Coronavirus ကောင်းတာကို ကြံဖန်ရှာခြင်း

လက်ဖက်ရည်ဆိုင်ထိုင် ပြည်တွင်းဖြစ် ယဉ်ကျေးမှု အနားရနေသည်။
လက်ဆွဲနှုတ်ဆက်ခြင်း အင်ပို့တက် ယဉ်ကျေးမှု ဘရိတ်ပေးခံနေရသည်။
ရွာရိုးကိုးပေါက် အတင်းလည်ပြောသူ ခြေထောက်ယားနေသည်။
ပွဲကြိုက်ခင် မနေတတ်မထိုင်တတ်ဖြစ်နေပြီ။
လည်ပင်းဖက် သူငယ်ချင်း ကွေကွင်းသွားပေပြီ။
လမ်းပေါ်အမှိုက်ချတဲ့ အလေ့အထ ခေတ္တအနားရနေသည်။
ဆပ်ပြာနဲ့ခြိမ်းခြောက်ခံခဲ့ရတဲ့ မီးနေသယ် သတ္တိမွေးနေပြီ။
လက်မဆေးပဲနေခဲ့တဲ့ တကိုယ်ရေ မသန့်ရှင်းမှု ပပျောက်သွားနိုင်သည်။
အာရောဂျံဟူသည် ကိုရိုနာသာဖြစ်တော့သတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ