသိပါ။ ရေးထုံးအရ ၂ ခုဆိုရင် နှင့် သုံးတယ်။ ၂ ခုထက်ပိုရင် ၁ နဲ့ ၂ ကို (၊) နဲ့ရေးပြီး ၂ နဲ့ ၃ မှာ နှင့်ရေးတယ်။ အဲတာက အင်္ဂလိပ်စာနဲ့ တူတယ်။ နောက် အစုံလိုက်တွေဆိုရင်လည်း နှင့်တွေ ပါမယ်။ ဘောလုံးသတင်းဆိုရင် လူစားထိုးတာလား၊ နောက်တန်းအစု၊ အလယ်တန်းအစုနဲ့ ရှေ့တန်းအစုလည်း ဖြစ်နိုင်။ ပြန်စဉ်းစားတော့ ၄-၂-၄ ကစားတာဖြစ်နိုင်။ တပည့်တော် သေချာ မသိပါဘုရား။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂၀၂၀

Block Discipline ဘလော့စည်းကမ်း

Image
Block လိုက်ပါလားဆရာ စတစ်ကာတွေ အရုပ်တွေပို့တာနဲ့တော့ ဘလော့စရာ မလိုပါ။ ၁။ အကောင့်အတုတွေ ၂။ ဆဲတဲ့သူတွေ ၃။ ရိုင်းစိုင်းသူတွေ ၄။ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမျိုးရေး အစွန်းရောက်လွန်းသူတွေ ၅။ မပို့ပါရန်လို့ပြောတာကို ၂ ခါထက်ပို ပို့လာသူတွေ ၆။ အဆီအငေါ်မတည့်တာတွေကို အထပ်ထပ်အခါခါ မေးမြန်း ရေးသားသူတွေ ၇။ အရေမရ အဖတ်မရ ခဏခဏမက်ဆေ့ခ်ျပို့သူတွေကို ဘလော့ပါတယ်။ နိုင်ငံရေးအယူအဆ မတူတာနဲ့ မပိတ်ပင်ပါ။ သတ်ပုံတွေ ဘယ်လောက်မှားမှား မဆက်အသွယ် မဖြတ်ပါ။ ကနေ့မနက် နောက်တယောက်ကို ဘလော့လိုက်တယ်။ သူက မနေ့က လင့်ဖေါ်ပြပြီး ဘလော့ထားသူတွေဘက်ကနေ ထောက်ခံပြီး ရိုင်းရိုင်းစိုင်းစိုင်း ရေးလို့ဖြစ်ပါတယ်။ အင်္ဂလိပ်စာလုံးကလည်း စိုင်းပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂၀၂၀

Stay Home Interview ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ နှင့် မြန်မာ့နိုင်ငံရေး

Image
VOA က မေးလို့ ဖြေပါတယ်။ မေးတဲ့သူရော ဖြေရသူပါ စတေးဟုမ်း။ မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ။ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ လူထု။ ရောဂါကို အခွင့်ကောင်းအဖြစ်အသုံးချပြီး ကောင်းလာနိုင်မလား အလားအလာ။ • အစိုးရ လုပ်စရာတွေ လိုပါသည်။ • တပ်မတော် သမိုင်းကြောင်းအရ အခွင့်ကောင်းယူပြီး ကောင်းလာအောင်လုပ်တာ တကြိမ်တခါမျှ မရှိခဲ့။ နာဂစ်။ • တိုင်းရင်းသားများ မတူကြလို့ ထင်ပါတယ်။ • လူထု စတေးဟုမ်းလုပ်ရင်း မမှန်သတင်းတွေ ပိုများနေတယ်။ ခြုံလိုက်ရင် စိုးရိမ်မှုရှိပါသလား။ အလွန်စိုးရိမ်ပါတယ်။ သားရွှေအိုးထမ်းလာတာ မမြင်။ ကပ်ရောဂါဘေး ကင်းဝေးကြပါစေ။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂၀၂၀

Fake Fake Fake ရောင်းတဲ့သူတွေကိုရော ဝယ်တဲ့သူတွေကိုပါ အားနာရတယ်

Image
ဆရာရှင့် Virus Shut Out နဲ့ ပတ်သတ်ပြီး ဆရာ့ blog မှာ post တင်ထားတာရှိပါလားရှင့်။ Information လေး ပြန် share ပေးချင်လို့ပါ။ တနေ့တခြား ဈေးကြီးတွေပေးပြီး အလုအယက်ဝယ်နေကြလို့ပါရှင့်။ ၂ ခါတင်ထားပြီး။ ယုံတဲ့သူတွေ ဝယ်ပါစေ။ ထပ်ထပ်တင်ရတာ ရောင်းတဲ့သူတွေကိုရော ဝယ်တဲ့သူတွေကိုပါ အားနာရတယ်။ တချို့က ဘယ်သူကပြောပြော မရ။ ၁၀-၃-၂၀၂၀ နေ့က တင်ထားခဲ့တယ်။ မနက်က ထပ်တင်တယ်။ ဆရာ ဒီလိုမျိုးလေးတွေ့လို့ ဟုတ် မဟုတ် သိချင်ပါတယ် အမှားပါရင်ခွင့်လွှတ်ပါ VIRUS SHUT OUT လည်ဆွဲ တဲ့ ၁၆၀၀၀ ပါ ကျမ ဝယ်တဲ့ OS link အဲတာ လူလိမ်။ လိမ်နည်းတွေ ပေါတယ်။ လူလိမ်တွေများတယ်။ အလိမ်ခံချင်သူတွေ မနည်းပါ။ အခုကြော်ငြာမှာတော့ ၁၃၀၀၀ နဲ့ယူပါတဲ့။ ပုံကို မထည့်တော့ပါ။ ရောင်းနေကြသူတွေကိုရော ဝယ်ယူအားပေးသူတွေကိုပါ အားနာရတယ်။ ရောင်းတဲ့သူတွေကိုရော ဝယ်တဲ့သူတွေကိုပါ အားနာရတယ်. တချို့က ဘယ်သူကပြောပြော မရ။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂၀၂၀

We don’t know yet ကိုရိုနာ ပြန်ဖြစ်နိုင်သလား

Image
မေးပါရစေ covid 19 ပျောက်ကင်းသွားတဲ့သူတွေမှာ နောက်တကြိမ်ပြန်ဖြစ်နိုင်သေးလား ခင်ဗျာ တရုပ်ပြည်မှာ ဆေးရုံကဆင်းပြီးသူ ဆေးရုံပြန်တက်ရလို့ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ဖတ်ရတယ်။ ဟုတ်ကဲ့သေသေချာချာ မသိသေးတဲ့သဘောမျိုးဖြစ်နေတာပေါ့ ပြန်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို အဲဒီသတင်းထွက်တဲ့နေ့က တင်ထားတယ်။ အခု ထပ်ရေးပါမယ်။ ၂၅-၃-၂၀၂၀ နေ့ကဆောင်းပါးကို ကိုးကားပါမယ်။ ကိုရိုနာ ပြန်ဖြစ်နိုင်သလား၊ ကျွန်တော်တို့ ကံသေကံမ မပြောနိုင်သေးပါတဲ့။ covid-19 ဗိုင်းရပ်စ်က immunity ခေါ် ရောဂါပြီးသလား မပြီးလား အခုထိ လုံလောက်တဲ့ အထောက်အထား မရသေးပါ။ ဖေဖေါ်ဝါရီလထဲတုန်းက ဂျပန်မှာ အမျိုးသမီးလူနာတယောက် all-clear အားလုံး ကင်းရှင်ပြီလို့ သတ်မှတ်ပြီး ဆေးရုံက ဆင်းပေးလိုက်တယ်။ ဒါပေမဲ့ ဒုတိယအကြိမ်စမ်းတော့ covid-19 tested positive တွေ့ပြန်တယ်။ တရုပ်ပြည်မှာလည်း အမျိုးသားတယောက် အဲလိုတွေ့တယ်။ အကောင်တွေကို လက်တွေ့စမ်းသပ်နေတာတွေရှိတယ်။ ထည့်မရေးတော့ပါ။ ကျွန်တော်တို့ ကံသေကံမ မပြောနိုင်သေးပါ။ ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၂၀

Coronavirus ကားမပြင်တတ်တဲ့ ဆရာဝန်

Image
Fb မှာအခုလေးဖတ်ရပါတယ်ဆရာ Covid-19 positive ဖြစ်နေတာ အဲဆေးနှစ်မျိုးသောက်တာ ပျောက်တယ်ဆို ဟုတ်ပါသလားဆရာ မမှန်။ စောစောကပဲ ထပ်တင်ထားပြီး။ ကျန်းမာရေးပြောတာ ဘယ်သူကလဲတော့ သိသင့်တယ်။ ကျွန်တော် ဆရာဝန်က ကားပြင်နည်း မပြောတတ်သလိုပဲ။ ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၂၀

Coronavirus အလေးပြုလိုက်ပါသည်

Image
စစ်ထွက်ယောက်ျားတို့သည် ရန်သူရှိရာစစ်မြေပြင်ကို တမင်တကာသွားကြရသည်။ စစ်ဝတ်စုံနှင့် သံခမောက်ဆောင်း၍ သွားကြသည်။ လက်တကမ်းတိုက်ပွဲ တခါတရံမှသာ တွေ့ပါသည်။ ရန်ပြုနိုင်တာတွေက ကိုယ့်ဆီလာနေကြသည်။ ပီပီအီး ဝတ်စုံနှင့် နှာခေါင်စည်းနှင့် စောင့်ကြရသည်။ ရန်ပြုနိုင်တာတွေနဲ့ တနေကုန် ဖက်လဲတကင်း နေကြရသည်။ စစ်ထွက်ယောက်ျားတို့အား အညတရစစ်သည်ဗိမာန်မှာ အလေးပြုကြရပါသည်။ နိုင်ငံမျိုးစုံက တိုက်ပွဲကျ ကျန်းမာရေးဝန်ထမ်းများအား အလေးပြုလိုက်ပါသည်။ ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၂၀

Coronavirus ကိုရိုနာဗိုင်းရပ်စ် နှင့် ကုသဆေး

Image
ထပ်လာလို့ ထပ်ဖြေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အတွက် ကလိုရိုကွင်း ငှက်ဖျားဆေးသတင်းကို တရုပ်ပြည်နဲ့ ဂျပန်မှာ စမ်းသုံးတဲ့သတင်း စထွက်ကတည်းက တင်ထားတယ်။ စမ်းသပ်မှုလုပ်နေတတဲ့ ဆေး ၇၀ လောက်ထဲက တမျိုးသာ ဖြစ်တယ်။ အခုစာရေးနေချိန်အထိ အတည်ပြုချက်ရပြီးဆေး မရှိ။ 1. Coronavirus အလွဲအမှားတွေကို အကုန်ပြန်ဖြေချိန် မရှိပါ https://doctortintswe.blogspot.com/2020/03/coronavirus_70.html 2. Hydroxychloroquine ဟိုက်ဒရောက်ဆီကလိုရိုကွင်း https://doctortintswe.blogspot.com/2020/03/hydroxychloroquine.html 3. Coronavirus Medicines ကိုရိုနာဗိုင်းရပ်စ်ကုသရေး စမ်းသပ်နေတဲ့ဆေး https://doctortintswe.blogspot.com/2020/03/coronavirus-medicines_24.html 4. Avigan အေဗီဂင် ကိုရိုနာဗိုင်းရပ်စ် ကုသဆေး သတင်း https://doctortintswe.blogspot.com/2020/03/avigan.html ၁။ အတည်ပြူချက်ရထားတဲ့ ကိုရိုနာဗိုင်းရပ်စ် နှင့် ကုသဆေး မရှိသေးပါ။ ၂။ ကာကွယ်ဆေး လူတွေကို စတင်စမ်းသပ်နေဆဲ။ ဈေးကွက်ထဲရောက်ဖို့ တနှစ် တနှစ်ခွဲကြာနိုင်။ ၃။ အမေရိက အရီဇိုနာမှာ ကလိုလိုကွင်းငှက်ဖျားဆေးသောက်တဲ့ အသက် ၆၀ ကျော် လင်မယားနှစ်ယောက် ဆေးရုံတက်ရပြီး ယောက်ျား သေဆုံ

Peas ဆင်းရဲသား ပဲစား၏

Image
ဆန်အကြောင်းရေးရာကနေ ဆက်ရေးပါတယ်။ ဆန်က အားရှိတယ်၊ ပဲက အားရှိတယ်၊ အသားက အားရှိတယ် စသဖြင့် ပြောကြတယ်။ လူဆိုတာ အစုံစားပါတယ်။ နေရာဒေသ ယဉ်ကျေးမှုအရတော့ စားတာသောက်တာ မတူပါ။ ဟိန္ဒူဘာသာဝင်တွေက အသားမစား ပဲများများစားကြတယ်။ အမေရိကန်တွေက Red beans, Kidney beans ခေါ် ပဲနီသာ စားတတ်ကြတယ်။ တောင်အမေရိကကနေ လာနေသူတွေက ကျွန်တော်တို့နဲ့ ပဲစားတာ အတော်ဆင်တယ်။ ကျွန်တော်တို့ဆိုတာ အကုန်မဟုတ်ပါ။ ဆင်းရဲသားသာ ပဲစားတယ်ဆိုတဲ့ အပြောမျိုး မကြာမကြာ ကြားရတယ်။ အဲလိုပြောလည်း စားတယ်။ မွေးကတည်းက စားလာတာ။ ပဲအမျိုးမျိုးဆိုတာ အာဟာရတန်ဖိုး မကွာလှပါ။ တောင်ကြီးပဲလို့ခေါ်တာက G6PD ရှိသူတွေနဲ့ မသင့်ပါ။ တိုဟူးဟာ Bean curd ဖြစ်တယ်။ soy milk ပဲနို့ကို ခဲစေအောင်လုပ်ထားတယ်။ အပျော့အမာ စိတ်ကြိုက်လုပ်ထားတယ်။ ကောင်းပါတယ်။ ပဲနို့ကို အပင်တွေကထုတ်တယ်။ ပဲအမျိုးမျိုးကဖြစ်တယ်။ ပဲပုပ်ကထုတ်တာများတယ်။ မရှိမဖြစ် ဖက်တီးအက်စစ်၊ ပရိုတင်း၊ ဖိုက်ဘာ၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေပါတယ်။ အဆီဓါတ်တိုးတက်စေတယ်။ နွားနို့နဲ့ မတူတာတွေရှိတယ်။ နွားနို့မှာ ပြည့်ဝဆီနဲ့ ကိုလက်စထောများတယ်။ ပဲနို့မှာ မပြည့်ဝဆီသာပါပြီး ကိုလက်စထော မပါ။ သွေးကြော အားကောင်းစေတယ်။ အိုမီဂါ ၃ နဲ့

Make Your Own Hand Sanitizer လက်ဖြစ် ဟင်းဆင်နီတိုက်ဇာ

Image
အခုမှသာ ရေးပါတယ်။ ရှာမရကြဘူးဆိုလို့သာ။ စိတ်ချရတဲ့ဆေးဆိုင်တွေကရောင်းတဲ့ ဟင်းဆင်နီတိုက်ဇာလောက်တော့ ပိုးတွေကင်းစေမယ်လို့ အာမမခံပါ။ ဘယ်အရာမဆို လေ့လာဆန်းစစ်မှုလုပ်ပြီးမှာ ထိရောက်တယ် မထိရောက်ဘူး ပြောလို့ ရပါတယ်။ ဟင်းဆင်နီတိုက်ဇာအစစ်က COVID-19 ကာကွယ်ရေးအတွက် ကောင်းပါတယ်။ သူ့ထက်ပိုကောင်းတာက လက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးခြင်းဖြစ်ပါတယ်။ အရက်ပျံသုံးရမလား မေးကြတယ်။ အရက်ပျံဆိုတာ isopropyl rubbing alcohol USP ခေါ်တယ်။ 70% alcohol by volume (≈ 127º alcohol proof) of pure isopropyl alcohol ပါတာကို ခေါ်ပါတယ်။ Alcohol-based hand sanitizer ဟင်းဆင်နီတိုက်ဇာအစစ်ထဲမှာ အနည်းဆုံး 60% alcohol ပါတယ်။ လက်ဖြစ် ဟင်းဆင်နီတိုက်ဇာ ဘာတွေသုံးမလဲ ၁။ isopropyl or rubbing alcohol (99 percent alcohol volume) အရက်ပျံ၊ ၂။ aloe vera gel တဇောင်းလက်ပတ် ဂျဲလ်။ ပြုလုပ်နည်း (၁) 2:1 proportion of alcohol to aloe vera အယ်လ်ကိုဟော ၂ ဆ + တဇောင်းလက်ပတ် ဂျဲလ် ၁ ဆ။ ပြုလုပ်နည်း (၂) • 3/4 cup of isopropyl or rubbing alcohol (99 percent) အရက်ပျံ ၄ ပုံ ၃ ပုံ ခွက်၊ • 1/4 cup of aloe vera gel တဇောင်းလက်ပတ် ဂျဲလ် ၄ ပုံ ၁ ပ

Preexisting Conditions That Can Make It Harder to Fight Coronavirus

Image
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းနှင့် ကိုယ်ခံကျန်းမာရေး ဆရာရှင့် သမီးအသက်က ၂၄ ပါ အခုမေးချင်တာ သမီးကောင်လေးအတွက်ပါရှင့်  သူက အသက် ၃၆ ပါ ဆီးချိုရှိပါတယ် weight ကလဲ ပေါင် ၂၀ဝ ကျော်ပါတယ်  corona virus က ဘာလို့ ဆီးချိုရောဂါရှိသူအတွက် ပိုအန္တာရယ်များလဲ သိချင်လို့ပါရှင့် ပြီးတော့ တီဘီလဲ ဖြစ်ဖူးလို့ပါ။ တရုပ်ပြည်မှာ ဒီရောဂါဖြစ်စလောက်မှာ ရရှိတဲ့ကျန်းမာရေးအချက်အလက်တွေကို အခြေခံပြီး အမေရိကန် CDC က သုံးသပ်ထားတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲက ကူးစက်ရောဂါဒဏ် ပိုခံရနိုင်တဲ့ ရောဂါ ၅ မျိုးရှိတယ်။ သူများတွေထက် ပိုပြီးကူးစက်ခံရနိုင်တယ်လို့ပြောတာ မဟုတ်ပါ။ ကူးစက်ခံရရင်သာ ပိုဆိုးနိုင်တာ။ ၁။ Heart disease နှလုံးရောဂါ၊ နှလုံးရောဂါဆိုတာ သွေးတိုး၊ ကိုလက်စထောများခြင်း၊ ဆီးချိုနဲ့ အဆုပ်မကောင်းတာတွေနဲ့ ဆက်စပ်နေတတ်တယ်။ ၂။ Chronic respiratory disease နာတာရှည် အဆုတ်ရောဂါ၊ နာတာရှည် အဆုတ်ရောဂါထဲမှာ ပန်းနာ၊ အဆုတ်ဖိအားများခြင်း၊ အသက်ရှူလမ်းပိတ်ခြင်းတွေ ပါတယ်။ ၃။ Diabetes ဆီးချို၊ ၄။Depression စိတ်ကျရောဂါနဲ့ ၅။ Anxiety စိုးရိမ်စိတ်လွန်ကဲခြင်း။ ဖြေပြီးပြီ။ ဖြည့်ဦးမယ်။ ကောင်လေး။ သူများတွေလည်း

Human Nutrition လူ့အာဟာရ

Image
ကွန်မင့်တွေဖတ်ပြီး ရေးပါတယ်။ ၁။ ဆန်က အားဖြစ်တယ် ဆရာ ၂။ ဆန်က အားဖြစ်လို့လား။ ပဲကသာ အသားဓာတ်လို အားဖြစ်တာပါ ၃။ ဆန် အားဖြစ်လို့ ထမင်းစားနေကြတာပေါ့ခင်ဗျား။ လူသည် အစုံစားသတ္တဝါဖြစ်၏လို့ အလယ်တန်းအထွေထွေသိပ္ပံမှာ သင်ယူခဲ့ရတယ်။ အစုံဆိုတာဘာလဲ။ ပဲ အသားငါးနဲ့ ဟင်းသီးဟင်းရွက်။ ဆန် ဆီ ဆားကိုတော့ ပြောရန်မလိုထင်လို့ မထည့်ခဲ့ပါ။ အခုတော့ ထည့်ရတော့မယ်။ ကမ္ဘာပေါ်ရှိ လူတိုင်းဟာ ဆန် ဂျုံ ပဲ ပြောင်း တခုခုကို အမာခံထား စားကြတယ်။ ဆန်စားသုံးတဲ့ တိုင်းပြည်များ 1. Bangladesh 2. Bhutan 3. Brazil 4. Cambodia 5. China 6. India 7. Indonesia 8. Japan 9. Korea 10. Laos 11. Malaysia 12. Myanmar 13. Nepal 14. Nigeria 15. Pakistan 16. Philippines 17. Sri Lanka 18. Taiwan 19. Thailand 20. Vietnam စာရင်းအကုန် မဟုတ်သေးပါ။ မြန်မာပြည်မှာ ၁၉၈၈ ခုနှစ်ဆန်းလောက်က ဆန်ရှားလွန်းလို့ ကျွန်တော်နေတဲ့အရပ်မှာ ကြွေးဥတွေ တူးစားကြရတယ်။ တသက်လုံး ဆန်စားလာသူတွေကို ဂျုံကိုကျိုပြီး စတုဒိသာကျွေးခဲ့ကြရတယ်။ ဆန်ရှားလို့ မဆလ ပြုတ်ကျတာလို့ပြောရင် တစိတ်တပိုင်း မှန်တယ်။ အိန္ဒိယမှာ အစိုးရပြုတ်ကျအောင် ကြက်သွ

Coronavirus Transmission ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ

Image
ဆရာရှင့် မေးခွင့်ပြုပါ Covid 19 positive ဖြစ်နေပြီး ရောဂါလက္ခဏာမပြသေးဘဲ ကျန်းမာနေဆဲ လူနဲ့ ထိတွေ့ ဆက်ဆံရတဲ့လူက ရောဂါကူးနိုင်ချေရှိပါသလားရှင့်။ လုပ်ငန်းခွင်မှာ တခန်းထဲအတူအလုပ်လုပ်တာ၊ ရေအိမ် အတူအသုံးပြုတာ၊ သုံးပေအကွာ စားပွဲမှာထိုင်ပါတယ်၊ ဓာတ်လှေကား အတူစီးပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ ၁။ Person-to-person spread လူကနေ လူကို ကူးစက်တယ် ကူးစက်ခံထားရသူနဲ့ နီးကပ် ထိစပ်သူတွေဆီ ကူးစက်နိုင်တယ်။ ၆ ပေပတ်လည်မှာ ရှိနေသူတွေ။ Respiratory droplets ခေါ် အသက်ရှူလမ်းကြောင်းကနေ ထွက်တဲ့ ထုတ်တဲ့ အမှုန်လေးတွေကို ရှူမိသူတွေ ကူးစက်နိုင်တယ်။ ချောင်းဆိုးခြင်း၊ နှာချေခြင်း။ အဲဒီ အမှုန်လေးတွေဟာ ပါးစပ်နဲ့ နှာခေါင်းနေရာဝန်းကျင်ပေါ် ကျရောက်လာနိုင်တယ်။ ရှူသွင်းမိမယ်။ အဆုတ်ထဲ ရောက်လာမယ်။ ကူးစက်ခံထားရသူဟာ ရောဂါလက္ခဏာတွေ ခံစားနေရချိန်မှာ သူများကို အများဆုံး ကူးစက်စေနိုင်တယ်။ ရောဂါလက္ခဏာတွေ မခံစားရသေးမီမှာလည်း ကူးကောင်း ကူးနိုင်တယ်။ ၂။ Contaminated surfaces or objects အမှုန်တွေကျရောက်နေတဲ့ မျက်နှာပြင်တွေကို ထိကိုင်မိရာကနေလည်း ကူးစက်နိုင်တယ်။ စားပွဲ၊ ခုံ၊ ကုလားတိုင်၊ ကြမ်းပြင်၊ လက်ကိုင်စရာနေရာတွေ။ အဲတာကို ထိကိုင်မ

Curam 625 mg ပဋိဇီဝဆေး

Image
ဆရာ မင်္ဂလာပါရှင့် ကျွန်မကတော့ အသက် ၂၆ နှစ် အပျိုပါရှင့် အာသီးနားမှာ ပြည်တည်လို့ ဆရာဝန်က Curam 625 mg သောက်ခိုင်းပါတယ်ရှင့် ဆေးသောက်ပြီး နှလုံးခုန်နှုန်းမြန်ပြီး အသက်ရှုမဝဘူးရှင့် နေလို့မကောင်းလို့ရှင့် ဆေးကြောင့် Side Effect လားရှင့် လူက အစားလဲ သိပ်မစားနိုင်ဘူးရှင့် ကျေးဇူးပြုပြီး ဖြေပေးပါဆရာ Curam 625 mg ထဲမှာ Amoxycillin (500mg) + Clavulanic Acid (125mg) ဆေးတွေပါတယ်။ ပဋိဇီဝဆေးတွေ ဖြစ်တယ်။ Amoxicillin ဘေးထွက်သက်ရောက်မှုများ Diarrhea ဝမ်းပျက် stomach upset ဗိုက်အောင့် headache ခေါင်းကိုက် abnormal taste sense အရသာပျက် skin rash အရေပြားအနီပြင်ထွက် vaginal yeast infection ဗဂျိုင်းနား မှိုပိုးဝင်ခြင်း။ Clavulanic Acid ဘေးထွက်သက်ရောက်မှုများ severe skin rash အရေပြားအနီပြင်ထွက် itching ယား hives အင်ပြင်ထွက် difficulty breathing or swallowing အသက်ရှူခက် မျိုးရခက် wheezing ရင်ကျပ် vaginal itching and discharge ဗဂျိုင်းနား မှိုပိုးဝင်ခြင်း yellowing of the skin or eyes အသားဝါခြင်း။ ဆေးသောက်ပြီးမှာ ရရစ်မပါတာ ထည့်လိုက်တယ်။ ပ နဲ့ ဖ မှာ ရရစ်မထည့်တာ ကူးစက်တယ်။ ဒေါက်တာတင့်ဆွေ ၃၀-၃-

ဧ သရ

Image
ဆရာခင်ဗျ ဧမြ နဲ့ အေးမြ အသုံးပြုပုံကို ရှင်းပြပေးပါဗျ မြန်မာစာမှာ သရအက္ခရာ ၁၂ လုံးရှိတယ်။ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အို။ ဧက = ဧက် ဧကစာရီအကျင့် ဧကနံ = တလွှာနံပုဆိုး (ဧကနံပုဆိုး) ဧကန်အနေကန် ဧကရာဇ်ပင် ဧကဝီသင်္ကန်း ဧကဝုစ်စကား ဧကသိသ်နည်း ဧကသီသင်္ကန်း ဧကာဒသမ ဧကာသနိက်ဓူတင် ဧကန္တ ဧချင်း ဧပြီလ ဧယာဉ်ကျူး ဧရာမ ဧရာဝဏ်ဆင် ဧရာဝတီတိုင်း ဧရိယာ ဧဝကန် ဧသာန်အရပ် မြန်မာစာဆရာ မဟုတ်ပါ https://doctortintswe.blogspot.com/2020/02/blog-post.html ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၂၀

Coronavirus ကိုရိုနာဗိုင်းရပ်စ် ၁-၂-၃

Image
၁။ အိမ်မှာသာနေပါ။ ၂။ လက်စနစ်တကျဆေးပါ။ ၃။ အပြင်ထွက်ရရင် နှာခေါင်စည်း စနစ်တကျသုံးပါ။ ဆရာခင်ဗျာ mask ကို သေချာတပ်ရင် ဝူဟန်ဗိုင်းရပ် မဖြစ်ဘူးလား အပြင်ထွက်ရမှာမို့ပါ ခင်ဗျာ 8. Coronavirus and Foods ကိုရိုနာနဲ့ စားစရာ https://doctortintswe.blogspot.com/2020/03/coronavirus-and-foods_23.html 9. Coronavirus Hand Washing လက်ဆေးနည်း https://doctortintswe.blogspot.com/2020/03/coronavirus-hand-washing.html 10. Coronavirus Measures ကိုရိုနာဗိုင်းရပ်အတွက် ဆောင်ရွက်ချက်တွေ https://doctortintswe.blogspot.com/2020/03/coronavirus-measures_23.html 11. Coronavirus Prevention ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း https://doctortintswe.blogspot.com/2020/03/coronavirus-prevention_23.html 12. Coronavirus Spreads ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ https://doctortintswe.blogspot.com/2020/03/covid-19-spreads.html 13. Coronavirus Symptoms ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ https://doctortintswe.blogspot.com/2020/01/coronavirus_30.html 14. Disinfecting surfaces to prevent the spread of coronavirus ကိ

N95 Disposable Respirator နှာခေါင်းစည်းတမျိုး

Image
မြန်မာမှာလည်း Covid တွေများလာပါပီ ဆရာကြီး အမေက နှလုံးရောဂါ အခံရှိပါတယ် အကိုက စိုးရိမ်လို့ ventilator ဝယ်ထားချင်ပါတယ် အိမ်သုံးအတွက် အဆင်ပြေပါ့မလား ဆရာ ကျွမ်းကျင်ပညာရှင်နဲ့ ဆေးရုံမှာမှ ventilator သုံးလို့ အဆင်ပြေတာလား ဆရာ အသုံးဝင်မယ့် ventilator များ ဘယ်က ဝယ်လို့ အဆင်ပြေမလဲ လမ်းပြပေးပါဆရာ အသက်ရှူစက်ဆိုတာ လိုလာမှသာ သုံးရတယ်။ အခုရောဂါမှာ ကူးစက်ခံရသူ ၂၀% လောက်မှာ အသက်ရှူလမ်းကို ထိခိုက်တယ်။ ရောဂါခံရှိနေသူတွေ အသက်ကြီးသူတွေဖြစ်ရင် တခြားလူနာတွေထက် ဆိုးတယ်။ ကြိုတင်မှန်းဆရတာ မလွယ်ပါ။ N95, Disposable Respirator ကိုတော့ အပြင်မှာလည်း သုံးနိုင်တယ်။ Face Mask နှာခေါင်းစည်း https://doctortintswe.blogspot.com/2017/07/face-mask.html MIT Develops Cheap, Open Source Ventilator for Coronavirus Treatment ပုံတခုထဲကစက်ကို ၂၆-၃-၂၀၂၀ နေ့မှ MIT ကထုတ်လုပ်တယ်။ ဆေးရုံ ICU မှာသာသုံးရတာမျိုးဖြစ်တယ်။ ဝဝ်စရာနေရာတော့ မသိပါ။ ဆောရီး။ ဖြေပြီးပြီ။ သတ်ပုံကို ပြောဦးမယ်။ Puppy ဆိုတာ ပါပီလို့ အသံထွက်တဲ့ ခွေးကလေးကို ခေါ်တယ်။ မြန်မာစာမှာ ပါပြီလို့ ရေးရတယ်။ မှားနေသူတွေ အတော်ကို များတယ်။ အဲတာကကူးစက်တယ်။ ဒေါက်တာတင့်ေ

Coronavirus ဆရာဝန်တွေ

Image
၁။ ER Doctor Sick With Coronavirus ဗြိတိန်မှာ ဆေးရုံအရေးပေါ်ဌာနဆရာဝန်တယောက် ကူးစက်ခံထားရ နာရီပိုင်းအတွင်းက သတင်းဖြစ်ပါတယ်။ နယူးယော့မြို့တော်က Dr. Sana Maheshwari ဖြစ်ပါတယ်။ ဆောရီး။ ၂။ Malaysian doctor, wife and 5 children test positive for COVID-19 မလေးရှားဆရာဝန်၊ သူ့ဇနီးနဲ့ သားသမီး ၅ ယောက် ကူးစက်ခံထားကြရ မနေ့ကသတင်းဖြစ်ပါတယ်။ Dr Samsu Ambia Ismail ဟာ Teluk Intan Hospital ဆေးရုံ ထိခိုက်ဒဏ်ရာဌာန အကြီးအကဲ ဖြစ်ပါတယ်။ ဆောရီး။ အီရန်မှာ အကြီးအကျယ်ဖြစ်စဉ်က အီရန်အမျိုးသမီးတွေ နှာခေါင်းစည်းနဲ့ပုံတခု သုံးတော့ အဲလိုဘာသာပုံမျိုး သုံးရကောင်းလားလို့ ကက်ကက်လန် ရန်တွေ့ခံရတယ်။ ဘလော့လိုက်တယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လူမျိုး ဘာသာ ကျားမ မခွဲခြားပါ။ မြန်မာပြည်မှာ အစွန်းရောက်တွေကို မွေးထုတ်ထားတယ်။ အစွန်းရောက်တွေကို အသုံးချပြီး လုပ်စားနေသူတွေကလည်း အမျိုးမျိုး။ ပြောတော့ ဘလာ ဘလာ ဘလာ။ လူမျိုး ဘာသာ ကျားမ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂၀၂၀

First NHS consultant dies from Covid-19 ဗြိတိန်ဆရာဝန်တဦး ကိုဗစ်-၁၉ ကြောင့် သေဆုံး

Image
အသက် ၅၅ နှစ်အရွယ်ရှိ ဒေါက်တာ Amged El-Hawrani ခေါ် နားနှာခေါင်းလည်ချောင်း ခွဲစိတ်အထူးကု ဆရာဝန် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အသက် ၆၃ နှစ်အရွယ်ရှိ ဒေါက်တာ Adil el Tayar ခွဲစိတ်ဆရာဝန်လည်း ဒီကူးစက်ရောဂါနဲ့ သေဆုံးခဲ့တယ်။ ဆရာဝန်တွေ သူနာပြုတွေ ကျန်းမာရေးကျွမ်းကျင်သူတွေ အခြေခံကျန်းမာရေးဝန်ထမ်းတွေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂၀၂၀

Social Distancing မတတ်သာ ခပ်ခွါခွါ

Image
ယူအက်စ်အေမှာ သမတက ဆိုရှယ်ဒစ်တင်းဇင်း ခေါ် လူတွေ ကင်းကင်းကွာကွာသာ နေထိုင် လုပ်ကိုင် သွားလာ စားသောက်ကြဘို့ ရက်အကန့်အသတ်ကို အေပြီလကုန်အထိ တိုးလိုက်ပါတယ်။ ဟိုတနေ့ကတော့ အီစတာ (အေပြီ ၁၂ ရက်) မှာ စီးပွါးရေးလုပ်ငန်းတွေ ပြန်ဖွင့်မယ်တဲ့။ ဒေါက်တာဖေါ်ချီက အမေရိန်ကန် တသိန်းကနေ နှစ်သိန်းအထိ ရောဂါကြောင့် သေဆုံးနိုင်တယ်တဲ့။ ဒီနှစ်နွေဦးသည်ကား အပူလောင်ဆုံးဖြစ်ပါမည်။ ဆဲလ်စီးယပ်စ် မဟုတ်။ ဖါရင်ဟိုက် မဟုတ်။ မြန်မာပြည်မှာ ရာသီဥတု မျှတပါစေသည်း။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂၀၂၀

Coronavirus and Weapon of Biological Warfare ကိုရိုနာဗိုင်းရပ်စ် နှင့် ဇီဝလက်နက်ဆိုတဲ့သတင်း

Image
မင်္ဂလာပါဆရာ COVID-19 နဲ့ပတ်သတ်လို့ သတင်းတွေတော်တော်များများကို ဖတ်မိပါတယ် ဆရာတင်တဲ့ post များကိုလည်း သေချာဂရုစိုက်ဖတ်မိပါတယ်ခင်ဗျ COVID-19 သတင်းနဲ့ပတ်သတ်လို့ စိတ်ထည်းမှာ ရှုပ်ထွေးနေတာတခု ရှိပါတယ် COVID-19 ဟာ တရုတ်ရဲ့ biological weapons ဖြစ်တယ်ဆိုတဲ့ သတင်းပါအခုလက်ရှိဖြစ်နေတဲ့အခြေနေအရ မှန်သလား မှားသလားဆိုတာ ဝေခွဲရခတ်နေပါတယ်ဆရာ ဒီသတင်းနဲ့ ပတ်သတ်လို့ ဆရာရဲ့အမြင်လေးကို မျှဝေစေခြင်ပါတယ် ဘီဘီစီ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်များလို့ ဘီဘီစီအင်္ဂလိပ်ပိုင်းမှာ တင်ထားတယ်။ ဂျင်း၊ ကြက်သွန်ဖြူ၊ YouTuber Jordan Sather ဆိုတာ၊ အိမ်မှာလုပ်တဲ့ လက်ဆေးရည်၊ ငွေနဲ့ဖေါ်တဲ့ဆေးရည်၊ ရေကို ၁၅ မိနစ်တခါ သောက်ပါ၊ အပူလှုံပါ ရေခဲရှောင်ပါ။ အဲတာတွေအကုန် မှားတယ်။ အီရန် အီရန်မှာလည်း မြန်မာပြည်လိုပဲ ကိုရိုနာဗိုင်းရပ် သတင်းမှားတွေ ဖြန့်နေကြတယ်။ လူလိမ်တွေပေါတဲ့ တိုင်းပြည်တွေ။ Covid-19 လူနာ ၃၈၈ ယောက်ရှိပြီး သေဆုံးသူ ၃၄ ယောက်ရှိပြီ။ တရုပ်ပြည်ပြီးရင် သေဆုံးမှု အများဆုံး။ ဘီဘီစီ ပါရှန် သတင်းထောက်အဆိုအရ သေဆုံးသူ ၂၁၀ ရှိနိုင်သတဲ့။ အဲဒီနိုင်ငံမှာ စာအတုတွေ။ တာဝန်ရှိသူတွေကို မမှန်တဲ့ ပြစ်တင်မှုတွေ၊ ထင်ကြေးတွေ၊ အလွဲတွေဖြန်

အဘခေတ် စာအုပ်ကြီးများ

Image
နှစ်အုပ်ရှိပါသည်။ တရေးပြီးတိုင်းလိုလို စသတ်ခိုင်းတာက အဘခေတ်စာအုပ် တစ်။ အဘခေတ်စာအုပ် နှစ်ဆိုတာ တိုင်းပြည်ကို နှစ်ထားတာ။ ခုထိ ခေါင်းမဖေါ်နိုင်သေးပါ။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂၀၂၀

Disinfectant Spray ပိုးသန့် စပရေး

Image
မင်္ဂလာပါ ဒေါက်တာ ကျနော်က ပုလဲမြို့နယ် နွားကူးကျေးရွာ (မင်းရွာအနောက်ဘက်) ဇာတိပါ။ ကျနော်ရဲ့ ဇနီးဟာ အစိုးရသတင်းစာတိုက်တခုရဲ့ဝန်ထမ်းဖြစ်ပါတယ်။သူတို့ရုံးရှိဝန်ထမ်းတွေကို COVID-19ကာကွယ်ဖို့အတွက်ဆိုပြီး ရုံးဆင်း ရုံးတက်ချိန်တိုင်း ပိုးသတ်ဆေးကို လူခန္ဓာအနှံ့ (မျက်နှာပါမချန်) ဖျန်းပါတယ်။ဆေးအမည်မေးတော့လည်း ဆေးဖျန်းသူက မသိကြောင်း၊ အထက်ညွှန်ကြားချက်အရလုပ်ရကြောင်းသာပြန်ဖြေပါတယ်။ ဆေးဖျန်းပြီး အင်္ကျီတွေမှာ အဝါရောင်းစွန်းပြီး ဆံပင်တွေလည်းတောင့်လာပါတယ်။ အနံ့ကတော့ စိမ်းရွှေရွှေဖြစ်ပြီး အရက်ပျံနံ့လည်းရပါတယ်။ အဲဒီလိုဆေးဟာ နေ့စဉ်နဲ့အမျှ လူခန္ဓာကိုဖျန်းရင် ဘေးထွက်ဆိုးကျိုးရှိနိုင်လား သိချင်ပါတယ် ဒေါက်တာ။ ကျေးဇူးတင်ပါတယ်။ အော် ဘာလဲ မသိသေး။ လိုက်ရှာဦးမယ်။ ဒီမှာ ရောင်းတဲ့ ပို့သန့်ဆေးတွေက Lyzol Disinfectant Spray နဲ့ Clorox Healthcare Citrace Hospital Disinfectant & Deodorizer, Aerosol Spray တွေဖြစ်တယ်။ Bleach ဆိုတာဘာလဲ https://doctortintswe.blogspot.com/2020/03/bleach.html Hand Sanitizer လက်ဆေးရည် https://doctortintswe.blogspot.com/2020/03/hand-sanitizer.html Routine Cleaning and Disinfection of Househo

COVID-19 Vaccine သွက်သွက်ခါအောင် မှားတယ်

Image
အဲဒါမှန်လားဆရာ မှားတယ်။ ပုံ နှင့် တကွ စာနဲ့ မှန်ကန်အောင် ရေသားကြလို့လေဆရာ COVID-19 IgM/IgG Great news! Carona virus vaccine ready. Able to cure patient within 3 hours after injection. စာကို သေချာ ဘာသာပြန်ဖတ်ပါတယ်။ Carona ကစ မှားတယ်။ Corona လို့ ရေးရတာ။ vaccine ကာကွယ်ဆေးဆိုတာ cure ကုသတာ မဟုတ်ပါ။ အဲတာ သွက်သွက်ခါအောင် မှားတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂၀၂၀

လက်တွေ့ စမ်းပြီးပြီလား

Image
တမာရွက်ပြုတ်အောက်မှာ လာတဲ့ ကွန်မင့်အများကြီးထဲက တခု။ ကိုတင့်ဆွေက လက်တွေ့စမ်းပြီးပြီလားသိချင်ပါတယ် ဒါးကို အဲလိုမကိုင်ရဘူး ပြောတာကို ကလေးတွေတောင် လိုက်နာကြတယ်။ ရှားရှားပါးပါး ဒါးသွား လက်နဲ့ ဆုပ်ကိုင်တဲ့ ကလေးလည်း ရှိသေးတာ။ လူတိုင်းက ဘာမဆို ဓါတ်ခွဲခန်းသွားစစ်နိုင်ကြတာ စစ်ချင်ကြတာ မဟုတ်ပါ။ တတ်သိသူတွေပြောတာ သင်ပြဆုံးမတာကို နာယူကြရတာ။ ပြောမရသူတွေလည်း ရှိတာပေါ့။ စိတ်အခြေအနေ မမှန်သူတွေကသာ စဉ်းစားဆင်ခြင်မူ လွဲမှားတာကို အမှန်ထင်တတ်ကြတယ်။ ကျောင်းစာဆိုရင် ဆရာဆရာမတွေ သင်ပြတာကို နာယူကြရတယ်။ ကျန်းမာရေးဆို ဆရာဝန်တွေပြောတာ။ စက်တွေအကြောင်း မက်ဂဲနစ်တွေကသာ သိတယ်။ ဘာသာတရားလည်း အဲလိုပဲ။ ငရဲမကောင်းတာ မယုံ၊ သွားကြည်မယ်လို့ ဘယ်သူပြောသလဲ။ နတ်ပြည်တော့ သွားချင်ကြမှာပေါ့။ ကျွန်တော်လည်းပါမယ်။ ဘယ်သူပြောပြော မယုံ၊ ငါအကုန်သိဆိုသူတွေလည်း မနည်းလှပါ။ ကွန်တော်ကတော့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း သိတန်သလောက် သိပါတယ်။ အမှန် နဲ့ အမှား။ တမာရွက်အကြောင်း ရေးတင်ထားတယ်။ ကိုရိုနာ မမွေးခင်ကတည်းက။ လေးနှစ်ကျော်ပြီ။ 1. Sunday, February 7, 2016 Medicinal properties of neem leaves တမာရွက်ရဲ့ဆေးစွမ်း ဆန်းစစ်ချက် https://

Coronavirus ဆရာရှင့်

Image
ကျမကအခြေခံ ကျန်းမာရေးဝန်ထမ်းပါ အခုကျမတို့က ပြည်တွင်းပြန်တွေကိုကျန်းမာရေး စစ်ဆေးပေးနေရပါပြီ ကျမတို့မှာ အကာအကွယ်ပစ္စည်းက mask နဲ့ gloves ပဲရှိပါတယ် အိမ်ကမိသားစုကိုလဲ ကူးစက်မှာစိုးရိမ်တယ် ခွဲနေသင့်လားဆရာ။ ဆောရီး။ ဆရာဝန် သူနာပြု ကျန်းမာရေးမှာလုပ်ကိုင်နေရသူတွေအတွက် စိတ်မကောင်းစရာတွေ နေ့တိုင်း ဖတ်နေရတယ်။ တအိမ်တည်းနေ မိသားစု ခွဲနေရန် မလိုလောက်ပါ။ ကိုယ်တိုင်က ဆေးခန်းက အပြင်ကပြန်လာတိုင်း လက်ဆေးရမယ်။ အဝတ်အစား လဲရမယ်။ နှာခေါင်းစည်း တခါသုံးသာသင့်တယ်။ စနစ်တကျ စွန့်ပစ်ရမယ်။ နေအိမ်မှာလည်း မျက်နှာပြင်တွေ စနစ်တကျ သန့်ရှင်းပေးနေရမယ်။ အိမ်ရှိလူကုန် လက်ဆေးနည်းအတိုင်း ဆေးရမယ်။ ချောင်းဆိုးနှာချေတိုင်း တံတောင်ဆစ်ထဲ ပြုလုပ်နည်း တသက်လုံး လုပ်သင့်တယ်။ ကိုယ်ပူသူ ချောင်းဆိုးသူ စမ်းသပ် စစ်ဆေးရမယ်။ မျက်နှာငယ်ငယ်နဲ့သာ လူနာတွေကို ပြုစုစောင့်ရှောက်ကြပါလေ။ ဆောရီး။ 1. Coronavirus ကိုရိုနာဗိုင်းရပ်စ် နှင့် အိမ်တွင်းသန့်ရှင်းရေး https://doctortintswe.blogspot.com/2020/03/coronavirus_94.html 2. Disinfect Your Phone ဖုန်းကို ဘယ်လိုပိုးသန့်မလဲ https://doctortintswe.blogspot.com/2020/03/disinfect-your-phone.html

Coronavirus and Health Workers ကိုရိုနာ နှင့် ကျန်းမာရေးဝန်ဆောင်မှုပေးသူများ

Image
ကိုရိုနာဗိုင်းရပ်စ်ကို တရုပ်ဆရာဝန် ဒေါက်တာလီက စသိခဲ့ပြီး သူ့အသက်ပါ စဆေးခဲ့ရပါတယ်။ ကနေ့ ယူကေနိုင်ငံမှာ ဆူဒန်လူမျိုးဆရာဝန်တယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံပြီး သေဆုံးသွားတယ်။ လွန်ခဲ့တဲ့ ၃ ရက်က အီတလီသူနာပြုဆရာမတယောက် သူများတွေကို မကူးစက်စေအောင်ဆိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။ မနေ့ကပဲ ရန်ကုန်မှာ အိမ်ငှားနဲ့နေကြတဲ့ ဆရာဝန် သူနာပြုတွေကို အိမ်ရှင်တွေက နှင်ချဆိုတဲ့သတင်း ဖတ်ရတယ်။ ကနေ့တော့ မန္တလေးက တူမယောက်လည်း ငှားနေတဲ့အိမ်က နှစ်ချခံရသတဲ့။ သူက ဓါတ်မှန် အာလ်ထွာဆောင်း ကျွမ်းကျင်သူ။ ဆောရီးပဲ ငါ့တူမရေထက် ပိုမတတ်နိုင်ပါ။ ဆရာဝန် သူနာပြု ကျန်းမာရေးကျွမ်းကျင်သူတွေကို အိမ်ပေါ်ကနှင်ချခြင်းဟာ မြန်မာပြည်က နောက်ဆုံးပေါ် ကိုရိုနာ ကာကွယ်နည်းလား မသိပါ။ ရှေ့တန်းပြန်များလို သပြေပန်းကမ်းသူ ပန်းကုံးစွပ်သူ မရှိကြပါတကား။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂၀၂၀

Coronavirus Vaccine News ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသတင်းများ

Image
ဆရာ ဒီ post ကို တင်သေးလားဗျ ဆရာ ဒီ post ကို တင်သေးလားဗျ သတင်းအမှားတွေ တင်နေလို့ပါဆရာ COVID-19 Vaccine ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုကို စမ်းသက်မှု၊ အဆင်ပြေကို အစဉ်ပြေလို့ရေးကတည်းက မဟုတ်တော့ပါ။ ဆက်မဖတ်ချင်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအကြောင်း သတင်းခိုင်မာတာ စထွက်ကတည်းက တင်ပါတယ်။ လူဗော်လန်တီယာတွေကို ယူအက်စ် နဲ့ ဗြိတိန်မှာ စစမ်းတဲ့အကြောင်းလည်း တင်ထားတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေနေပြီဆိုပြီး အင်တာနက်ပေါ်က ကောက်ယူလာတဲ့ လက်မောင်းမှာ ဆေးထိုးနေပုံနဲ့ တာတွေတွေကို မဟုတ်ရပါကြောင်းပြောတယ်။ အဲတာလည်း မရ။ အနည်းဆုံး ၂ ယောက်ကို ဘလော့လိုက်ရတယ်။ ၁။ Monday, March 2, 2020 Coronavirus Vaccine News ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသတင်း အဆက် https://doctortintswe.blogspot.com/2020/03/coronavirus-vaccine-news.html ၂။ Monday, March 16, 2020 A clinical trial for a vaccine to protect against the new coronavirus https://doctortintswe.blogspot.com/2020/03/a-clinical-trial-for-vaccine-to-protect.html ၃။ Friday, March 27, 2020 Roche coronavirus test gets emergency FDA approval http

ဝတ်လစ်စလစ်

Image
(ကန်တော့) မြန်မာစာ တရေးပြီးတိုင်း စသတ်။ အောင်မြစ်တွေ မွေးစား။ ပြီနဲ့ ပြီးမှာ ရရစ်တွေမထည့်။ ဖြစ်မှာလည်း ရရစ်မတည့်။ တွေမှာ ဝဆွဲမထည့်။ ဘယ်မှာ ယသတ်မထည့်။ ဘာမှာ ရေးချမထည့်။ မှာရေးတာ ဟထိုးမပါ။ နေမပူဘဲ နေကာမျက်မှန်တော့ တပ်ထားကြသည်။ အပေါ်ဝတ်စရာ မပါ၊ အောက်ဝတ်ထည်လည်း ဗလာ။ ရှက်စရာ။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂၀၁၉ ၂၉-၃-၂၀၂၀

ကိုရိုနာဗိုင်းရပ်စ်

Image
ဖြေရတာတွေ ကြာလေကြာလေ ခက်လာလေ။ ကျွန်တော်က ရိုးရိုးလေး ခပ်ရှင်းရှင်းသာ သိတာရေးတယ်။ ပိုးအကြောင်း ၁-၂-၃။ ဘယ်လို ကာကွယ်မလဲ ၁-၂-၃။ အပ်ဒိတ် သတင်း ၁-၂-၃။ တချို့က အဝီဇိတွင်းလောက် နက်အောင် မေးကြတယ်။ တချို့က သိန်းငှက်ပျံသလို အမြင့်ကြီးကို မေးကြတယ်။ တချို့ကလည်း ပစိတ်ဖိတ်သမုဒ္ဒရာလောက် ကျယ်ပြောတယ်။ ရမ်းကုနည်းကို အသေးစိတ်မေးကြတယ်။ အဲလောက်ထိ မသိကြောင်းပါခင်ဗျား။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂၀၂၀

April Fools' Day အရူးလုပ်တဲ့နေ့

Image
ဧပြီလ ၁ ရက်နေ့ ဧပရယ်လ်ဖူးလ်နေ့ကို အဘိဓာန်မှာ လက်တွေ့ကျတဲ့ ရီစရာလုပ်တဲ့နေ့လို့ရေးတယ်။ ဒီနေ့သမိုင်းက ၁၅ဝဝ ကျော်ကတည်းကလို့ ဆိုတယ်။ ဒါပေမယ့် ရှိတ်စပီးယားရဲ့ စာတွေထဲမှာ တစိုးတစိမှ မပါဘူးလို့ မယုံသူတွေက ဆိုတယ်။ ပြက္ခဒိန်ပြောင်းသီအိုရီ ၁၅၆၄ ခုနှစ်တုန်းက ပြင်သစ်ကစတယ်လို့ ယူဆနိုင်တယ်။ အရင်ခေတ်ပြက္ခဒိန်တွေမှာ နှစ်အစဟာ မတ်လဖြစ်လာတယ်။ ဂရီဂိုးရီးယန်းပြက္ခဒိန်ကို ပြောင်းလိုက်တော့ နှစ်သစ်ကူးနေ့က ဇန္နဝါရီလ (၁) ရက် ဖြစ်လာတယ်။ ခရစ်ယန်တွေက နှစ်သစ်ကူးနေ့ကို တန်ဘိုးထားကြတယ်။ တချို့လူတွေက ဧပြီ (၁) ရက်မှာ နှစ်သစ်ကူးနေ့ကျင်းပလို့ အဲတာကို April fools ဧပြီအရူးတွေနေ့လို့ ပြောင်ခေါ်ကြတယ်။ အချင်းချင်းကို နောက်ကျောမှာ အရုပ်တွေကပ်ပြီး နောက်ပြောင်ကြတယ်။ စကော့တလန်မှာတော့ ၂ ရက်ကြာတယ်။ အရူးလုပ်ခံရသူတွေကို Gowks (Cuckoo birds) ဥသြငှက်တွေလို့ ပြောလေ့ရှိတယ်။ ဒုတိယနေ့ကို Taily Day လို့ခေါ်တယ်။ Pranks အရူးလုပ်သူ၊ ဒုက္ခပေးသူ၊ နောက်ပြောင်သူတွေက နောက်ဖက်ကနေ လုပ်ကြတယ်။ Kick me signs ဆိုတာ အဲဒီကနေလာတယ်။ အင်္ဂလန်နဲ့ ကနေဒါမှာ ဧပြီလ (၁) ရက်နေ့ မနက်ခင်းမှာသာ နောက်ပြောင်ကြတယ်။ နိုင်ငံတကာ အထင်ကရ ဧပရယ်ဖူးလ်လုပ်ခြင်းများ • ၁-၄-၁၉၅၇ တုန်း

Coronavirus Survival ကိုရိုနာဗိုင်းရပ်စ် ဘယ်မှာဘယ်လောက်ကြာရှင်နိုင်သလဲ

Image
ဘယ်မှာ ဘယ်လောက်ကြာ ရှင်နိုင်သလဲ အခုထိ တိတိကျကျမပြောနိုင်သေးပါ။ တခြား ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ မကွာလောက်လို့ ယူဆရတယ်။ • လေထဲမှာ ၃ နာရီကြာ။ • ကြေးဝါမျက်နှာပြင်ပေါ်မှာ ၄ နာရီ။ • အရည်စိမ့်နိုင်တဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၄ နာရီ။ • သံမဏိနဲ့ ပလပ်စတစ်ပေါ်မှာ ၇၂ နာရီ။ • သတ္တု၊ ဖန်နဲ့ ပလပ်စတစ်မျက်နှာပြင်တွေပေါ်မှာ ၉ ရက်အထိ ရှင်နေနိုင်တယ်။ • ၈၆ ဒီဂရီအက်ဖ် (၃၀ စီ) ထက် ပိုပူတဲ့အခြေအနေမှာ ရှင်သေးပေမဲ့ အက်တစ် မဖြစ်တော့ပါ။ • ဒိုင်းမွန်းမင်းသမီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် RNA ဟာ ၁၇ ရက်ကြာအထိ တွေ့ရှိရတယ်။ အိမ်သုံးပိုးသန့်ဆေးတွေနဲ့ ကင်းစေအောင်လုပ်နိုင်တယ်။ ၁။ 62-71% ethanol အက်သနောလ်၊ ၂။ 0.5% hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် နဲ့ ၃။ 0.1% sodium hypochlorite Bleach solution ချွတ်ဆေးရည်ကို ဘလိခ်ျမှုန့် 5 tablespoons နဲ့ ရေတဂါလံ ရောမယ်။ တနည်းအားဖြင့် ဘလိခ်ျမှုန့် 4 teaspoons နဲ့ ရေတကွာတ။ ကိုရိုနာဗိုင်းရပ်စ် စာတွေ ပုံတွေ ဇယားတွေ ကာကွယ်နည်းတွေ ကုသနည်းတွေ လာမပို့ကြစေလိုပါ။ အဲတာတွေက မဟုတ်ပါဘူးဖြေရတာ အားနာတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂၀၂၀

တမာရွက်ပြုတ်ရည် ပါဆယ်ရမည်

Image
မင်္ဂလာပါ ဆရာ တမာရွက်က Covid19 ကို ပျောက်ကင်းစေပါသလား ကာကွယ်နိုင်ပါသလားခင်ဗျာ တမာရွက်ပြုတ် သောက်ရတယ်ဆိုပြီး နာမည်ကြီးနေလို့ပါ အဲလို မဟုတ်ကဟုတ်ကတွေအတွက် အချိန်ကုန် မခံနိုင်ပါ။ မှန်ကန်တဲ့အချက်အလက်တွေ နေ့တိုင်း တင်နေတယ်။ ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော့် အကောင့်မှာ ပြန်လည် ဖော်ပြခွင့်ပြုပါခင်ဗျာ ကျွန်တော့် မိတ်ဆွေတွေက တကယ်ထင်နေကြလို့ပါ တမာရွက်ပြုတ် ပါဆယ်ရောင်းနေသူတွေကို မေးပါရန်။ • ကြက်သွန်နီ ကုန်ပြီ • ကြက်သွန်ဖြူ မကျန်တော့ • တမာရွက်ပြုတ်ရည် ပါဆယ်ရမည် ဒေါက်တာတင့်ဆွေ

Free Bird ငှက်လွှတ်ခြင်း

Image
ငှက်လွှတ်နေကြတဲ့ ပုံတွေတွေ့ရလို့ ဘာလဲသိအောင် ဖတ်ရသေးတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ မဆိုင်တာတွေ့ရတယ်။ အဲတာထက်ကို အရေးကြီးပုံရတယ်။ ငှက်လွှတ်ခြင်းအလေ့ကို ယဉ်ကျေးမှုမတူတာတွေမှာ မတူတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ကြတယ်။ ဘုရားတွေမှာ ငှက်လွှတ်နည်းနဲ့ ပိုက်ဆံရှာကြတယ်။ တရုပ်လူမျိုးတွေမှာ ငှက်လွှတ်တဲ့ အလေ့အထပိုများတယ်။ ခဏနေတော့ လွှတ်လိုက်တဲ့ငှက် လှောင်အိမ်ထဲ ပြန်ရောက်လာတယ်။ ပိုက်ဆံပေးပြီး ငှက်လွှတ်တဲ့သူ ရှေ့မှာ။ အသေအချာ လေ့ကျင့်ပေးထားတာ။ တရုပ်ပြည်မှာ စစ်သုံးခွေးအစား ဘဲငန်းတွေကို သုံးလာကြတယ်။ လှောင်အိမ်ထဲကငှက်တွေ လွတ်မြောက်ကြပါစေသတည်း။ ပုံတွေတော့ လာမတင်ကြစေလိုပါ။ ခုလိုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ထက် အရေးကြီးတာ ဘာလဲမသိ။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂၀၂၀

Army transforms London’s ExCel centre into NHS Nightingale

Image
ကာကွယ်ရေး နှင့် ကျန်မာရေး နိုက်တင်ဂေးလ် ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် ယာယီဆေးရုံကြီးအဖြစ် စစ်တပ်ကနေ လုပ်ဆောင်ပေးပါသတဲ့။ ဗြိတိန်နိုင်ငံမှာ။ လန်ဒန်မြို့တော်မှာရှိတဲ့ ExCel centre ခေါ် ဧရာမပြပွဲခန်းမကြီးကို ကုတင် ၄၀၀၀ ဆံ့ဆေးရုံအဖြစ် ပြုပြင်လိုက်ပါတယ်။ NHS Nightingale ဖန်တီးပေးခြင်းကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဌာနတို့ ပူးတွဲဆောင်ရွက်ကြတယ်။ ယူနီဖေါင်းဝတ်တွေအတွက်သာ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂၀၂၀

သီချင်းပြောင်းသွားတဲနှစ်

Image
တော်လှန်ရေးစစ်ချီသီချင်း အသံတိတ်ပြီး ကိုရိုနာဗိုင်ရပ်စ်ပညာပေး အစားထိုးလိုက်ရတဲ့နှစ် တတိုင်းတပြည်လုံးနဲ့ ဆိုင်တယ်။ ကိုဗစ်-၁၉ က မျက်နှာမလိုက်ပါ။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂၀၂၀

ဆရာဝန်များ သူနာပြုများ

Image
၁။ First working NHS surgeon dies in UK from Covid-19 ကနေ့ ယူကေနိုင်ငံမှာ ဆူဒန်လူမျိုးဆရာဝန်တယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံပြီး သေဆုံးသွားတယ်။ ၂။ Italian nurse with coronavirus kills herself over fear of infecting others လွန်ခဲ့တဲ့ ၃ ရက်က အီတလီသူနာပြုဆရာမတယောက် သူများတွေကို မကူးစက်စေအောင်ဆိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။ မနေ့ကပဲ မြန်မာပြည်မှာ အိမ်ငှားနဲ့နေကြတဲ့ ဆရာဝန် သူနာပြုတွေကို အိမ်ရှင်တွေက နှင်ချဆိုတဲ့သတင်း ဖတ်ရတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို တရုပ်ဆရာဝန် ဒေါက်တာလီက စသိခဲ့ပြီး သူ့အသက်ပါ စဆေးခဲ့ရပါတယ်။ ရှေ့တန်းပြန်တွေလို ပန်းကုံးစွပ်သူ မရှိ၊ သပြေပန်းကမ်းသူမရှိကြပါတကား။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂၀၂၀

ပိန်းဥပြုတ်

Image
ကြိုက်ပါသည်။ မျိုးချစ်စိတ် မဟုတ်။ သွားက စားတာသာမက စကားလည်းပြောပါသည်။ ဆီဆမ်း ဆားဖြူး ကောင်းပါသည်။ တောသူတောသားတွေ လိုက်ခ်လုပ်အောင် ရေးတာမဟုတ်။ ဆီနဲ့ ဆားဟာ အခြေခံ။ တချို့က အခြေခံကို မေ့ထားပြီး အဆန်းတွေ လုပ်ကြသည်။ လက်ကို ဆပ်ပြာနဲ့ မဆေးပဲ ဆင်နီတိုက်ဇာနဲ့ဆေးပြီး ထမင်းစားနေကြသည်။ ပိန်းဥပြုတ်သည် ကိုရိုနာကာကွယ်ဆေးတော့ မဟုတ်။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂၀၂၀

စွယ်စုံ

Image
တခါတခါ ကွန်မင့်ကြတယ်။ စွယ်စုံရလို့။ ကျွန်တော်က နိုင်ငံရေးကို အရင်ရေးတယ်။ နိုင်ငံရးမှာ ပင်စင်မရတဲ့ အငြိမ်းစားဖြစ်ကတည်းက ကျန်းမာရေးစာတွေ ရေးတယ်။ မေးတာတွေဖြေတော့ သတ်ပုံတွေ သောက်သောက်လဲ မှားတာတွေ့ရလို့ သတ်ပုံစာလေးတွေပါ ရေးပြန်တယ်။ ဘာရေးရေး အထောက်အထား အကိုးအကား ထည့်တယ်။ နမူနာဓါတ်ပုံတွေ ပြတယ်။ သမိုင်းကြောင်းလည်း ပါရတယ်။ တခါတခါ ကဗျာ သီချင်းတွေတွေပါ တပိုင်းတစ ညှပ်ထည့်တယ်။ ကူးချတာပါ။ စွယ်စုံနာမဝိသေသန လာတော့တယ်။ ဘလော့မှာ စာဖတ်တဲ့အကြိမ်အရေအတွက် အခုစာရေးနေချိန်မှာ All Time 7301227 ရှိနေပြီ။ ဖေ့စ်ဘွတ်မှာ ပို့စ်တိုင်း လိုက်ခ် မရတာမရှိ။ အနည်းဆုံးတော့ ဆွေတွေမျိုးတွေက လိုက်ခ် လုပ်ကြပါတယ်။ ကျွန်တော့်ထက် အစွယ်ပိုစုံတာက ဖေ့စ်ဘွတ်သုံးတဲ့သူတွေ။ ဖရင်း ၅၀၀၀ အမြဲရှိနေပြီး၊ ဘလော့ရတာ ၆၀၀ ကျော်ပြီ။ အစုံပါတယ်။ ဆင်စွယ်သာမက တခြားအစွယ်တွေရော။ ကန်တော့။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂၀၂၀

ကိုရိုနာဗိုင်းရပ်စ်

Image
သတင်းတွေ စာရင်းတွေ ပုံတွေ လင့်တွေ ဗီဒီယိုတွေ ဘာတွေညာတွေအကုန် မိမိနေရာမှာသာ တင်ပါရန်။ ကျွန်တော့်နေရာမှာ လာမတင်ပါရန်။ အဲတာတွေ မမှန်ဘူးလို့ ပြောရတာ အားနာရတယ်။ ဒေါက်တာတင့်ဆွေ

Coronavirus ကိုရိုနာဗိုင်းရပ်စ် ကိန်းဂဏန်းများ

Image
ဆရာခင်ဗျာ ကိုရိုနား virus နဲ့ အသက် ၂ နှစ်အောက်ကလေး အကြောင်းသိချင်လို့ပါဆရာ • ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာ အသက်အရွယ်မရွေးပါ။ အခုထိလေ့လာချက်တွေအရ ကလေးတွေမှာ ကူးစက်တာ သိသိသာသာနည်းတယ်။ • လူရွယ်တွေလည်း နည်းတယ်။ ဒါပေမဲ့ နယူးယောက်မှာ လူ ၁၁၆၀ ယောက် ဆေးရုံတင်ရစဉ်က လူနာ ၄ ယောက်မှာ ၁ ယောက်ဟာ အသက် ၁၈ နှစ်ကနေ ၄၉ နှစ်ကြားအရွယ်တွေဖြစ်ကြတယ်။ • ယူအက်စ်အေ တပြည်လုံးမှာ အသက် ၂၀ နဲ့ ၅၄ ကြားကူးစက်ခံရသူ ၃၈% ရှိတယ်။ • စပိန်မှာ ဆေးရုံတင်လူးနာ ၁၈% ဟာ အသက် ၅၀ အောက်တွေဖြစ်တယ်။ • တောင်ကိုရီးယားမှာ အသက် ၅၀ အောက်က တဝက်ကျော်တယ်။ ၂၀ နဲ့ ၂၉ ကြာ အများဆုံး။ • ကလေး ၁၀ နှစ်အောက်က အနည်းဆုံး။ • လူရွယ်တွေမှာ ကူးစက်ခံရပြီး ရောဂါလက္ခဏာတွေဆိုးဆိုးဝါးဝါး ၂့၅% သာဖြစ်တယ်။ အသက်စိုးရိမ်ရအောင်ထိ ဆိုးတာ ၀့၂% သာရှိတယ်။ ဒါပေမဲ့ သူများတွေကို ကူးစက်စေနိုင်ကြတယ်။ ကူးစက်ခံထားရပြီးသူနည်းလေး နောက်ထပ်ကူးစက်ခံရမယ့်သူ နည်းလေ။ • အီတလီမှာ အသက် ၇၀ ကျော်တွေ ကူးစက်ခံရသူထဲမှာ ၄ ပုံ ၃ ပုံပါတယ်။ • လူကြီးတွေမှာ ရောဂါလက္ခဏာတွေဆိုးဆိုးဝါးဝါးဖြစ်ကြတယ်။ သေဆုံးတာလည်း များတယ်။ ဆောရီး။ Disease Estimated case fatality rate (CFR) သေဆုံးမှုနှုန်း နှိုင်းယှ