Coronavirus and Weapon of Biological Warfare ကိုရိုနာဗိုင်းရပ်စ် နှင့် ဇီဝလက်နက်ဆိုတဲ့သတင်း

မင်္ဂလာပါဆရာ COVID-19 နဲ့ပတ်သတ်လို့ သတင်းတွေတော်တော်များများကို ဖတ်မိပါတယ် ဆရာတင်တဲ့ post များကိုလည်း သေချာဂရုစိုက်ဖတ်မိပါတယ်ခင်ဗျ COVID-19 သတင်းနဲ့ပတ်သတ်လို့ စိတ်ထည်းမှာ ရှုပ်ထွေးနေတာတခု ရှိပါတယ် COVID-19 ဟာ တရုတ်ရဲ့ biological weapons ဖြစ်တယ်ဆိုတဲ့ သတင်းပါအခုလက်ရှိဖြစ်နေတဲ့အခြေနေအရ မှန်သလား မှားသလားဆိုတာ ဝေခွဲရခတ်နေပါတယ်ဆရာ ဒီသတင်းနဲ့ ပတ်သတ်လို့ ဆရာရဲ့အမြင်လေးကို မျှဝေစေခြင်ပါတယ်

ဘီဘီစီ
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်များလို့ ဘီဘီစီအင်္ဂလိပ်ပိုင်းမှာ တင်ထားတယ်။ ဂျင်း၊ ကြက်သွန်ဖြူ၊ YouTuber Jordan Sather ဆိုတာ၊ အိမ်မှာလုပ်တဲ့ လက်ဆေးရည်၊ ငွေနဲ့ဖေါ်တဲ့ဆေးရည်၊ ရေကို ၁၅ မိနစ်တခါ သောက်ပါ၊ အပူလှုံပါ ရေခဲရှောင်ပါ။ အဲတာတွေအကုန် မှားတယ်။

အီရန်
အီရန်မှာလည်း မြန်မာပြည်လိုပဲ ကိုရိုနာဗိုင်းရပ် သတင်းမှားတွေ ဖြန့်နေကြတယ်။ လူလိမ်တွေပေါတဲ့ တိုင်းပြည်တွေ။

Covid-19 လူနာ ၃၈၈ ယောက်ရှိပြီး သေဆုံးသူ ၃၄ ယောက်ရှိပြီ။ တရုပ်ပြည်ပြီးရင် သေဆုံးမှု အများဆုံး။ ဘီဘီစီ ပါရှန် သတင်းထောက်အဆိုအရ သေဆုံးသူ ၂၁၀ ရှိနိုင်သတဲ့။ အဲဒီနိုင်ငံမှာ စာအတုတွေ။ တာဝန်ရှိသူတွေကို မမှန်တဲ့ ပြစ်တင်မှုတွေ၊ ထင်ကြေးတွေ၊ အလွဲတွေဖြန့်နေကြတယ်။ ဆေးရုံသုံးပစ္စည်းတွေမှားသတဲ့။ ဆိုရှယ်မီဒီယားမှာ အတော်ကို လွဲမှားတဲ့ ပို့စ်တွေကလည်း တင်ကြပါသတဲ့။ ကျန်းမာရေးဝန်ကြီး Saeed Namaki နာမာကီ နုတ်ထွက်စာတင်တယ်လို့ လိမ်ရေးတယ်။ ကျန်းမာရေးဝန်ကြီးက ကူးစက်သူတွေကို သီးခြားခွဲထားရန်မလိုလို့ပြောတဲ့  အသံဖိုင်အတုတွေလည်း လုပ်ကြတယ်။ လူaygif; တသန်းကူးစက်ခံရတာသေချာပြီး လူ ၁၄၀၀ သေတယ်လို့ ဝန်ကြီးအသံနဲ့ အတုလုပ်ကြတယ်။

အမျိုးသမီးနဲ့ မိသားစုရေးရာ ဒုတိယဥက္ကဋ္ဌ Masoumeh Ebtekar မက်ဆိုးမက် အီဘက်ကာ ကူးစက်ခံထားရတယ်လို့ ဆေးရုံကုတင်ပေါ်မှာ ပုံအတုနဲ့ လိမ်တယ်။ အဲဒီပုံအစစ်က ၂၀၁၄ တုန်းက ကားမတော်တဆဖြစ်စဉ်က။

ကာကွယ်နည်းအတုတွေ ကုသနည်းအတုတွေ လုပ်ကြတယ်။ Khabar Online ခါဘာ အွန်လိုင်းမီဒီယာကနေ ဗနီဂါ သောက်ပါ။ နှင်းဆီရေ သောက်ပါတဲ့။ ကုံကမံရည်သောက်နေပုံ၊ သစ်ကြံပိုးခေါက်ရည်သောက်နေပုံ၊ မန်ကျီးမှည့်ရည် သောက်နေပုံ၊ နနွင်းရည်သောက်နေပုံတွေ ပါတယ်။ နောက်တမျိုးက စွန်ပလွန်သီးစားပါတဲ့။ အီရန်-ဂျာမန် ဦးနှောက်နဲ့ အာရုံကြောဆရာဝန် Majid Samii က ပြောတာတဲ့။ လိမ်တာ။

မင်းသမီး Behnoush Bakhtiari ဘခါတီက သူ့ အင်စတီဂရမ် ဖေါ်လိုဝါ ၁့၈ သန်းကို ဗီဒီယိုကနေ တိုင်းရင်းဆေးနည်း ညွှန်လို့ ပြစ်တင်ဝေဘန်ခံရတယ်။ အဲတော့မှ မင်းသမီးက သူပြောခဲ့တာကို လျောချသွားတယ်။

Ali Akbar Raefipour ရေဖီပူးဝါး တိုသူက အကြံအဖန်သီအိုရီတင်ပြတယ်။ hybrid warfare ဟိုက်ဘရစ်စစ်ဆင်ရေးတဲ့။ အမေရိကန်က အီရန်ကို တိုက်ခိုက်တာတဲ့။ ဇီဝစစ်ဆင်ရေးတဲ့။ အဲတာကို မြန်မာဘာသာပြန်တင်တာတွေ တွေ့ပါတယ်။

အီရန်ဆိုက်ဘာရဲအရာရှိ Vahid Majid ဗာဟစ်မဂျစ်အဆိုအရ ၂၄ ယောက်ကို ဖမ်းထားပါသတဲ့။ ကောလာဟလဖြန့်သူ ၁၁၈ ယောက်ကို သတိပေးထားပါသတဲ့။

ရုရှား
၂၇-၃-၂၀၂၀ နေ့က ရုရှားရဲ့ ထပ်တန်း ကိုရိုနာဗိုင်းရပ်စ်သတင်းလိမ်များစာ ရေးထားတယ်။ အဲတာကို တရူပ်ပြည်မှာ ချဲ့ကားပြီး တွစ်တာမှာ ရေးကြတယ်။

ဇီဝလက်နက်ဆိုတဲ့ ရုရှားဝဘ်ဆိုက်က သတင်းအတုတွေကို ဆိုရှယ်မီဒီယာတွေမှာ   ရှယ်တဲ့သူတွေ များတယ်။
1. Scientists: coronavirus is weapon of biological warfare ဇီဝလက်နက်ဆိုတဲ့ သတင်းကို 11,210 ရှယ်ယာလုပ်ပါသတဲ့။
2. Sergey Glaziev: coronavirus - artificially created biological weapon ကို 6,567 ရှယ်ယာလုပ်ပါသတဲ့။
3. The coronavirus Covid-19 pandemic: the real danger is Agenda ID2020 ကို 2,733 ရှယ်ယာလုပ်ပါသတဲ့။
4. Is coronavirus an American weapon of biological warfare as Francis Boyle believes? ကို 2,250 ရှယ်ယာလုပ်ပါသတဲ့။
5. Coronavirus, a weapon that fell from the sky for the United States in its fight against China? ကို 2,236 ရှယ်ယာလုပ်ပါသတဲ့။

နိဂုံး
၂၅-၃-၂၀၂၀ နေ့ကသတင်းမှာ COVID-19 ဟာ ဇီဝလက်နက်လို့ထင်ပါသလားလို့ အစ်ဇရေးသိပ္ပံပညာရှင်ကို မေးတော့ အသက် ၇၀ ကျော်တွေကို အများဆုံးသေစေတဲ့ ဇီဝလက်နက်မျိုး ထုတ်လိမ့်မယ်လို့ လူကြီးမင်းက ယုံကြည်ပါသလားလို့ ပြန်မေးပါသတဲ့။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး