Culture အရေးထဲ

ညတိုင်း သန်ကောင်ကျော် ၁ နာရီ ၁ နာရီခွဲလောက်မှာ အိပ်ရာဝင်လေ့ရှိတယ်။ မနေ့ညက ၂ နာရီလောက်မှာ ဖုန်းလာတယ်။ နံပတ်က ၉၅ နဲ့စတာ မြန်မာပြည်က။ ဆွေမျိုးတွေဆီက မဟုတ်။

မနက်လင်းတာနဲ့ ကွန်မင့်တွေဖတ်၊ မေးတာတွေဖြေပါတယ်။ ဖေါင့်မတူတာ ပြန်ပြောရတာတွေ၊ ကလေး လူကြီး အသက် ကျား မ မပြောပဲ မေးတာတွေ၊ ဆေးစစ်ချက်ပုံမလို မှတ်ချက်စာကြောင်းသာလိုလို့ပြောတာ အရုပ်သာပို့သူက ပို့နေတယ်။

အသံဖိုင်ပို့တယ်။ ပို့တဲ့ကို အရုပ် အသံ ဗီဒီယို ဆုတောင်းစာ တရားစာ ဘာတခုမှ မပို့ပါရန်လို့ ၂ ခါ ပြောထားပြီးသား။

အသစ်ရေးစရာ ရေးပါတယ်။ ကိုရိုနာ သတင်းတွေ စာတွေ လင့်တွေ ပို့လာတယ်။ အခါတရာလောက် ပြောထားပြီးသား။

တိုင်းပြည် တိုးတက်ချင်ရင် စည်းကမ်းရှိရမယ်။ စဉ်းစားတွေးခေါ်တာ မှန်ကန်ရမယ်။ စာဖတ်တတ် ရေးတတ်ရမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး