Preexisting Conditions That Can Make It Harder to Fight Coronavirus

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းနှင့် ကိုယ်ခံကျန်းမာရေး

ဆရာရှင့် သမီးအသက်က ၂၄ ပါ အခုမေးချင်တာ သမီးကောင်လေးအတွက်ပါရှင့်  သူက အသက် ၃၆ ပါ ဆီးချိုရှိပါတယ် weight ကလဲ ပေါင် ၂၀ဝ ကျော်ပါတယ်  corona virus က ဘာလို့ ဆီးချိုရောဂါရှိသူအတွက် ပိုအန္တာရယ်များလဲ သိချင်လို့ပါရှင့် ပြီးတော့ တီဘီလဲ ဖြစ်ဖူးလို့ပါ။

တရုပ်ပြည်မှာ ဒီရောဂါဖြစ်စလောက်မှာ ရရှိတဲ့ကျန်းမာရေးအချက်အလက်တွေကို အခြေခံပြီး အမေရိကန် CDC က သုံးသပ်ထားတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲက ကူးစက်ရောဂါဒဏ် ပိုခံရနိုင်တဲ့ ရောဂါ ၅ မျိုးရှိတယ်။ သူများတွေထက် ပိုပြီးကူးစက်ခံရနိုင်တယ်လို့ပြောတာ မဟုတ်ပါ။ ကူးစက်ခံရရင်သာ ပိုဆိုးနိုင်တာ။

၁။ Heart disease နှလုံးရောဂါ၊
နှလုံးရောဂါဆိုတာ သွေးတိုး၊ ကိုလက်စထောများခြင်း၊ ဆီးချိုနဲ့ အဆုပ်မကောင်းတာတွေနဲ့ ဆက်စပ်နေတတ်တယ်။

၂။ Chronic respiratory disease နာတာရှည် အဆုတ်ရောဂါ၊
နာတာရှည် အဆုတ်ရောဂါထဲမှာ ပန်းနာ၊ အဆုတ်ဖိအားများခြင်း၊ အသက်ရှူလမ်းပိတ်ခြင်းတွေ ပါတယ်။

၃။ Diabetes ဆီးချို၊

၎။Depression စိတ်ကျရောဂါနဲ့

၅။ Anxiety စိုးရိမ်စိတ်လွန်ကဲခြင်း။

ဖြေပြီးပြီ။ ဖြည့်ဦးမယ်။ ကောင်လေး။ သူများတွေလည်း အဲလိုရေးကြတယ်။ ကောင်လေးဆိုသူအသက် ထည့်ရေးကြတာတော့ နည်းတယ်။ ကောင်လေးဆိုတာ အသက်အပိုင်းအခြားတော့ မရှိပါ။ ကိုယ့်ထက်ငယ်သူကိုသာ ခေါ်ရပါတယ်။ အခုမေးခွန်းမှာ ၂၄ နှစ်ရှိသူက ၃၆ နှစ်ရှိသူကို ကောင်လေးလို့ခေါ်ထားတယ်။

တခြားသူတွေလည်း အသုံးအခေါ်တွေ အတော်မှားကြတယ်။ အသက် ၂၀ အောက်ကိုသာ ယောက်ျားလေးခေါ်သင့်ပြီး အထက်ကို အမျိုးသား ခေါ်သင့်တယ်။

အသက် ၂၀ အောက်ကိုသာ မိန်းကလေးခေါ်သင့်ပြီး အထက်ကို အမျိုးသမီး ခေါ်သင့်တယ်။ သွေးဆုံးပြီးသူတွေကလည်း မိန်းကလေးတဲ့။ ကန်တော့။

မိန်းမဆိုတာ ဇနီး။ ကိုယ့်ယောက်ျားကို ခင်ပွန်းလို့သုံးတာက ပိုပြီးယဉ်ကျေးတယ်။

မေးခွန်းကို နမူနာအဖြစ်သုံးရလို့ ဆောရီး။

အရင်ကအဲလိုတွေ မမှားကြပါ။ မြန်မာစာ မြန်မာစကား ကျန်းမာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး