မခိုင်မာတာတွေ လွဲချော်တာတွေ မမှန်တာတွေ လိမ်ညာတာတွေ

အိုသွေးသမားတွေက ဗိုင်းရပ်စ်ပိုးအတော်များများကို ခံနိုင်စွမ်းရှိပြီး ကာကွယ်နိုင်စွမ်းရှိသူတွေလို့ ဆေးဂျာနယ်မှာ ဖတ်ရပါတယ်။ ဟုတ်ပါသလား

ဆေးဂျာနယ်ဆိုတာ ဘာလဲ။ တနေရာမှာ အေသွေးဆိုတာ တွေ့သေးတယ်။ မတွေ့မိတာတွေက ဝိုင်သွေးတို့ ဇက်သွေးတို့ ဖြစ်နိုင်တယ်။

မခိုင်မာတာတွေ လွဲချော်တာတွေ မမှန်တာတွေ လိမ်ညာတာတွေကို ပြန်ဖြေနေရခြင်းက ကျွန်တော့်အချိန် သုံးပုံတပုံလောက် ကုန်စေတယ်။

အဲတာတွေကို အဟုတ်မှတ်ထင်မိလျှင် မှန်တာကို မသိသူ ဖြစ်သွားနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး